ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

စစ်အုပ်ချုပ်ရေး (၂၃)နှစ်တာ ကာလပြီးနောက် ပေါ်ပေါက်လာမည့် အရပ်သားအစိုးရသစ်နှင့် အနာဂါတ်မြန်မာနိုင်ငံ..

စစ်အုပ်ချုပ်ရေး (၂၃)နှစ်တာ ကာလပြီးနောက် ပေါ်ပေါက်လာမည့် အရပ်သားအစိုးရသစ်နှင့် အနာဂါတ်မြန်မာနိုင်ငံ

စုစည်းတင်ပြသူ-သန့်မျိုးထွေး(မိုးသောက်ကြယ်)
ဝန်ကြီးချုပ်သိန်းစိန်ဘဝက ထီးတော်အမိုးမခံရတဲ့ ဘဝ... (ဖွတ်ကအထက် ကြံ့ကအောက်ဆိုသလို)
ဖြုတ်ချခံရသူ ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်က ဒီပဲယင်းအရေးအခင်းအပြီး လူထုအုံကြွမှုများ မဖြစ်စေရေးနှင့် ကမ္ဘာသိ လူ့အခွင့်အရေး ချိုးဖောက်မှုကြီးကို အာရုံလွှဲရန်အတွက် လမ်းပြမြေပုံ(၇)ချက်ကို ရန်ကုန်ရှိ ပြည်သူ့လွှတ်တော်ဟောင်းတွင် ရှင်းလင်းပြခဲ့သည်။ အမှန်တကယ်ပဲ ဒီမိုကရေစီကျင့်စဉ်နှင့် အညီတိုင်းပြည်ကို တစ်မဟုတ်ချင်း ဖွံ့ဖြိုးတိုးတက်တော့မည့် သယောင် ပြောဆိုခဲ့သည်။ လမ်းပြမြေပုံပါ အချက်များအတိုင်း အမျိုးသားညီလာခံကို ၂ဝဝ၃ တွင် ပြန်လည်ကျင်းပပြီး ၂ဝဝ၇ ခုနှစ်တွင် ပြီးစီးခဲ့သည်။ စတင်ချိန် ၁၉၉၆ ခုနှစ် မှစ၍ ၂ဝဝ၇ ခုနှစ်အထိ ကျင်းပဆွေးနွေးချိန် ၁ဝ နှစ်ကျော် ကြာမြင့်ခဲ့ပြီး စစ်အစိုးရအာဏာ သိမ်းပြီးပြီးခြင်း ကျင်းပပေးခဲ့သည့် ၉ဝ ရွေးကောက်ပွဲ အနိုင်ရ အန်အယ်လ်ဒီပါတီ မပါဝင်ခဲ့ပေ။

''ညီလာခံပြီးသွားပေမယ့် တိုင်းပြည်အတွက်ကျနော်တို့ မျှော်လင့်တဲ့ ဒီမိုကရေစီနိုင်ငံကိုသွားမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်လာမယ့် အနေအထားမရှိတော့ လက်ရှိအတွက်ရော၊ အနာဂတ်အတွက်ပါ တိုင်းပြည်အခြေအနေ ပိုပြီးဆိုးလာမယ်လို့မြင်တယ်''ဟု ၉ဝ ရွေးကောက်ပွဲမှ အနိုင်ရပါတီများ၏ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီဝင် ဦးအေးသာအောင်က ညီလာခံကို ပြတ်ပြတ်သားသား သုံး သပ် ပြောဆိုလိုက်သည်။ တဖန် ၂ဝဝ၈ ခုနှစ်တွင် မြန်မာ့သမိုင်း၌ တခါမျှ မဖြစ်ပေါ်ဖူးသေးသည့် ဆိုးရွားသော ရာသီဥတုဘေးဒဏ် ကျရောက်ပြီးချိန်တွင် အဆိုပါညီလာခံမှ တဖက်သတ် ရေးဆွဲထားသော တိုင်းပြည် တည်ဆောက်ရေး အတွက် မရှိမဖြစ် လိုအပ်သည့် ဥပဒေတို့၏ အခြေခံမူလ ဖြစ်တည်ရာ Constitution ခေါ် အခြေခံဥပဒေကို အတိဒုက္ခ ရောက်နေသည့် ပြည်သူများကို ကူညီရနေရမည့် အစား အတင်းအဓမ္မ အတည်ပြုခဲ့ပြန်သည်။

