ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ယနေ့ မနက်ပိုင်းက နျူကလီးယား ဓာတ်ပေါင်းဖို အမှတ်(၃)အား ဂျပန်ကာကွယ်ရေးတပ်မှ ရဟတ်ယာဉ်၂စီးဖြင့် ရေ(၇.၅တန်စီ)အား လေးကြိမ်သယ်ဆောင် ရေလောင်းချခဲ့တဲ့ သတင်း (ရုပ်သံ)

ယနေ့ မနက်ပိုင်းက ဂျပန်ကာကွယ်ရေးတပ်မှ CH47ရဟတ်ယာဉ် (၂)စီး အကူအညီဖြင့် ရေ ပမာဏ၇.၅တန်စီ ၄ကြိမ် သယ်ဆောင်ပြီး နံပတ်(၃) နျူကလီးယားဓာတ်ပေါင်းဖိုအား ကောင်းကင်မှ ရေလောင်းချ ပက်ဖြန်းခဲ့ပါတယ်..
(ဓာတ်ပုံ Asahi)
ရဟတ်ယာဉ်ဖြင့် ရေပက်ဖြန်းမှု ရုပ်သံသတင်း. (ANN သတင်းပြန်တင်ပေးလိုက်ပါတယ်) (သတင်း TBS ရုပ်သံ ANN)
ထူးခြားတာကတော့ ရဟတ်ယာဉ်နဲ့ ရေလောင်းချ ပက်ဖြန်းခဲ့တဲ့ ရုပ်သံသတင်းအား Yutube မှာ TBS သတင်းဋ္ဌာနမှ ၎င်းတို့ကိုယ်တိုင် တင်ထားခဲ့ပြီး.. အဆိုပါရုပ်သံအား တင်ပြီး မကြာခင်မှာပဲ ဖျက်သိမ်းပစ်လိုက်တာပါပဲ..။
ရေပမာဏ လျော့နည်းလာနေတဲ့ နျူကလီးယားဓာတ်ပေါင်းဖို အမှတ်(၃)အား ယနေ့မနက် ၈နာရီ ၄၈မိနစ်က ဂျပန်ကာကွယ်ရေးတပ်မှ ရဟတ်ယာဉ် ၂စီးဖြင့် ပင်လယ်ရေတန်ချိန် (7.5တန်)စီအား လေးကြိမ်တိုင်တိုင် ပေါင်း တန်(၃၀)အား လေးကြိမ် သယ်ဆောင်၍ ရေပက်ဖြန်း လောင်းချမှုကို ပြုလုပ်ခဲ့ပါတယ်...။ ၁၆ရက်နေ့က ရဟတ်ယာဉ်ဖြင့် ရေပက်ဖြန်း လောင်းချဖို့ ကြိုးစားပေမယ့်လည်း ရေဒီယိုသတ္တုကြွမှု မြင့်မားနေတဲ့အတွက် မပြုလုပ်နိုင်ခဲ့ပါဘူး..။ နံပါတ်(၃) ဓာတ်ပေါင်းဖိုထဲ ရေပမာဏမည်မျှ ဝင်ရောက်သွားတယ် ဆိုတာကိုတော့ မသိရှိရသေးပါဘူး...။ ဆက်လက်ပြီး ရေလောင်းချ ပက်ဖြန်းမယ်လို့လည်း ကြေငြာသွားပါတယ်...။ ယခုလက်ရှိ အနေအထားအရ စိုးရိမ်ရတဲ့ အခြေအနေ လျော့နည်းလာရင် မီးသတ်ကားနဲ့ မီတာ(၅၀)မှ အနီးကပ် ဆက်လက် ပက်ဖြန်းမှာ ဖြစ်ကြောင်း ကြေငြာသွားပါတယ်..။ နံပါတ်(၄) နျူးကလီးယား ဓာတ်ပါင်းဖိုမှာလည်း ရေလျော့နည်းနေကြောင်း  ကြေငြာသွားပါတယ်..။ အမေရိကန်မှ ကျွမ်းကျင် ပညာရှင်များမှလည်း ရောက်ရှိအကူအညီ ပေးလျှက်ရှိပြီး ထို့အတွက် အထူးကျေးဇူးတင်ကြောင်း ကြေငြာသွားပါတယ်..။
၁၅ရက်နေ့က ဆူနာမိဒဏ်ခံရတဲ့ အိဝတဲခရိုင်ကို လေယာဉ်ပေါ်မှ ရိုက်ယူထားတဲ့ မြင်ကွင်းနဲ့ တောမီးလောင်နေမှုအား ရဟတ်ယာဉ်ဖြင့် ရေပက်ဖြန်းနေပုံ မြင်ကွင်း..ယနေ့အထိ သေဆုံးပျောက်ဆုံးသူပေါင်း ၁၄၀၉၁ဦး (နေ့လည် ၁၂နာရီထိ သတင်းအရ) ရှိနေပါပြီ..။
ယနေ့ နာရီတာလေဆိပ် မြင်ကွင်း...
ဆက်စပ်သတင်း ... နာရီတာလေဆိပ်မှာ ပြည်တော်ပြန်ကြမယ့် နိုင်ငံခြားသားများနဲ့ ပြည့်ကျပ်နေပြီး တရုတ်နိုင်ငံသား အများအပြားနဲ့ ပြင်သစ်နိုင်ငံမှ ၎င်းတို့နိုင်ငံသားများအား လေယာဉ်များဖြင့် လာရောက် ခေါ်ဆောင်နေပါတယ်.. လေယာဉ်အတွက် သယ်ဆောင်ခ ကုန်ကျစားရိတ်ကို ပြင်သစ်အစိုးရမှ ကျခံမှာ ဖြစ်ပါတယ်..။ ဂျာမဏီနှင့် အစ္စရေးနိုင်ငံတို့မှလည်း ၎င်းတို့နိုင်ငံသားများအား မိမိတို့နိုင်ငံသို့ ပြန်လာရန်နှင့် အကယ်၍ ပြန်မလာနိုင်ပါကလည်း ဂျပန်နိုင်ငံတောင်ပိုင်း အရပ်များသို့ တိမ်းရှောင်နေကြရန် ညွှန်ကြားထားကြောင်း ကြေငြာသွားပါတယ်...