ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဒေါ်အောင်ဆန်းစုကြည်မှ SANCTION နှင့်ပတ်သတ်၍ စဉ်းစားထားသည့် အချက်များ ဗိုလ်ချုပ်မှုးကြီးထံ စာပေးပို့မည်။..။

၁၉၉၅ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေကြီးဦးဥာဏ်ဝင်း တွေ့ဆုံစဉ်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ Sanction နှင့်ပတ်သတ်၍ စဉ်းစားထားသည့် အချက်များအား ဗိုလ်ချုပ်မှုးကြီးသန်းရွှေထံ စာပေးပို့မည် ဖြစ်ကြောင်း ဒီကနေ့ နေ့လည်၂နာရီမှ ၃နာရီအထိ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။

...ဒီကနေ့ အန်ကယ် နေ့လည် ၂နာရီကနေ ၃နာရီ အထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေခွင့်ရခဲ့ပါတယ်။ ...တွေ့ဆုံခဲ့တာတော့ အန်ကယ်တဦးထဲပါ။...စာကြမ်း၂ခု ယူသွားခဲ့ပါတယ်။ ပထမတခုက ဒေါ်အောင်ဆန်းစုကြည် အပေါ်ချမှတ်ထားတဲ့ စည်းကမ်းချက် (၈)ချက်ထဲက မရှင်းလင်းတာတွေ၊ အယူအဆ လွဲနိုင်တာတွေ၊ အဓိပ္ပါယ်နှစ်ခွဖြစ်နေတာ တွေကိုရေးပြီးတော့ ပြည်ထဲရေးဝန်ကြီးဋ္ဌာန ကိုတင်ဖို့ပါ။ ..

....ဒုတိယစာကြမ်းကတော့ ...မြန်မာနိုင်ငံအပေါ် Sanction ချမှတ်ထားတာနဲ့ ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကသုံးသပ် စဉ်းစားထားတဲ့ စာကို ဗိုလ်ချုပ်မှုးကြီးသန်းရွှေကို ပေးပို့ဖို့ အတွက် ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က လတ်မှတ်ရေးထိုး ပေးလိုက်ပါတယ်။ စာပါအကြောင်းအရာကို အခုအချိန်မှာ ပြောလို့မရ သေးပါဘူး။ ပေးပို့ပြီးတဲ့ အခါမှ ပြောပြနိုင်ပါမယ်။ ဒီစာဟာ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီကို ပေးပို့တဲ့ ပထမဦးဆုံး စာလည်းဖြစ်ပါတယ်။....ဟုဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။

အထက်ပါ အကြောင်းအရာများနှင့် ပတ်သတ်၍ စကားလုံးအသုံးအနှုန်းများ မှားယွင်းဖော်ပြမိပါက ကျွန်ုပ်၏ ချို့ယွင်းမှုသာ ဖြစ်ပါကြောင်း......

သတင်း..ဒီမိုဝေယံ။..။