ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

တိုက်တွန်းနှိုးဆော်ချက်....


တိုက်တွန်းနှိုးဆော်ချက်

သောကြာနေ့ (၅.၂.၂၀၁၁) မနေ့ည သန်းခေါင်ယံ အချိန်က Arakawa ku- Nisshi Nippori ရှိ ရပ်ကွက်တခုတွင် ၃-ထပ်အိမ် (တိုက်) တခုလုံး ပြာကျခဲ့သော အပြင်းစား မီးလောင်ကျွမ်းမှုတခု ဖြစ်ပွားခဲ့ရာ လူ (၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။

အဆိုပါ မီးလောင်ကျွမ်းမှုတွင် ရခိုင်အမျိုးသားရေးနှင့် မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်း ဆောင်ရွက်နေသူတစ်ဦးဖြစ်သော ကိုလှအေးမောင် (ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်-ဥက္ကဌ -ပြည်ပဂျပန်)၏ အိမ်လည်း မီးလောင်ခံခဲ့ရကြောင်း သိရှိရပါသည်။

လူမမယ်ကလေးငယ်(၂) ဦး ပါဝင်သော ကိုလှအေးမောင်တို့မိသားစုသည် ပိုက်ဆံအိတ်တ ခုကလွဲ၍ ဘာတခုမှ ယူဆောင်နိုင်ခြင်း မရှိဘဲ အ၀တ်တစ်ထည် ကိုယ်တစ်ခုနှင့် ထွက်ပြေးခဲ့ရပါသည်။

လက်ရှိတွင် ၎င်းတို့မိသားစုသည် အနီးအနားရှိ မြန်မာမိတ်ဆွေများအိမ်တွင် ယာယီခိုလှုံနေ ရပြီး အခက်အခဲ အမျိုးမျိုးနှင့် ကြုံတွေ့နေရကြောင်း သိရှိရပါသည်။

သို့ဖြစ်ပါ၍ ကိုလှအေးမောင်တို့ မိသားစုအား ၀ံသာနုရက္ခိတစိတ်ဓါတ်ဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ဓါတ်ပိုင်းဆိုင်းရာ အားပေးကူညီမှုများအား ပြုလုပ်ပေးနိုင်ကြပါရန် မေတ္တာရှေ့ထား တိုက်တွန်းနှိုးဆော် လိုက်ရပါသည်ခင်ဗျာ။

လေးစားစွာဖြင့်

မင်းထက်ဇော်
မြန်မာမျိုးချစ်ဒီမိုကရက်တစ်အင်အားစု (BPDF)