ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မင်္ဂလာဒုံလေဆိပ် မဆင်းသက်ခင် လေယာဉ်ပေါ်မှ မြင်ကွင်း (အမိမြန်မာပြည် အမှတ်တရ ဓာတ်ပုံ)

 
 
 လွမ်းမိပါသေးတယ်...
 လေယာဉ် မဆင်းသက်ခင် မြင်ရတဲ့ ဇေကမ္ဘာ ဦးခင်ရွှေရဲ့ မင်္ဂလာဒုံ အိမ်ယာ မြင်ကွင်းပါ..။ 

စကားမစပ် ယခု အမတ်ဖြစ်နေတဲ့ ဇေကမ္ဘာဦးခင်ရွှေ အကြောင်းလေးပေါ့... ဇေကမ္ဘာဦးခင်ရွှေ ဟာ ရန်ကုန်မြို့ ကန်တော်ကြီး နတ်မောက်လမ်းက စက်မှုလက်မှု ကျောင်းဆင်းပါ..။ ဦးခင်ရွှေတို့ ခေတ်က (၇)တန်းအောင်ရင် နတ်မောက်ကျောင်း တက်လို့ရပါတယ်..(နောက်ပိုင်းမှာတော့ ၈တန်းအောင်မှ လက်ခံပါတယ်။ အခုနအဖခေတ်မှာတော့ အဆိုပါကျောင်းမှာ ကျောင်းတက်မယ့် ကျောင်းသားတောင် မရှိဖြစ်နေပြီလို့ သိရှိရပါတယ်.)  ဇေကမ္ဘာဦးခင်ရွှေ ဟာအဆိုပါ နတ်မောက် ကျောင်းဆင်းပြီးတော့ ဆောက်လုပ်ရေး ဝန်ကြီးဋ္ဌာနမှာ JE အဆင့်နဲ့ ဝင်လုပ်ခဲ့ပါတယ်..။ 

နောက်တော့ သူဟာ အင်္ဂလိပ်စာကို လေ့လာဆည်းပူးပြီး လေ့လာလိုက်စားခဲ့တဲ့ အတွက် အင်္ဂလိပ်စကား လည်လည်ဝယ်ဝယ် ပြောနိုင် ဆိုနိုင်ပါတယ်တဲ့။ အင်္ဂလိပ်စကား လည်လည်ဝယ်ဝယ် ပြောနိုင်တဲ့အတွက် အဲ့ဒီကနေ နောက်ပိုင်း ကန်ထရိုက်ခေတ်မှာ အဆက်အသွယ်တွေရပြီး ကန်ထရိုက်တာ လုပ်ခဲ့ပါတယ်။ ၈၈အရေးအခင်းတုန်းက မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖြစ်ခဲ့စဉ်.. အရေးအခင်းမှာ မြင်းစီးပြီး ဆန္ဒပြမယ် ဆိုပြီးလုပ်ခဲ့တဲ့ အတွက် အဖွဲ့ဝင်တွေ အားလုံးက မသင့်တော်ဘူးဆိုပြီး ဝိုင်းဝန်းကန့်ကွက် ခဲ့ရပါတယ်တဲ့..။ နဝတ တက်လာတဲ့ အချိန်မှာတော့ ဗိုလ်ချုပ်တွေနဲ့ ပေါင်းပြီး ကြီးပွား ချမ်းသာလာတာပါ..။ နောက်ပိုင်း နိုင်ငံခြားက စီးပွားရေးနဲ့ ပတ်သက်တဲ့ ဒေါက်တာဘွဲ့ကို ရရှိခဲ့ပါတယ်။ (အဆိုပါ ဒေါက်တာဘွဲ့ကိုတော့ ငွေပေးပြီး ဝယ်ယူခဲ့တာ ဆိုပြီး အသံတွေ ထွက်ခဲ့ပါတယ်..။) ဗိုလ်ချုပ်ရွှေမန်း နဲ့ ခမီးခမက် တော်အောင် ဖန်တီးနိုင်တဲ့ အထိ စီးပွားရေး လာဘ်မြင်ခဲ့ပါတယ်..။ အခုတော့  ရန်ကုန်တိုင်း မဲဆန္ဒနယ် အမှတ် ၉ အမျိုးသားလွှတ်တော် လွှတ်တော်အမတ်နဲ့ ကြံ့ဖွံ့ပါတီပြောရေး ဆိုခွင့်ရှိသူ တစ်ယောက် ဖြစ်နေပါပြီ။

ပုဂ္ဂိုလ်ရေးတွေ တိုက်ခိုက်နေတာ မဟုတ်ပါဘူး၊ စပ်ဆက် စဉ်းစားနိုင်အောင်လို့ ဦးခင်ရွှေအကြောင်း သိရှိ ထားတာလေး ရေးသားလိုက်တာပါ...
 
အမိမြန်မာပြည် အမှတ်တရ ဓာတ်ပုံများအတွက် ပေးပို့လာတဲ့ ကိုချစ်ကိုအား ကျေးဇူးတင်ပါသည်..။