ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဆိုမာလီယာ ပင်လယ်ဓားပြများ ဖမ်းဆီးထားတဲ့ ထိုင်းငါးဖမ်းသဘောင်္မှ မြန်မာနှင့်ထိုင်း သဘောင်္သား(၂၀)ဦးအား အိန္ဒိယရေတပ်မှ ကယ်တင်..

အိန္ဒိယပင်လယ်အတွင်းမှာ ဆိုမာလီယာ ပင်လယ်ဓားပြတွေ ပြန်ပေးဆွဲထားတဲ့ ထိုင်းငါးဖမ်းသဘောင်္ပေါ်မှ မြန်မာနှင့်ထိုင်း သဘောင်္သား (၂၀)ဦးအား အိန္ဒိယရေတပ်မှ ကယ်တင်ခဲ့ပါတယ်...။ Lakshwadeepကျွန်းရဲ့ မိုင်(၁၀၀)ခန့်အကွာ ပင်လယ်ပြင်မှာ ဂရိနိုင်ငံအလံ လွှင့်ထူထားတဲ့ ကုန်တင် သဘောင်္တစ်စီးအား အဆိုပါ ပြန်ပေးဆွဲထားတဲ့ ထိုင်းငါးဖမ်းသဘောင်္ကို အသုံးပြုပြီး  ဆိုမာလီယာ ပင်လယ်ဓါးပြများမှ တိုက်ခိုက်ရန် ပြင်ဆင်နေစဉ်မှာ.. . ချဉ်းကပ်လာတဲ့ အိန္ဒိယရေတပ်သဘောင်္နဲ့ ကမ်းခြေစောင့်သဘောင်္တို့မှ အဆိုပါ ပင်လယ်ဓားပြများနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ပါတယ်.။ ထိုသို့ ပစ်ခတ်ပြီး ခေတ္တအကြာမှာပဲ ဆိုမာလီယာ ပင်လယ်ဓါးပြများမှ အလံဖြူပြပြီး လက်နက်ချ အဖမ်းခံခဲ့ပါတယ်..။ အဆိုပါ ငါးဖမ်းသဘောင်္ပေါ်မှ ဆိုမာလီ ပင်လယ်ဓားပြ ၂၈ဦးအား ဖမ်းဆီးခဲ့ပြီး ငါးဖမ်းသဘောင်္ပေါ်မှ ဆိုမာလီ ပင်လယ်ဓါးပြများ ပြန်ပေးဆွဲထားတဲ့ မြန်မာနဲ့ထိုင်း ငါးဖမ်း သဘောင်္သား ၂၀ဦးအား ကယ်တယ်ခဲ့ပါတယ်..။

ပြီးခဲ့တဲ့ ဇန္နဝါရီလ (၂၁)ရက်နေ့ကလည်း ဆိုမာလီယာပင်လယ် ဓားပြများ ပြန်ပေးဆွဲထားတဲ့ ကိုရီးယား သဘောင်္ပေါ်မှ ကိုရီးယားလူမျိုး (၈)ဦး မြန်မာ (၁၁)ဦးနဲ့ အင်ဒိုနီးရှား (၂)ဦးအားလည်း ကိုရီးယားအထူး ကွန်မန်ဒိုများမှ စွန့်စွန့်စားစား ပြန်လည် ကယ်တင်ခဲ့ပါတယ်..။ အေဒင် ပင်လယ်ကွေ့အတွင်းမှ သဘောင်္များအား ပြန်ပေးဆွဲပြီး ငွေညစ် စီးပွားရှာနေတဲ့ အဆိုပါ ဆိုမာလီယာပင်လယ် ဓားပြများ၏ အန္တရာယ်မှ ကာကွယ်နိုင်ရန် နိုင်ငံတကာမှ ရေတပ်များမှ ကင်းလှည့် စောင့်ကြပ်လျှက် ရှိပါတယ်..။ 

အခြားသော တိုင်းပြည်များမှ မိမိတို့ နိုင်ငံသားများ၏ အသက်အန္တရာယ် ကြုံတွေ့လာပါက သက်ဆိုင်ရာ အစိုးရများမှ ဖိဖိစီးစီး ကိုင်တွယ် ဆောင်ရွက်လျှက်ရှိပါတယ်..။ သို့ပါသော်လည်း မြန်မာစစ်အစိုးရမှ မိမိတို့ နိုင်ငံသားများ ဖမ်းဆီးခံရခြင်းရှိမရှိ၊ အသက်အန္တရာယ် ကျရောက်ခြင်း ရှိမရှိတို့အား စုံစမ်းကူညီ ဖော်ထုတ်ခြင်း အလျှဉ်းမရှိပဲ မသိကျိုးကျွန် လျှစ်လျှူလျှက်ရှိပါတယ်..။ ထို့ကြောင့် နိုင်ငံရပ်ခြား တိုင်းတပါးသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားများဟာ အထူးသဖြင့် ထိုင်း၊ မလေးရှားသို့ ကဲ့သို့သော နိုင်ငံများ၌ တိုင်းတစ်ပါးသားများ၏ ဖိနှိပ်၊ ညှင်းပန်း အနိုင်ကျင့် သတ်ဖြတ်ခြင်းများ မကြာခဏ ခံနေရပြီး လုံခြုံမှုကင်းမဲ့မှုများနဲ့ ကြုံတွေ့နေရပါတယ်..။ တိုင်းပြည်အတွင်း၌လည်း မိမိနိုင်ငံသားများအား အာဏာကို အလွန်အကျွံ့ အသုံးပြုပြီး ဖမ်းဆီးနှိပ်ကွပ် သတ်ဖြတ်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်းများ ပြုလုပ်လျှက်ရှိပါတယ်..။

သတင်း... ဒီမိုဝေယံ (AP နှင့် INDIA သတင်းများမှ အကျဉ်းချုံး ရေးသားတင်ပြပါသည်)
 ဆက်စပ်သတင်းများ ပြန်ဖတ်လိုလျှင်....

သီရိလင်္ကာနိုင်ငံမှ ယူအေအီးနိုင်ငံသို့ ခုတ်မောင်းနေသော ကြေးမုံသတင်းစာ.... http://www.demowaiyan.co.cc/2011/01/blog-post_23.html

ဆိုမာလီ ပင်လယ်ဓားပြများ ပြန်ပေးဆွဲထားတဲ့ SAMHO JEWELRY သဘောင်္ပေါ်မှ မြန်မာလူမျိုး ၁၁ဦး ပြန်လည်လွတ်မြောက် http://www.demowaiyan.co.cc/2011/01/blog-post_22.html
 
အိန္ဒိယနိုင်ငံ မူဘိုင်းမြို့ ရဲစခန်းရှေ့မှာ တွေ့ရတဲ့ ဆိုမာလီယာ ပင်လယ်ဓားပြများလက်မှ ပြန်လည် လွတ်မြောက်လာတဲ့  မြန်မာနဲ့ ထိုင်လူမျိုး ငါးဖမ်းသဘောင်္လုပ်သား (၂၀)ဦးအားတွေ့ရစဉ်..။ ထိုင်းလူမျိုးများအား ထိုင်းအစိုးရမှ တာဝန်ယူပြန်လည် ခေါ်ဆောင်မှာကတော့ အသေအချာဖြစ်ပေမယ့် မြန်မာသဘောင်္သားများရဲ့ အခြေအနေကတော့ မသေချာ မရေရာသေးပါဘူး။.. (ဓာတ်ပုံများ AP)