ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဒေါ်အောင်ဆန်းစုကြည် SANCTION နှင့်ပတ်သတ်၍ စဉ်းစားထားသည့် အချက်များ အာဏာပိုင်များကို တင်ပြမည်။..။


ဒီနေ့ နေ့လည်၂နာရီမှ ၄နာရီအထိ ဒေါ်အောင်ဆန်းစုကြည် နှင့် အကျိုးဆောင်ရှေ့နေများ တွေ့ဆုံခွင့် ရခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။

....ဒီနေ့အန်ကယ် တို့နေ့လည်၂နာရီကနေ ၄နာရီအထိ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ အဓိကကတော့ အောက်တိုဘာ ၂ရက်နေ့မှာ ချမှတ်မယ့် အယူခံကိစ္စတွေ... ဆွေးနွေးဖြစ်ပါတယ်။ ဘယ်လိုအမိန့်ချမှတ်မယ် မသိပေမယ့် ချမှတ်မယ့် အမိန့်တွေကို ...ရင်ဆိုင်ပါမယ်။..

....နောက်တချက်က ဒေါ်အောင်ဆန်းစုကြည် အပေါ်ချမှတ်ထားတဲ့ စည်းကမ်းချက် (၈)ချက်ထဲမှာ အဓိပ္ပါယ်၂မျိုး ထွက်နေတာတွေ ရှင်းရှင်းလင်းလင်း မရှိတာတွေကို.... သက်ဆိုင်ရာ အာဏာပိုင်တွေကို တင်ပြဖို့အတွက် ဆွေးနွေးခဲ့ပါတယ်။...

...နောက်တခုကတော့ မနေ့ကပြောခဲ့တဲ့ အမေရိကန် အစိုးရရဲ့ ပေါ်လစီအသစ်.... နည်းလမ်းနှစ်သွယ်ဖြစ်တဲ့ ပိတ်ဆို့အရေးယူမှုနဲ့ ပိုမိုပြီးထိတွေ့ဆက်ဆံမှု ....ဆိုတဲ့အချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံတယ်လို့ ပြောပါတယ်။.... ဒါပေမယ့် ထိတွေ့ဆက်ဆံမှု ဆိုတာနဲ့ပတ်သတ်ပြီး အစိုးရရော၊ အတိုက်အခံနဲ့ရော ထိတွေ့ ဆက်ဆံဖို့လိုတယ်လို့ ပြောပါတယ်။

.... နောက်ဆုံးတခုကတော့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်မှာ ပိတ်ဆို့မှုတွေ(SANCTION) ပတ်သတ်ပြီး ပယ်ဖျက်အောင်စဉ်းစားထားတဲ့ အချက်တွေကို အာဏာပိုင်များကို တင်ပြသွားမယ် ပြောပါတယ်။

...ဘယ်လို SANCTION တွေလဲ၊ ပြည်သူတွေ ထိခိုက်တယ်ဆိုတာ ဘယ်လောက်ထိ ရှိတယ်၊ SANCTION ချမှတ်တဲ့
သက်ဆိုင်ရာ နိုင်ငံအစိုးရရဲ့ သဘောထား စတာတွေကို သိရှိဖို့လိုတယ် ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အာဏာပိုင်တွေကို တင်ပြမယ့် စဉ်းစားထားတဲ့ အချက်တွေကို စာရေးတင်ပြဖို့ အန်ကယ်တို့ကို မှာလိုက်ပါတယ်။ အခုအချိန်တော့ မပြောပြနိုင်သေးပါဘူး ။ ရက်ပိုင်းအတွင်း အမြန်ဆုံး တင်ပြနိုင်ဖို့ လုပ်နေပါတယ်။ တင်ပြပြီးရင် ပြောပြနိုင်ပါမယ်။...

...ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်ပါတယ်။ ....PRESSURE ကျတာကတော့ မကြာမကြာ ဖြစ်တတ်တယ်လို့ ပြောပါတယ်။ အစားအသောက်လည်း အဆင်ပြေတယ် ပြောပါတယ်။..ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က အကျိုးဆောင်ရှေ့နေများမှ အယူခံအမိန့် မချမီ ပြင်ဆင်စရာ တွေပြင်ဆင်နိုင်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရဖို့ တောင်းဆိုခဲ့ပြီး ယနေ့ နေ့လည်မှာ တွေခွင့် ရခဲ့ခြင်းဖြစ်ပါတယ်။...။

သတင်း..ဒီမိုဝေယံ