ယင်းအခြေခံဥပဒေကို ကိုင်ဆွဲပြီး ၂ဝ၁ဝ ခုနှစ်တွင် ရွေးကောက်ပွဲကို အဓိကအတိုက်အခံများ မပါဝင်ပဲ ပြုလုပ်ခဲ့ရာ သံသယဖြစ်ဖွယ်ရာများဖြင့် ပြီးဆုံးခဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုပင် ရွေးကောက်ပွဲအပြီး တပတ်အကြာ မှပြန်လွတ်ပေးခဲ့သည်။ ဥပဒေဆိုသည်မှာ ဖြတ်ထုံးလမ်းစဉ်များဖြင့် တည်ဆောက်ထားသော စံနစ်ဖြစ်ပြီး များသောအားဖြင့် နိုင်ငံပိုင် အဖွဲ့အစည်းများဖြင့် အတည်ပြုထားရသည်။ တစ်နည်းအား ဖြင့် လုပ်ထုံးလုပ်နည်း မပါဝင်ရပါ။ ရွေးကောက်ပွဲဥပဒေများကို ပြန်ကြည့်လျှင်လည်း ရွေးကောက်ပွဲ ဝင်ပါတီများကို မလူးသာမလှုပ်သာအောင် ထိမ်းသိမ်း တင်းကြပ်လွန်း အားကြီးပြီး ရွေးကောက်ပွဲကော်မ ရှင်မှာလည်း စစ်အစိုးရ၏ ကြိုးဆွဲ ရာ ကနေရသော ရုပ်သေးကော်မရှင် တစ်ခုသာဖြစ်၍ စစ်မှန်သော ရွေးကောက်ပွဲတစ်ခုကို မဖော်ဆောင်ပေး နိုင်ခဲ့ပေ။ ရွေးကောက်ပွဲ မတိုင်မှီတွင် လည်း ရွေးကောက်ပွဲကော်မရှင်မှာ ရုပ်သေးကော်မရှင်သာဖြစ် သည်ဟု ပြောဆို၍ ယုံကြည်မှုမရှိသောကြောင့် ထွက်ခွာသွားသူများလည်းရှိသည်။

မည်သို့မည်ပုံရောက်လာမှန်းမသိ သောကြိုတင်မဲများ၊ မဲရေတွက်မှုကို အများ ပြည်သူရှေ့မြင်ကွင်းတွင် မ ရေတွက်ခြင်းများ၊ သတင်းသမားများ မဲရုံများအနီးတွင်ပင် သတင်း ရယူခွင့်မရခြင်း၊ နိုင်ငံတကာ၏ လာရောက် စောင့်ကြည့်ခွင့်ကို မပေးခြင်းများကြောင့် နောက်ဆုံး ထွက်ပေါ်လာသော ရလဒ်မှာမဲသွားပေး ခဲ့သူ ပြည်သူများ၏ ဆန္ဒအမှန် ဖြစ်မလာခဲ့ဘဲ စစ်အစိုးရအလိုကျဖွဲ့ စည်းထားပြီး စစ်ယူနီဖောင်းချွတ် အရပ် ဝတ်လဲထားသည့် စစ်ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်သည့် ကြံ့ခိုင်ဖွံ့ဖြိုးရေး (ကြံ့ဖွံ့ပါတီ)ကသာ တပြည်လုံးတွင် ၈ဝ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ယူပြသွားသည်။

