ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

လစ်ဗျားပြီး မြန်မာလား ....

Aljazerra ရုပ်သံ Battle for Libya
Russia Today ရုပ်သံ

လစ်ဗျားပြီး မြန်မာလား
(ဆောင်းပါးရှင် အောင်မျိုးထွန်း)

လူစုစု လူရှုပ်ရှုပ်နေရာတွေ၊ လမ်းဘေး လက်ဘက်ရည်ဆိုင်တွေနဲ့ အရက်ဆိုင် ဘီယာဆိုင်တွေမှာ နိုင်ငံရေးမုန်တိုင်း ထန်နေပါတယ်။ အခုတလော လူပြော သူပြောအများဆုံးက လစ်ဗျားကို ကုလသမဂ္ဂခွင့်ပြုချက်နဲ့ နိုင်ငံစုံတပ်တွေ ၀င်လာတဲ့ အကြောင်းဘဲ ဖြစ်ပါတယ်။ လစ်ဗျားမှာ ဘယ်ပုံအဆုံးသတ်မလဲ၊ ကဒါဖီ ဘာဖြစ်သွားမလဲနဲ့ အားလုံးက တွက်ချက် နေကြပါတယ်။ ဒါနဲ့တင် အားမရကြပါဘူး။ လစ်ဗျားပြီးရင် မြန်မာနိုင်ငံအလှည့် လာစေချင်တဲ့ သူတွေကိုလည်း တွေ့ နေရပါတယ်။ နိုင်ငံရေးသမားတစ်ယောက်က “ ဒီစစ်အစိုးရက အသားကုန် မဖိနှိပ်ဘူး၊ အပေါက်တွေ ဖောက်ပေးထားတယ်။ ပြင်းထန်တဲ့ အုံကြွမှုတွေ ဖြစ်ဖို့ နည်းတယ်..” လို့ သုံးသပ်တာကို ကြားဖူးပါတယ်။ စဉ်းစားစရာပါ။ လစ်ဗျားလို တင်ကူးအခြေအနေတွေ မြန်မာပြည်မှာရှိနေပြီလား။ ကဒါဖီကို “ မနပ်ဘူး၊ လူမိုက် ” လို့တချို့ က ပြောပါတယ်။ တရုတ်၊ ရုရှားနဲ့ တခြား သုံးနိုင်ငံက ကြားနေမဲ ထည့်ခဲ့တာ အံ့သြစရာမရှိပါဘူး။ သူတို့ အကျိုးစီးပွားနဲ့ အလှမ်းဝေးပြီး အာရပ်နိုင်ငံတွေရဲ့ လူထုနည်းနဲ့ ပြောင်းလဲမှုအပေါ် စိတ်ပါလက်ပါရှိပါတယ်ဆိုတာကို တဘက်လှည့်နဲ့ ပြသလိုက်တာလို့ ယူဆရပါတယ်။

လက်ရှိ တရုတ်ပြည်ရဲ့ မြန်မာနိုင်ငံအပေါ် သြဇာသက်ရောက်မှု ဘယ်လောက်အထိရှိသလဲ ဆိုတာ မေးစရာမလိုတဲ့ မေးခွန်းပါ။ ရုရှားနဲ့ မြန်မာဆက်ဆံရေး အထူအပါးကိုလည်း သဘောပေါက် နေကြပါပြီ။ ကုလသမဂ္ဂမှာ နင်လားငါလား တွေ့ကြရင် သူတို့ရဲ့“ ဗီတိုမဲ ” ကိုကျော်လွှား နိုင်ပါ့မလားဆိုတာ ချင့်ချိန်စရာပါ။  ကဒါဖီကို ဆန့် ကျင်တော်လှန်ကြတဲ့ အင်အားစုတွေမှာ လက်နက်တွေ ပိုင်ဆိုင်ထားကြပြီး တချို့ အရေးပါတဲ့မြို့ တွေကို ခြေကုတ် ယူထားနိုင်တာကို တွေ့ ရပါတယ်။ လေယာဉ်တွေ၊ လူအများကြီးကို သေကြေစေနိုင်တဲ့ ဗုံးဆန်တွေကိုသုံးပြီး ဆန္ဒပြသူတွေကို လူမြင်သူမြင် မကောင်းလောက်အောင် သတ်ဖြတ် ခြေမှုန်းနေတဲ့ ကဒါဖီရဲ့ ရန်လိုစိတ်က လူရိုင်းတစ်ကောင်လိုဘဲ။ မြို့သိမ်း တော်လှန်ရေးသမားတွေကလည်း နိုင်ငံတကာ အစိုးရတွေကို ရှင်းရှင်းပြတ်ပြတ်ဘဲ အသနားခံပါတယ်။ 

ကျွန်တော်တို့ ကို ရက်ရက်စက်စက် သတ်နေပြီ၊ အစိုးရ စစ်အင်အားနဲ့  ဘယ်လိုမှ မယှဉ်နိုင်ဘူး၊ စစ်ရေး အကူအညီပေးပါ၊ ကဒါဖီကို အောင်နိုင်ဖို့ ဒါဘဲရှိတော့တယ်..” ဒီနေရာမှာ အာရပ်အဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်က နိုင်ငံတကာ အရေးယူဖို့ကို မီးစိမ်းပြပေး ခဲ့ပါတယ်။ ကျွန်တော်တို့ဆီက အာစီယံရဲ့ ရပ်တည်ချက်နဲ့ နှိုင်းယှဉ်ကြည့်စရာပါ။ ကျွန်တော်တို့ ဆီက ဆန့်ကျင်ဘက်အင်အားစုရဲ့ အနေအထားနဲ့ အမာဆုံးဆိုတဲ့ အုပ်စုအပေါ် စစ်အစိုးရရဲ့ ကိုင်တွယ်ထိန်းကျောင်းနေပုံကို မျက်ခြေမပြတ်ကြည့်နေဖို့ လိုပါတယ်။ တစ်ဘက် မှာလည်း စစ်တပ်နိုင်ငံရေးလို့ ခေါ်ရမယ့် ရွေးကောက်ပွဲလမ်းကြောင်းမှာ လိုက်ပါစီးမျောနေကြတဲ့ နိုင်ငံရေးအစုတွေ ရှိနေပါတယ်။

လစ်ဗျားမှာ ဖြစ်နေတာကို မြန်မာပြည်သူတွေ သိပ်ကျေနပ် နေကြတာတွေ့ ရပါတယ်။ ကဒါဖီ ကျဆုံးသွားတာကို မြင်လိုကြပါတယ်။

လစ်ဗျားလိုမျိုး ကျွန်တော်တို့ ဆီမှာ ဖြစ်နိုင်မယ် မထင်သေးဘူး။

အောင်မျိုးထွန်း
၂၁- ၃- ၂၀၁၁

ကိုအောင်မျိုးထွန်းအား ကျေးဇူးတင်ပါသည်..။