ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဒီမိုဝေယံဘလော့(ဂ်) မဲဝဲလ်(malware) ကင်းရှင်းပါကြောင်း..

မနေ့က ပျူနိုင်ငံဘလော့(ဂ်)ပိုင်ရှင် ကိုအောင်က သူ့ဆိုဒ်မှာ မဲဝဲလ်(malware)ရှိတဲ့ အတွက်ကြောင့် ဆိုဒ်ဖွင့်မရ ဖြစ်ပြီး ပြသနာတက်ခဲ့ကြောင်း ပြောပြရင်းနဲ့ ကျွန်တော့်ဘလော့(ဂ်)မှာလည်း မဲဝဲလ်(malware) ရှိနေတဲ့အတွက် စစ်ကြည့်ပါဆိုတာနဲ့ http://sitecheck.sucuri.net/scanner/ မှာ ကြောက်ကြောက်လန့်လန့်နဲ့ စစ်ကြည့်တော့ ကျွန်တော့်ဘလော့(ဂ်) ဆေးစစ်တာ အောင်ပါတယ်...။

မဲဝဲလ်(malware) အကြောင်း ပျူနိုင်ငံမှာ ရေးထားတာကတော့ .....

ကျနော့်လင့်ခ်တချို့မှာ မဲဝဲလ်(malware) တွေ အများအပြား တွေ့ရပါတယ်။ ဘလော့ရဲ့ ဆိုဒ်ဘား (sidebar) မှာ Google Reader ကတဆင့် မိတ်ဆွေ ဘလော့လင့်ခ်တွေကို ချိတ်ဆွဲကြတဲ့ ဘလော့ဂါ အတော်များများ မဲဝဲလ်(malware) ကူးစက်မှု ဖြစ်ပွားနေပါတယ်။ မဲဝဲလ်(malware) ကူးစက်မှု များပြားလာရင် Google က အဲဒီဘလော့ ကို black list ထဲ ထည့်သွင်းပါလိမ့်မယ်။ အဲဒါဆိုရင် အဲဒီဘလော့ဂါရဲ့ ပို့စ်များဟာ စာဖတ်သူတွေ အလွယ်တကူ ဖတ်ရှုခြင်းကနေ ကင်းဝေး သွားရမှာပါ။ အဲဒါအပြင် မဲဝဲလ်(malware) ရှိနေ၊ ပိုင်ဆိုင်နေတဲ့ ဘလော့ဟာ တခြားမိတ်ဆွေ ဘလော့ဂါများထံ ကော်မန့်(comment) သွားရေးခြင်းမှာလည်း မဲဝဲလ်(malware) ဟာ လိုက်ပါ ကူးစက်ပါသေးတယ်။ 

ကိုယ်ကိုယ်တိုင်ကလည်း ကြံ့ဖွတ် မဲဝယ်၊ မဲလိမ်တာတွေပဲ ဘလော့(ဂ်)မှာ တင်နေတော့ ကိုယ့်ဆိုဒ် မဲဝယ်လား မဝယ်လားလည်း မစစ်မိပါဘူး..။ ဘာပဲပြောပြော ကိုအောင်(ပျူနိုင်ငံ)ကို အထူးကျေးဇူးတင်ပါတယ်။
ဒီမိုဝေယံ ဘလော့(ဂ်)ကို Google က ဖေဖော်ဝါရီလ (၄)ရက်နေ့က လျှက်တပြက် ဝင်ရောက် စစ်ဆေးရာမှာ. သံသယဖြစ်ဖွယ် မတွေ့ရသလို မီးကြွင်းမီးကျန်လည်း မတွေ့ရပါဘူးတဲ့..
နောက် Google ရဲ့ Black List စာရင်းထဲမှာ မပါတဲ့ကြောင်းနဲ့ မဲဝဲလ်(malware)လည်း ကင်းရှင်းတဲ့ အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှူနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါတယ်...။

ပြောပြပေးတဲ့ ကိုအောင် (ပျူနိုင်ငံ)အား ကျေးဇူးတင်ပါသည်..။