ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဂျပန်နိုင်ငံမှ လှုပ်ရှားမှု သတင်းများ....

အလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ် ( ၁၂)။

အလုပ်သမားရေးရာ သိကောင်းစရာ အလုပ်ရုံဆွေးနွေးပွဲသို့ ဖိတ်ကြားခြင်း။

ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသော နိုင်ငံခြားသားအလုပ်သမားများတွင် မည်သို့သော

ဥပဒေပါ အကာအကွယ်များ၊ အခွင့်အရေးများ၊ တာဝန်များရှိသည်ကို သင် သေသေချာချာ သိပါသလား?

အလုပ်ရှင်က သင့်အပေါ် မတော်မတရားလုပ်လာပြီး ဥပဒေမဲ့ ပြုမှုလာပါက သင်မည်သို့ တုန့်ပြန်ရမည်၊ မည်သို့ကြိုတင်ပြင်ဆင်ထားရမည်ကို သေသေချာချာ သိပါသလား?

ဂျပန်ရောက် မြန်မာနိုင်ငံသား အလုပ်သမားများ ကြုံတွေ့ နေရသော အလုပ်သမားရေးရာ ပဋိပက္ခများ၊ ပြဿနာများ (၀ါဏိဇ္ဇ ပဋိပက္ခများ)အကြာင်းနှင့် ယင်းအလုပ် သမားရေးရာ ပဋိပက္ခများ၊ပြဿနာများ (၀ါဏိဇ္ဇ ပဋိပက္ခများ)ကို မြန်မာနိုင်ငံသား အလုပ်သမားများသမဂ္ဂ အဖွဲ့ချုပ်-ဂျပန်ပြည်(FWUBC)က မည်သို့ မည်ပုံ ကူညီဖြေရှင်း ပေးနေကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုပါသလား?

အထက်ပါမေးခွန်းများကို သင်သေသေချာချာနားလည်သည်အထိ ရှင်းလင်းပြသမည့် အလုပ်ရုံဆွေးနွေးပွဲသို့ ကိုယ်တိုင် တက်ရောက်ပြီး၊ ကိုယ်တိုင် ပါဝင် ဆွေးနွေးရန်လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။

ကျင်းပမည့်နေ့ရက်။ ။ ဖေဖေါ်ဝါရီလ (၂၀)ရက်၊ ၂၀၁၁ခုနှစ်။

ကျင်းပမည့် အချိန်။ ။နေ့ခင်း (၂း၀၀) နာရီမှ (၅း၀၀)နာရီ အထိ။

ကျင်းပမည့် နေရာ။ ။တိုဆုက ချိကိ စင်တာ (တာကဒနိုဘာဘာ)(၅)ထပ်၊ တာကဒနိုဘာဘာဘူတာမှ လမ်းလျှောက်လျှင် (၂)မိနစ်။

TOTSUKA CHIKI CENTER (TAKADANOBABA)-5F

TIME-2-PM TO 5PM

မည်သည့် မြန်မာနိုင်ငံသားမဆို (သမဂ္ဂ၀င်များရော၊ သမဂ္ဂ၀င် မဟုတ်သူများပါ) တက်ရောက်နိုင်ပါသည်။

ဝင်ကြေး မရှိပါ။

အသေးစိတ်သိလိုပါက ဆက်သွယ်ရန်။

1. Phone Hlaing 090-5318-5054

2. Myint Swe 080-4005-7098

3. Moe Moe 090-6123-2825
 အကိုကြီး ဦးသန်းဝင်းမှ ပေးပို့ပါသည်..။

အညတရသူရဲကောင်းဆု ချီးမြှင့်နိုင်ရေး တိုက်တွန်းနှိုးဆော်ခြင်း
မိတ်ဆွေများခင်ဗျား
အညတရသူရဲကောင်းဆု ချီးမြှင့်နိုင်ရေးအတွက် အားလုံးနှင့် အတူလက်တွဲပြီး စည်းစံနစ်ကျစွာဖြင့် ဆောင်ရွက်သွားနိုင်ရေး ကြိုးပမ်းသွားပါမည်။
ကူညီအားပေးသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။
မည်သည့် ကူညီမှုမျိုးကိုမဆို ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုပါသည်။
ငွေလှူဒါန်းလိုသူများ အောက်ပါ ဘဏ္ဍာရေးကော်မတီဝင်များထံ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
လေးစားစွာဖြင့်
မင်းထက်ဇော်
ဆုချီးမြှင့်ရေးကော်မတီဝင်