ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ကြခတ်ဝိုင်းဆရာတော် (၂) (ဆောင်းပါးရှင် ဒေါက်တာ လှိုင်မြင့်)

အဲဒီမှာကြည့်ရင် အခုခေတ် မဟန ကိုယ်တော်တွေကို ဆုံဖူးပါတယ်။ လူကြီးအိမ်တွေမှာ ဆွမ်းကျွေးဖိတ်တော့ ဆုံဖူးတာပါ။ အမလေးဗျာ သူတို့ မှာဝန်ကြီးနဲ့ စကား အာလာပ သလာပလေး ပြောရဖို့ အခွင့်အခါ ချောင်းနေကြတာက သိပ်သိသာတယ်။ ပြီးပြောလိုက်တာက ဖါးတဲ့အသံ ဘုန်းကြီးက လူ့အကြိုက် ဖမ်းစကားပြော နေရရှာတယ်လို့ဗျာ။ ပြီးအခွင့်သာတာနဲ့ အကြိုက်လေးတွေ အပင့်လေးတွေ အပြိုင်အဆိုင် ထည့်နေကြပါလေရော။ ကျနော်ကလဲ လူ့ ဂွစာ ။ ကျနော်ကို လာမြှောက်ပင့်ရင် နောင်တသက်လုံး ဘယ်သူ မှ မပင့်ရဲအောင်ကို ပက်ပက်စက်စက် (ညစ်ညစ်ပတ်ပတ် တုတ်ထဲ့တာ)။ ကျနော်လဲ ဘယ်သူ့ကိုမှ မမြှောက်တတ်ဘူး။ မြှောက်ပေါင်းသူဆို နောင်ဘယ်တော့မှ မပေါင်းတော့ဘူး။ ဒီလိုလူတွေကို ဝေးဝေးကရှောင်တယ်။ အဲဒီမှာ ခက်နေတော့တာ ပြောထည့်ရအောင်ကလဲ လူတွေကြားမှာ ပြီးဘုန်ကြီးလည်း ဖြစ်နေပြန်။ တော်တော် စိတ်မသက်သာ ရတာဘဲ။ ထားပါ ။

နောက်ကျနော် နိုင်ငံရေးအမှုနဲ့ ထောင်ကျတယ် (ထောင်ကျရတဲ့အကြောင်း Sanction ဆောင်းပါးမှာ ပြန်ဖတ်နိုင်ပါတယ်)။ ထောင်ကလွှတ်ပြီးစမှာ ကျနော်က မောင်နှမတွေကို ဘဏ်တွေ ကွဲတော့မယ်... အပ်ထားတဲ့ငွေတွေ အမြန်ထုတ်ကြ အတင်း တိုက်တွန်းတော့ ထုံးစံအတိုင်း မယားညီအကိုတော်တဲ့ ဗိုလ်မှုးချုပ်ကျော်သိန်း (ထောက်လှမ်း)က ကြားသွား သိသွားပြီး အဲ့ဒါကို သတိပေးချင်လို့ သူ့အိမ်ဆွမ်းကျွေးလုပ်တာကို ဖိတ်ပါလေရော။ ထုံးစံအတိုင်း အဖွားအိမ်ဝင်းထဲ (ရီရတယ်..  အဖွားအိမ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး နောက်တည့်တည့် ကပ်လျှက်) ဆိုတော့ ပဲခူးကြခတ် ဝိုင်း ဆရာတော်ကိုလဲ ဖိတ်ပါတယ် ။

အဲဒီမှာ ဘုန်းကြီးက ဒေါက်တာကြီး ဘာညာနဲ့ပေါ့ ဒေါက်တာကြီးတို့ လိုလူတွေကို လေးစားတယ် ဘာညာပေါ့။ သိပ်မမှတ်မိတော့ပါ။ နိုင်ငံရေးဘဲ ထလုပ်တော့မလိုလို ပြောပါတယ်။ ဆွမ်းကျွေးပြီးတော့ ကိုကျော်သိန်းရယ် သူ့တပည့် ထောက်တပ်မှုးတွေနဲ့ စကားပြောတော့ ဒကာကြီး တပ်ချုပ်ကြီး ကျေးဇူးက ကြီးပါပေတယ်။ ဘာညာတွေ လုပ်ပါလေရော။ ပြောနေတာက ၂၀၀၇ -ရွှေဝါရောင်တော်လှန်ရေး အပြီး ထွက်လာတဲ့ အခွေထဲက စကားမျိုးဆန်ဆန်ဘဲ။ တစ်ပုံစံထဲပါဘဲ။ အဲဒီအခွေက သူ့အသံမှ သူ့အသံစစ်စစ်။ မြေကြီးလက်ခတ်မလွှဲဘူး ။

