ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဖေဖော်ဝါရီလ (၁၂)ရက်နေ့ အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ (၆၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား... (သတင်း၊ ဓာတ်ပုံ၊ ရုပ်သံ)

အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ (၆၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့ မိန့်ခွန်း...


ယနေ့ ဖေဖော်ဝါရီလ (၁၂)ရက်နေ့ (၆၄)နှစ်မြောက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ ပြည်ထောင်စုနေ့ အခမ်းအနား... 

ယနေ့ ကျရောက်တဲ့ ၆၄နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအား နံနက်(၁၁)နာရီမှာစတင် ကျင်းပပြလုပ်ပါတယ်။ အခမ်းအနားသို့ ဥက္ကဌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးအောင်ရွှေလည်း တက်ရောက်ခဲ့ပါတယ်..။ အဖွဲ့ချုပ် (ဒု)ဥက္ကဋ္ဌ ဦးတင်ဦးမှ အဖွင့်အမှာ စကားပြောကြားခဲ့ပါတယ်။ အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်မှ ပြည်ထောင်စုနေ့ ကျင်းပရခြင်း အကြောင်းအား ရှင်းလင်း ပြောကြားခဲ့ပါတယ်။ အဲ့ဒီနောက် တက်ရောက်လာကြတဲ့ တိုင်းရင်းသားများမှ  အသီးသီး အမှာစကားများ ဆက်လက်ပြောကြားကြပါတယ်။ ဆက်လက်ပြီး တက်ရောက်လာကြတဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားများမှ တိုင်းရင်းသားရိုးရာအကများနှင့် ဖျော်ဖြေဧည့်ခံကြပြီး  အဖွဲ့ချုပ် အဖွဲ့ဝင်လူငယ်များမှ တေးသီချင်းများနဲ့ တင်ဆက် ဂုဏ်ပြု ဖျော်ဖြေသွားခဲ့ကြပါတယ်။
ဓာတ်ပုံ
ဒီမိုဝေယံ