ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး ဒေါက်တာတင်မျိုးဝင်း ပြန်လည်စစ်ဆေးခွင့်ရ။..။


ယနေ့နေ့လည်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကို နှစ်ရှည်လများ ကြည့်ရှုစစ်ဆေးခဲ့တဲ့ ဒေါက်တာတင်မျိုးဝင်း ကပြန်လည်ကြည့်ရှု စစ်ဆေးခွင့်ရခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

....ဒီနေ့နေ့လည်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကို ....ဒေါက်တာတင်မျိုးဝင်းက ပြန်လည်ကြည့်ရှု စစ်ဆေးခွင့်ရတယ်လို့ သိရပါတယ်....။ ...ညနေ၅နာရီလောက်က ဒေါက်တာတင်မျိုးဝင်းနဲ့ အန်ကယ်တွေ့ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးတော့ ကောင်းပါတယ်။ ...ဒါပေမယ့် Pressure နည်းနည်းကျတယ်လို့... ပြောပါတယ်။.. အစားအသောက်ကြောင့် လို့ပြောပါတယ်။ ပို့ပေးတဲ့အစားအသောက်တွေမှာ အာဟာရဖြစ်စေဖို့နဲ့ ကျန်းမာရေးအတွက် နည်းစံနစ်ကျတဲ့ အစားအသောက်တွေဖြစ်ဖို့ လိုတယ်လို့ပြောပါတယ်။ .. နောက်ပိုင်းမှာလည်း ဒေါက်တာတင်မျိုးဝင်းပဲ ကြည့်ရှု စစ်ဆေးခွင့် ရမရ ဆိုတာတော့မသိရသေးပါဘူး။....ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

သြဂုတ်လ ၁၁ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ပြန်လည်ကျခံရချိန်မှ စ၍အာဏာပိုင်များမှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကိုပုံမှန် စစ်ဆေးပေးနေကျ ဆရာဝန်ဒေါက်တာတင်မျိုးဝင်း အစား တခြားအမျိုးသမီးဆရာဝန် တဦးနဲ့အစားထိုး ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မှ မိမိကို နှစ်ရှည်လများ ပုံမှန်ကျန်းမာရေးကို ကြည့်ရှုစစ်ဆေးပေးခဲ့တဲ့ ဒေါက်တာတင်မျိုးဝင်းနဲ့ ပြန်လည်ကြည့်ရှု စစ်ဆေးခွင့်ပြုရန် အာဏာပိုင်များထံ တောင်းဆိုခဲ့ပါတယ်။....။

သတင်း..ဒီမိုဝေယံ
20SEP,2009