ဘုန်ကြီးလဲ ပြန်ကြွရော ကိုကျော်သိန်းက ကိုလှိုင်မြင့် တွေ့တယ်မဟုတ်လား။  ခင်ဗျားနဲ့ ပြောနေတုန်းတာတွေ ကျုပ်ကြားတာပေါ့။ အခုဘဲခင်ဗျားနဲ့ လက်တွဲ မပါရတာကို စိတ်မကောင်း ဖြစ်နေသလိုလို။ ကျုပ်တို့နဲ့ ပြောတော့ တွေ့တယ် မဟုတ်လား ကျုပ်တို့ ဖမ်းနေတာတောင် နည်းသေးသလိုလို။ (ပစ်သတ်တယ်မပြောပါ)။ ဒီဘုန်းကြီးက ပုတ်သင်ညို ဘ၀ကနေ ၀င်စားလားတာဖြစ်မယ်။ အခုအဖြူ ခဏနေတော့ အမဲဖြစ်ပြန်ကောတဲ့ ။

ထားပါတော့ အထက်မှာ ရေးသားချက်တွေမှာ ကျနော်ဘုန်းကြီးလို ဆက်ဆံ့ခဲ့လို့ ဘုန်းကြီးလို့ သုံးနှုံးထားပါတယ်။ အဲ ၂၀၀၇- ရွှေဝါရောင်တော်လှန်ရေးဖြစ်တော့ ရန်သူဆိုရင် အကြွင်းအကျန် မထားကောင်းဘူး။ ရှင်းရင်အပြတ်ရှင်းရတယ်နဲ့ သန်းရွှေ ဆီမူတည်ပြိးဟောထားတဲ့ လေသံအပြင် အပြောအဆို အသုံးအနုံးတွေဟာ သူ့ အသုံးအနုံးတွေပါ။ သူ ကိုကျော်သိန်းတို့နဲ့ ပြောတော့လဲ သန်းရွှေဆီ ဦးတည်တဲ့ စကားကိုပြောနေတာ ။

အဲဒါ ပါဏာတိပါကံ ကျူးလွန်အောင် အားပေး တိုက်တွန်းတာဘဲ။ အဲဒါ ပါရာဇိကဒ် ကံထိုက်သွားပြီ။ သူသတ်ခိုင်းသူတွေ အထဲမှာ သူ တပည့်ဟောင်းတွေ အများကြီးပါနေပါတယ်။ ဘုန်းကြီးတွေပါ။ ကောင်းပြီ ဘုန်ကြီးက နိုင်ငံအရေးထဲ ၀င်မပါရဘူးဆိုရင် သူက(ကြခတ်ဝိုင်းဆရာတော်) လူထုဘက်ကလဲ ပါစရာမလို စစ်တပ်ဘက်ကလဲ ပါစရာမလိုဘူးလေ။ သာလွန်မင်းကြီးကို သားတော်တစ်ပါးက အာဏာသိမ်းလေတော့ သာလွန်မင်းတရားကြီးဟာ စစ်ကိုင်းဘက်ကိုကူး ဘုန်ကြီးကျောင်းတခုထဲ ၀င်ခိုလှုံပါတယ်။ ပထမ ကျောင်းက ကျောင်းထိုင်ဆရာတော်က မင်းအရေးအခင်းမှာ မပါလိုတာကြောင့် သာလွန်မင်းကြီးကို လက်မခံပါဘူး ။

အဲဒိတော့ နောက်တစ်ကျောင်းကို ၀င်ခိုရတယ်။ နောက်တစ်ကျောင်းက ဆရာတော်က ခိုလှုံခွင့်ပြုရုံတင်မက လူသူတွေစုစည်းပြိး မင်းကြီးကို လာဖမ်းသူတွေကို ဦးဆောင်ပြန်တိုက်ပါတယ်။ နောက် အဲဒီအရေးကို မင်းကြီးလူတွေက နိုင်လိုက်ပါတယ်။ သာလွန်မင်းကြီးဟာ ဆရာတော် နှစ်ပါးလုံးကို ချီးမြောက်တော်မူပါတယ်။ ပထမ လက်မခံတဲ့ ဆရာတော်ကို သာသနာစည်းကမ်း ၀ိနည်းတော်ကို အလေးထားတဲ့ အတွက် ချီးမြောက်တာပါ။ ဒုတိယဆရာတော်ကိုတော့ သူ့အသက်ကို ကယ်ဆယ်ခဲ့လို့ ချီးမြောက်ခဲ့တာပါ ။

ကျုပ်တို့ဘုန်းကြီး ကြခတ်ကို သာသနာတော်ကို ကြည်ညိုလှတဲ့ နားလည်တော်မူတဲ့ သာလွန်မင်းတရားကြီးသာ ရှိခဲ့ရင်.. သတ်ရင် အကြွင်းအကျန်တောင် မထားနဲ့ ဆိုတဲ့ ဆရာတော်ကို ဘယ်လို ချီးမြှောက်မယ် ထင်ကြပါသလဲ။ ကိုယ်တိုင်သာ သုံးသပ်ကြပါတော့ ။

ဆက်လက်ဖော်ပြပေးပါမယ်...