ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရပ်ကွက်ဥက္ကဌ ( ကြံ့ဖွတ်စည်းရုံးရေးမှုး ) ၏ စီးပွားရှာပုံ။..။


မြ၀တီမြို့သည် ထိုင်း၊ မြန်မာနယ်စပ်မြို့ဖြစ်၍ အနယ်နယ်၊ အရပ်ရပ်မှ လာရောက်အလုပ်လုပ်ကိုင် အခြေချနေထိုင်မှုကြောင့် လူဦးရေများပြားပြီး စည်ပင်သာယာသော မြို့တစ်မြို့ဖြစ်ကာ မြ၀တီမြို့၏ လူနေထူထပ်သော ကြံခင်း အမှတ် ( ၃ ) ရပ်ကွက်တွင် စည်ပင်သာယာမှ အုပ်ချုပ်မှုမရှိသော ကြံခင်းဈေးရှိပြီး ထိုဈေးကိုအမှတ် ( ၃ ) ရပ်ကွက် ဥက္ကဌ ( ကြံ့ဖွံ့စည်းရုံးရေးမှုး ) ရွှေတင် မှ အုပ်ချုပ်ကိုင်တွယ်၍ စီမံခန့်ခွဲပါသည်။

၎င်းဈေးတွင် ဆင်းရဲသား လက်လုပ်လက်စားအများစု ရောင်းဝယ် ဖောက်ကားသော ဈေးဖြစ်သည်နှင့်အညီအမှတ် ( ၃ ) ရပ်ကွက် ဥက္ကဋ္ဌ ( ကြံ့ဖွံ့စည်းရုံးရေးမှုး ) ရွှေတင် မှတပည့်များမွေးကာ ပျံကျသားငါးအရောင်းတန်းတွင် မိမိသဘောဖြင့် ဆိုင်ခန်းဆောက်လုပ်၍ တခန်းလျှင် တစ်သိန်းခွဲတန်၊ တစ်သိန်းတန်၊ နှစ်မျိုးခွဲပြီး ကိုယ်ကျိုးစီးပွားအတွက် ရောင်းချကာ ကုန်စိမ်း၊ မုန့်ပဲသရေစာများရောင်းချသော နေရာများတွင် အဓမ္မဆိုင်နေရာသိမ်းခြင်း၊ သိမ်းပြီးနေရာအား တပည့်များမှတဆင့် ၀မ်းစာအတွက်ဈေးရောင်းသော ဆင်းရဲသားများအား ရောင်းချခြင်း၊ ဌါးရမ်းခြင်းများပြုလုပ်၍ ဈေးအတွင်း ကုန်စိမ်း၊ ကုန်ခြောက်၊ မုန့်ပဲသရေစာ ဆိုင်ပေါင်း ၃၀၀ ကျော်အား ဈေးကောက်ကောင်ခြင်းအပြင် အမှတ် ( ၃ ) ဥက္ကဌ ( ကြံ့ဖွံ့စည်းရုံးရေးမှုး ) ရွှေတင်မှ သန့်ရှင်းရေးကြေး ၁၀၀ ကျပ်၊ ဈေးပြုပြင်ရေးအတွက် ၁၀၀ ကျပ် ကို ၂၀၀၆ ခုနှစ်မှ ၃၁.၈.၂၀၀၉ အထိကောက်ခံခဲ့ပါသည်။

အများပြည်သူ့ပိုင်ငွေများအား ဘဏ်တွင်လည်းအပ်နှံခြင်းမရှိ၊ မည်သည့်ဈေးအတွင်း
ပြုပြင်မှု လည်းမရှိဘဲ ကိုယ်ကျိုးအတွက် တပည့်များနှင့်ခွဲဝေသုံးစွဲပြီး ၁.၉.၀၉ မှစ၍ ဈေးအတွင်းရှိ ဈေးသူ
ဈေးသားများကို ၅ လပိုင်း မေလ မှစ၍ ငွေကောက်ခံကြောင်း ဘယ်သူမေးမေး ပြောရမည်။ လျှာရှည်ပါက
ရပ်ကွက်အတွင်း ဧည့်စာရင်းပိတ်မည်၊ ဓါတ်ပုံရိုက်ပြီးတရားစွဲမည်ဟု ဈေးသည်များအား လိုက်လံပြောဆို
ခြိမ်းခြောက်ပါသည်။ ဈေးသူဈေးသားများထံမှ ကောက်ခံထားသော ငွေများမှာ သိန်းပေါင်း ၆၀၀ ခန့်ရှိပြီး ထို
ငွေများကို စာရင်းမဲ့လုပ်ချင်တိုင်းလုပ်ပြီး ( ၁.၉.၀၉ ငွေမကောက်တော့ပါ ) ခြိမ်းခြောက်မှုအမျိုးမျိုးနှင့် ဖိစီး
ဆောင်ရွက်ခြင်း အများပြည်သူပိုင်ငွေများကို အလွဲသုံးစားပြုခြင်းကို မြို့နယ်ခရိုင်တာဝန်ရှိသူများမှ မျှဝေ
ယူကာ မသိဟန်ဆောင်နေ၍ ဆင်းရဲသား တဗန်း၊ တရွက် ရောင်းချသော ဈေးသည်များအတွက် လွန်စွာ
ဆုံးရှုံးမှုသာ ဖြစ်သည်ဟု ဈေးသူဈေးသားများမှ ပြောဆိုနေကြပါသည်။

မြဝတီဈေးသည်။..။