၂ဝ၁၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အခြေခံဥပဒေပါ လွှတ်တော် ခေါ်ယူရေးဥပဒေအတိုင်း ရွေးကောက်ပွဲကျင်းပပြီး ရက်ပေါင်း ၉ဝ အတွင်း ပထမဦးဆုံးအကြိမ် လွှတ်တော်ခေါ်ယူလိုက်သည်။
လွတ်တော် ခေါ်ယူလိုက်သည်နှင့် တပြိုက်နက် ယင်းအခြေခံဥပဒေ မှာ စတင်လှုပ်ရှား အသက် ဝင်သွား ပြီးဖြစ်သည်။ လွှတ်တော် အစည်းအဝေးများကို တစ်ရက်ပြီး တစ်ရက် ကျင်းပသည်။ နောက်ဆုံး သမ္မတ အမည်စာရင်းကို ကြေငြာပြီးချိန် တွင် ပြည်သူများအတွက် ရင်ခုန် မျှော်လင့်ဖွယ် မကောင်းသော စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်သာ မြန်မာနိုင်ငံ၏ ၈ ဦးမြောက်သမ္မတ ဖြစ်လာခဲ့သည်။
၎င်းဦးဆောင်၍ တိုင်းပြည်၏ အနာဂါတ်ကို ဘယ်ပုံဘယ်နည်း ဖြင့် ပုံဖော်မည်ကို စိတ်ဝင်စားစရာ ကောင်းသလားဟု မေးခွန်ထုတ် စ ရာရှိမည်ဆိုပါက -

နိုင်ငံရေး
ဦးသိန်းစိန်ခေါင်းဆောင်သော လာမည့်ကြံ့ဖွံ့အစိုးရသစ်မှာ ယခင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင် သော နအဖစစ်ကောင်စီကဲ့သို့ ဥပဒေကဲ့သို့ အာဏာတည်သောအ မိန့်များထုတ်ပြန်၍ တဖက်သတ် လုပ်ချင်တိုင်းလုပ်၍ အလွယ်တကူ ရနိုင်တော့မည်မထင်။ လွတ်တော် တခုလုံးတွင် မိမိတို့ကြံ့ဖွံ့ပါတီဝင် နှင့် တပ်မတော်ကိုယ်စားလှယ်စစ် ဗိုလ်အမတ်များပင် ဖြစ်လင့်ကစား ဒီမိုကရေစီအင်အားစုအနည်းငယ်၏ အတိုက်အခံပြုမှုကို အနည်းနှင့်အ များခံရဖွယ်ရှိနိုင်သည်။ ဒီအပြင် တရားဝင်ပါတီအဖြစ် ရပ်တည်ခွင့် မရရှိတော့သော အန်အယ်လ်ဒီမှာ လည်း ဒီမိုကရေစီနိုင်ငံဟုတရားဝင် ဖြစ်ပြချင်နေသည့် စစ်ခေါင်းဆောင် များကို ၄င်းတို့ထုတ်ပြန်ထားသော ဥပဒေများအတိုင်း နိုင်ငံသားတိုင်း နိုင်ငံရေးတွင် ပါဝင်ခွင့်ရှိရမည်ဟု ပြန်လည်ခုခံချေပပြီး ပါတီအဖြစ်ရပ် တည်ခွင့်မရှိစေကာမှု လွှတ်တော်ပြင် ပမှနေ၍ မြန်မာ့နိုင်ငံရေးတွင် ဆက် လက်ပါဝင်နေဦးမည်။ မည်သို့ပင် ဆိုစေကာမှု အာဏာရှင်တို့အတွက် ၄င်းတို့၏အာဏာထိုင် ခုံနေရာကို ကိုင်လှုပ်လာဖွယ်ရာအကြောင်းရှိ လျှင် ယခင်အာဏာရှင်ဟောင်းဗိုလ် နေဝင်း၏ ထုံးတမ်းစဉ်လာအတိုင်း သာ လက်နက်ဖြင့်သာဖြေရှင်းဖွယ် ရာရှိနေဦးမည်။

