ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပုပ္ပားအမှတ်တရ...(၂) (အမိမြန်မာပြည် အမှတ်တရ ဓာတ်ပုံ)

 ကျွန်တော်တို့ မြန်မာပြည်ရဲ့ သဘာဝ အလှတွေပေါ့...
 ရင်ပြင်တော်ပေါ်မှာလည်း သူတို့ပဲ.. ပြီးခဲတဲ့ အပတ် ပြည်ထောင်စုနေ့က မြိုတော်သစ်ရဲ့ ပြည်သူ့ ရင်ပြင်မှာလည်း...
 မျောက်မှိုင်မှိုင်ဆိုတာ ဒါပေါ့နော်...
 ဒီပုံကို မြင်တော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲက နိုင်ငံရေး ပါတီ(၃)ခုရဲ့ စကားပုံတွေကို သတိရမိပါတယ်.. ဘာတဲ့ ခမောက် အောက်မှာ ဦးနှောက်တဲ့ (ခမောက်အစစ်ပါတီ) စပါးနှံအောက်မှာ မြွေတဲ့ (တစည) ခြင်္သေ့အောက်မှာတော့ (ခြင်္သေ့ပါတီဗျာ) အဲ.. ????? သြော် ပုံမှာပါတဲ့ အတိုင်းဆို မျောက်ပေါ့ဗျာ....
 ဒီပုံကို မြင်တော့ တိရိစ္ဆာန်ပေမယ့် မိမိရင်သွေးကို ချစ်တတ်ကြပါတယ်.. ကြံ့နဲ့ ဖွတ်တော့မသိ
ပုပ္ပားအမှတ်တရ...(၂) (အမိမြန်မာပြည် အမှတ်တရ ဓာတ်ပုံ) အနေနဲ့ ဒီတစ်ခေါက်တော့ ထူးထူးခြားခြား ပုပ္ပားတောင်က မျောက်တွေ ဓါတ်ပုံနဲ့ ဝေဝေဆာဆာ ဖော်ပြလိုက်ပါတယ်..။ ငယ်ငယ်တုန်းက ပုပ္ပားရောက်တုန်းက အကိုတစ်ယောက် မျောက်ကလေးကို မုန့်ကျွေးမလိုလိုနဲ့ လက်ကိုလှမ်းစွဲလိုက်တာ မျောက်မကြီးနဲ့ မျောက်အုပ်လိုက်လို့ မနည်းထွက်ပြေးခဲ့ရတာ အခုထိ မေ့မရသေးပါဘူး..။ ကိုယ်ကိုယ်တိုင်လည်း နောက်ဆုံးအခေါက်မှာ စွမ်းအားရှင် မျောက်နဲ့တိုးလို့ မနည်း ထွက်ပြေး လာရသေးတယ်..။ ပုပ္ပားရောက်ရင် ကားတံခါးတွေ သေချာပိတ် ပစ္စည်းတွေ သေချာထုတ်ရတာလည်း အလုပ်တစ်လုပ်ပေါ့.. ဇရပ်ခေါင်မိုးပေါ်တွေမှာလည်း တရုန်းရုန်းနဲ့ အိပ်မရပြုမရပေါ့..။
တိရိစ္ဆာန်ဆိုတော့လည်း အသိဥာဏ်နိမ့်ကျတော့ ခက်သား... ဒါပေမယ့် တစ်ချို့လူတွေလိုတော့ မကောက်ကျစ်ဘူးဗျ...။ ပုပ္ပားမှာ မျောက်နာမည် ကြီးသလို မြန်မာပြည်ရဲ့ မြို့တော်သစ်ကြီးမှာလည်း..။  မရေးတော့ပါဘူးဗျာ.... လမ်းချော်ချော်သွားလို့ ဒါပေမယ့် မျောက်တွေ မြင်တော့ ကိုရင်နော်ရေးတဲ့ မျောက်မင်းမိုက် ကဗျာလေးကိုတော့ သတိရမိလို့ ပြန်တင်ပေးလိုက်ပါတယ်...။ တစ်ခါတစ်လေ ကိုယ့်မြန်မာပြည်က ဓာတ်ပုံတွေကြည့်ပြီး အမိမြန်မာပြည် အလွမ်းပြေပေါ့..။ နောက်ရရှိထားတဲ့ ပုဂံနဲ့ ရွှေစက်တော်ပုံတွေ ဆက်လက် ဖော်ပြပေးပါမယ်...။ ဒီတစ်ခေါက် ပုပ္ပားကမျောက်ပုံကိုတော့ ကိုချစ်ကိုက ဓာတ်ပုံတွေ ကျေးဇူးပြုပါတယ်..။

ဒီမိုဝေယံ....

မျောက်မင်းမိုက်

မြင့်မိုရ်မည် မျောက်မြို့မှာ
မောက်မာ မာန်မဲ မျောက်မိုက် မင်းမူ
မျောက်မူးမတ်၊ မျောက်မောင်းမ၊
မျောက်မြေး၊ မျောက်မြစ်၊
မျောက်မျိုးများ မြောက်မြောက်များ..။

မျောက်မင်းမိုက် မြော်မြင်မှုမဲ့
မည်းမည်းမြင် မိုက်မာန်မဲ
မောက်မောက်မာ မိန့်မှတ်
မှားမှားမှန် မူးမူးမိုက်
မျောက်မွဲများ မုန်းမာန်မြင့်မား..။

မျောက်များမှာ မျှော်မှန်း
မျောက်မင်းမြတ် မင်းမူမှ
မျောက်များ မြန်မြန် မြင့်
မျောက်မျိုး မြန်မြန် မြတ်
မျောက်မိမြေ မိုးမျှော်မည်..။

မျောက်မွဲများ မုန်းမာန်
မျောက်မင်းမိုက် မူးမေ့
မီးမွှေး မျောက် မီးမွှေး
မီးမှုတ် မျောက် မီးမှုတ်
မီးမြှိုက် မျောက် မီးမြှိုက်
မျောက်များမာန် မာန်များမြောက်
မင်းမိုက် မီးမျို..။


(ကိုရင်နော်)
လောလောဆယ် မြန်မာပြည်မှာ မျောက်မင်း၊ မျောက်မူးမတ်၊ မျောက်မောင်းမ၊ မျောက်မြေး၊ တွေ မဲခိုးပြီး မင်းမူနေတာ မြန်မာလူမျိုးတွေ  မြောက်များစွာ ခံနေရတယ်.. ကိုရင်နော်ရေ... (ပုပ္ပားမှာ ပြောတာပါ)