ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ကော့သောင်း ပုလုံးတုံးတုံးကျွန်း တံငါရွာလေးမှ စည်ပင်ဝန်ထမ်း ဒေါ်ကေသွယ်၏ မတရားကိုယ်ကျိုးရှာမှု.... နောက်ဆက်တွဲသတင်း...

ယခင်တိုင်စာ http://www.demowaiyan.co.cc/2010/08/blog-post_5034.html စည်ပင်ဝန်ထမ်း ဒေါ်ကေသွယ်လွင်နှင့် ပတ်သတ်ပြီး ကော့သောင်း တာဝန်ရှိသူများ၏ အရေးယူ ဆောင်ရွက်ပေးမှု မရှိသည်ကို တွေ့ရှိရပါသည်။ ဒေါ်ကေသွယ်လွင်(စည်ပင်ဝန်ထမ်း)မှာ ရွာသူရွာသားများ အပေါ်တွင်လည်း ရိုင်းစိုင်းမောက်မာစွာ ဆက်ဆံပြောဆိုလာပါသည်။

ငါဟာဝန်ထမ်းဖြစ်တယ် နင်တို့ရွာကိုေ-ာက်ဂရုစိုက်စရာမလိုဘူး ဟူသော စကားမှာ ရွာထဲတွင် ပေါ်ပျူလာ အဖြစ်ပြောဆိုနေကြပါသည်။ ကျေးရွာကို စော်ကားခြင်းဖြစ်ပါသည်။ ၀န်ထမ်းတစ်ယောက် ဆိုသော်ငြားလည်း ဒေါ်ကေသွယ်လွင်သည် ဝန်ထမ်းအရေခြုံထားပြီး တရားမ၀င် (၂ )လုံး (၃)လုံးဒိုင် (ဒိုင်ကြီး) အဖြစ် ဥပဒေနှင့် မလွတ်ကင်းသော ပြင်ပစီးပွားရေးလုပ်ငန်း လုပ်ကိုင်နေပါသေးသည်။ လက်ရှိမျက်မြင် ဒေါ်ကေသွယ်လွင် ပိုင်ဆိုင်မှုများမှာလည်း (၂)ထပ်တိုက်တစ်လုံးနှင့် ဆလွန်းကားတစ်စီး ပိုင်ဆိုင်ထားပါသည်။

လက်ရှိရွာတွင် လုပ်ကိုင်နေသော မီးစက်နှစ်လုံးကို ကြံ့ဖွံ့အမည်ခံဖြင့် ရေလုပ်သားရွာသူရွာသားများအပေါ်တွင် ဓာတ်အားခကျသင့်ငွေများကို ထိုင်းဘတ်ငွေဖြင့်သာ မတရားကောက်ခံပါသည်။ ထိုသိုဝန်ထမ်းအရေခြုံ မတရားစီးပွားရေးသမား လောင်းကစားဒိုင် လုပ်ကိုင်နေသည်ကို သက်ဆိုင်ရာတာဝန်ရှိသူများမှ အရေးယူ ဆောင်ရွက် ပေးနိုင်ရေးအတွက် သိသာထင်မြင်စေရန် ယခုရောက်ရှိနေရာမှ မိမိရပ်ရွာအကျိုး သယ်ပိုးသောအားဖြင့် တင်ပြပေးလိုက်ရပါသည်။

ကော့သောင်းသား။