နယ်ခြားစောင့်တပ်ပြသနာနှင့် တိုင်းရင်းသားလက်နက်ကိုင်များ
စစ်အစိုးရ၏ရွေးကောက်ပွဲကျင်းပ သည့် နိုဝင်ဘာ ၇ ရက်နေ့တွင် ဒီ ကေဘီအေခွဲထွက် ဗိုလ်နှုတ်ခမ်းမွှေး ခေါ် ဗိုလ်မှူးချုပ်စောလားပွယ် တပ် က ဆိုင်းမဆင့်ဗုံမဆင့် မြဝတီမြို့ကို ဝင်ရောက်သိမ်းပိုက်လိုက်သည်။ ဆယ်စုနှစ်တခုကျော်ကြာ တိုက်ပွဲ များ ဆိတ်သုန်းနေမှုကို ထိုဖြစ်ရပ် က အဆုံးသတ်လိုက်သည်။ စစ်အ စိုးရ၏ ရွေးကောက်ပွဲမတိုင်ခင် တိုင်းရင်းသား လက်နက်ကိုင်တပ် များအားလုံး ရွေးကောက်ပွဲမတိုင် ခင် လက်နက်ဖြုတ်သိမ်းရေးအစီအ စဉ်မှာလည်း မအောင်မြင်တော့ပေ။ ဒီအတွက်ကြောင့်ပင် စစ်ရေးဆိုင်း ပြင်းနေသော အင်အားကြီး'ဝ'နှင့် အခြား တိုင်းရင်းသားများလည်း လက်နက်မစွန့်လွတ်ပဲ နယ်ခြား စောင့်တပ် အသွင်ပြောင်းရေးကို အ လိုလိုဆန့်ကျင်ပြီးသား ဖြစ်သွား သည်။ သဘောမှာအစိုးရသစ် တက်လာသော်လည်း တိုင်းရင်း သားတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် များကို တိတိကျကျမဖော်ပြသေး သ၍ ပြည်တွင်းငြိမ်းချမ်းမှုမှာ ဆိတ် သုန်းနေဦးမည်ဖြစ်သည်။

စီးပွားရေး
တိုင်းပြည်စီးပွားရေးပြန်ကောင်းလာရန်မှာ အမေရိကန်၏ စီးပွားရေးပိတ်ဆို့ထားမှုတခုတည်းကြောင့် သာမဟုတ်။ စစ်ခေါင်းဆောင်များ နှင့်သာ ပုလဲနံပသင့်သော စီးပွားရေးသမားများသာ လုပ်ပိုင်ခွင့်များ ရရှိနေခြင်းကလည်း နိုင်ငံတော်စီးပွားရေး တစ်ရပ်လုံးကို ဖန်တီးနိုင်မှု စွမ်းအားသည် နိုင်ငံတော်နှင့်တိုင်းရင်းသား ပြည်သူတို့၏ လက်ဝယ်တွင် ရှိရေးဆိုသည့် ၄င်းတို့ ကိုယ်တိုင် ထုတ်ပြန်ထားသည့် အချက်နှင့် လုံးလုံးဆန့်ကျင်နေသည်။ အခြေခံလူတန်းစားများ၏ ဝင်ငွေနှင့်ထွက်ငွေမမျှတမှု က မြန်မာ့စီးပွားရေးစစ်တမ်း၏အ ဆိုအရ အနုတ် ၃၆ ရာခိုင်နှုန်းကျော် အထိရှိနေရာ ဒီအချက်ကို သမ္မတသိန်း စိန်အစိုးရက လွယ်ကူစွာ ပြုပြင်ကယ်တင် နိုင်လိမ့် မည်ဟုမထင်။

စစ်မှုထမ်းဥပဒေ
လတ်တလောအနေနှင့် စစ်အစိုးရနှင့်ပြည်သူအ ကြားတွင် ရင်လေးနေမှု နှစ်ခုမှာ စစ်အစိုးရက ကြံ့ဖွံ့အ စိုးရကို တရားဝင်အာဏာ လွှဲပြောင်းပေးရေးဖြစ်ပြီး ပြည်သူလူထုအကြားတွင် အရွယ်ရောက်ပြီးသူတိုင်း စစ်မှု မထမ်းမနေရ ဥပေဒအရ စစ်မှုထမ်းရမည်ကို ကြောက်ရွံ့နေကြ ခြင်းပင်ဖြစ်သည်။ ''အခန့်မသင့်ရင် ပြန်ရမှာလား။ ပြန်ရောက်သွားရင်လည်း သောက်ညင်ကပ်ပုဒ်မနဲ့ လူသားမိုင်းရှင်းအဖြစ် အသုံးချဖို့ စစ်မှု ထမ်းခိုင်းမှာလားဆိုတာပဲ ပြောနေ ကြတယ်''ဟု တိုကျိုရောက် လူငယ်တဦးက ရင်ဖွင့်ပြသည်။

