ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပုဂံအမှတ်တရ... (အမိမြန်မာပြည် အမှတ်တရ ဓာတ်ပုံ)

ဓမ္မရံကြီးစေတီနဲ့ ကျွန်တော်တို့ အမိမြန်မာပြည်ရဲ့ ဂုဏ်ယူဖွယ်ရာ ရှေးဟောင်း ပုဂံမြေအလှ
၂၁ရာစုခေတ် ပုဂံမြေက ဆီကြိတ်ဆုံလေ... နိုင်ငံခြားသားတွေ တကူးတက လာကြည့်ရတာ.. မြန်မာပြည်က နွားဖြစ်ရတဲ့ ဒုက္ခနော်... တိရိစ္ဆာန်ချင်း အတူတူတောင် မြန်မာပြည်မှာ ကြံ့တို့ ဖွတ်တို့က ကောင်းစားနေပြီးတော့...
 မပြီးခင် ဗမာမမြင်စေနဲ့တဲ့ မှတစ်ပါး အခြားမရှိတဲ့
 သဗ္ဗင်ညုဘုရားနဲ့ ပုဂံ TAXI  မြင်းလှည်းတွေလေ...
ရာဝင်စဉ့်အိုးတွေလေ.. ပြီးရင်ဖောင်ဖွဲ့ပြီး ဧရာဝတီ မြစ်ကနေ မျောချသယ်ဆောင်ကြပါတယ်..
ပုဂံနဲ့ ခွဲခြားမရတဲ့ ယွန်းထည်လုပ်ငန်းပါ...

လှည်းဝင်းရိုးသံ တညံညံ ပုဂံဘုရားပေါင်းတဲ့ ကိုချစ်ကို ပေးပို့လာတဲ့ တင်ပြပုံဆန်းတဲ့ မြင်နေကြမြင်ကွင်း တွေမဟုတ်တဲ့ အမိမြန်မာပြည်ရဲ့ ဂုဏ်ယူဖွယ်ရာ ရှေးဟောင်း ပုဂံမြေရဲ့ ဓာတ်ပုံတွေပါ...။ ကျွန်တော်တို့ ကွယ်လွန်သူ သမိုင်းပါမောက္ခ ဆရာကြီးဒေါက်တာသန်းထွန်းဟာ ပုဂံမြေကို အင်မတန်မှ ချစ်ခင် မြတ်နိုးသူပါ..။ ဆရာကြီးဟာ ပုဂံမှာ ဘုရားတွေကို ပြန်လည် ပြုပြင်တာလည်း လက်မခံသူပါ...။ ဟုတ်လည်း ဟုတ်ပါတယ်.. ရင့်ကျက်တည်ငြိမ်တဲ့ ပုဂံကစေတီပုထိုးတွေရဲ့ ရှေးဟောင်းသဘာဝအလှကို ပြန်လည်ပြင်ဆင်တာ သဘာဝမကျစရာပါပဲ.. ထိန်သိမ်းတာနဲ့ ပြန်လည်ပြင်ဆင်တာ မတူပါဘူး။ ဆရာကြီးရေးတဲ့ ပုဂံအကြောင်း စာအုပ်တစ်အုပ်မှာဆို ပုဂံငလျင်ကြောင့် ပျက်ဆီးသွားတဲ့ ဘူးဘုရားကို ပြန်လည် ပြင်ဆင်ခဲ့တဲ့ တစ်ခေတ်တစ်ခါက မြန်မာပြည် အနယ်နယ် အရပ်ရပ်က ဘုရားစေတီပုထိုးတွေ  ပြန်လည်တည်ထား ကိုးကွယ်တဲ့ မန္တလးက နာမည်ကြီး ရသေ့ကြီးတစ်ပါးကို ဝေဖန်ထားတာ ဖတ်ရဘူးသလို။ ကိုးခရိုင်စိမ်းလန်း စိုပြေရေးဆိုပြီး လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ နအဖရဲ့ စီမံကိန်းတွေကိုလည်း ဝေဖန်ခဲ့ဘူးပါတယ်။ ပုဂံမှာ ယခုကဲ့သို့ နှစ်ပေါင်းများစွာ ရှေးဟောင်းစေတီ ပုထိုးတွေ ရေရှည်တည့်တံ့ နေတာဟာလည်း ယခုလို ခြောက်သွေ့ပူပြင်းတဲ့ ရာသီဥတုကြောင့်ပါတဲ့... စိုစွတ်ပြီး မိုးများတဲ့ ရာသီဥတုမှာဆိုရင် ပုဂံက ရှေးဟောင်းစေတီတွေ ရေရှည်တည်တံ့နေမှာ မဟုတ်ကြောင်း ရေးသားထားတာကို ဖတ်ခဲ့ဘူးပါတယ်..။
ဘာပဲဖြစ်ဖြစ် အဖိုးမဖြတ်နိုင်တဲ့ သမိုင်းယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းရမှာ ကျွန်တော်တို့ အားလုံးရဲ့ တာဝန်ပဲဖြစ်ပါတယ်..။ ဒီတစ်ခေါက်တော့ အဝေးရောက် မြန်မာပြည်သူပြည်သားတွေ အတွက် အမိမြန်မာပြည် အလွမ်းပြေ ပုဂံနဲ့ အနီးတစ်ဝိုက်က အမှတ်တရပုံတွေကို တင်ပြလိုက်ရပါတယ်..။



ဓာတ်ပုံများ ပေးပို့ပေးတဲ့ ကိုချစ်ကိုအား ကျေးဇူးတင်ပါသည်..။