ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ကျိုက်ထီးရိုး၊ ကျောက်ထပ်ကြီး (အမိမြန်မာပြည် အမှတ်တရ ဓာတ်ပုံ)

 ကျိုက်ထီးရိုးတောင်ပေါ်မှ ဘုရားဖူးလာတဲ့ သီလရှင်များ...
 
 ကျိုက်ထီးရိုးကနေ လေးမိုင်လောက် ဝေးတဲ့ ကျောက်ထပ်ကြီး သွားရာလမ်းတစ်နေရာ..
ကျောက်ထပ်ကြီးမှာ ထူးဆန်းတာကတော့ နိုင်ငံခြားသားတွေ တကူးတက လာကြည့်ရတဲ့ နွယ်ကြိုးနဲ့ တက်ပြီး ကျောက်ထပ်ကြီးပေါ်က ဘုရားကို ရွှေဆိုင်းကပ်ပေးတာလေ.. မြင်ရတဲ့သူကတော့ ရင်တမမပေါ့...
တို့မြန်မာတွေကတော့ ဘယ်နေရာရောက်ရောက် အလှူရေစက် လက်နဲ့မကွာလေ.. နောက်မြန်မာမှန်ရင် လုပ်အားပေးနဲ့ မကင်းဘူးတဲ့လေ.. ကိုယ်ထူကိုယ်ထတို့ ကိုယ်အားကိုယ်ကိုးတို့ ကိုယ့်ဘာသာကိုယ်ပဲ ဖန်တီးရတာများတာကိုး..
ရထားပေါ်ကမြင်ကွင်း တစ်ခုပါ... ဒီလို ရန်ကုန်ကနေ မော်လမြိုင်ရထားစီးပြီး သိမ်ဇရပ်ရောက်တော့ ကင်မွန်းစခန်းကို ၆မိုင်ခရီး ကားနဲ့ဆက်သွားရတာပေါ့..။
အမိမြေကို ခွဲခွာပြီး အဝေးမြေရောက်နေတဲ့ မြန်မာပြည်သားတွေ အတွက် လတ်တလော မြန်မာပြည်အလွမ်းပြေ ဓာတ်ပုံလေးတွေ ဖော်ပြလိုက်ပါတယ်...။