ပညာရေး
စစ်အစိုးရ ၂၃ နှစ်ကြာအုပ်ချုပ် ပြီးနောက် တက္ကသိုလ်များ၊ကျောင်း များစွာပေါ်ထွက်လာခဲ့ပြီး ပြည် တွင်း၌ပင် ပါရဂှုဘွဲ့သင်တန်းများ ပေးနိုင်သည်အထိ လုပ်ဆောင်ပြနိုင် ခံသော်လည်း စေတနာမပါသော ကြိုးပမ်းမှုကြောင့် အမည်ခံပညာ တတ်များသာ များပြားလာခဲ့ပြီး အရည်အသွေးထက် အရေအတွက် ကသာများပြားလာခဲ့သည်။

စစ်ဗိုလ်ချုပ်များပင် ၄င်းတို့သား သမီးများကို ယင်းတက္ကသိုလ်များ တွင် မထားဘဲ နိုင်ငံတကာရှိ တက္ကသိုလ် များတွင် လျှို့ဝှက်စွာပညာ သင်ကြားခိုင်းထားသည်။ အချုပ်အားဖြင့်ဆိုရသော် လွတ်လပ်ရေးရပြီးခေတ် မြန်မာနိုင်ငံသည် နုပျိုလန်းဆန်းခဲ့သည်။ တခဏမျှသာ။ အာဏာရူးတို့၏ နှစ်ပေါင်းများစွာ ချယ်လှယ်အုပ်စိုးခဲ့မှုကြောင့် တိုင်းပြည်မှာ အဖက်ဖက်က ချွတ်ယွင်း ချွတ်ချော်နေသည်မှာ ကြောက်စရာအလွန်ကောင်းနေသည်။ လျှပ်စစ်မီးမှန်မှန် လာနေသည်။ စစ်အစိုးရ သတင်းစာနှင့် ၄င်းတို့နေထိုင်ရာ ကြပ်ပြေးမြို့တော်သစ်မှာသာ ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက် စည်ပင်နေသည်။ သန်း ၅ဝ မျှသောပြည်သူ တို့တွင်မဟုတ်။ စစ်ခေါင်းဆောင် များနှင့် ၄င်းတို့အပေါင်းပါတစု တွင် သာဖြစ်သည်။ ယောက်ျားများသာ ဖြစ်သော်လည်း မိုးလုံးပြည့်မုသားဝါဒကို တွင်တွင်ကျယ်ကျယ် သုံးရဲသည်။ မြန်မာပြည်တွင်လူ့အခွင့်အရေးရှိသည်ဟု ၂ဝ၁၁ ခု ဇန်နဝါရီလ အတွင်းက ကျင်းပခဲ့သော လူ့အခွင့် အရေးညီလာခံတွင် စစ်အစိုးရ ကိုယ်စားလှယ်များက ငြင်းဆန် ပြောဆို သည်။ ပြစ်ဒဏ်ကျ ထောင်သားများအား ကရင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများတွင် လူသားမိုင်းရှင်း ကိရိယာအဖြစ် အသုံးပြုခံရ၍ သေမည်ကို ကြောက်ရွံ့သော ထောင်သားပေါ်တာများ ထွက်ပြေးလာသည်ကို သတင်းဋ္ဌာနများတွင် ဓါတ်ပုံနှင့်တကွ အထင်အရှား တွေ့ရသည်။ ပြောင်းလဲမည်။ စစ်ဗိုလ်ချုပ်များမှ နေ၍ အရပ်ဝတ်လဲသွားခြင်းသာ ဖြစ်သည်။ အခြားပြောင်းလဲစရာဆို၍ ပြည်သူအပေါ် ချစ်သောအစိုးရ တရပ်မပေါ်လာသမျှ ကာလပတ်လုံး ဘယ်အရာမျှမမြင် ပါကြောင်း .....။