ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မြန်မာတိုမ်းမှာ ပါတဲ့ အင်တာနက်မှ ဖုန်းခေါ်ဆိုမှုများ မပြုလုပ်ရန် တားမြစ်ချက်နဲ့ "အင်တာနက်ဆိုင်ပိုင်ရှင် တစ်ဦး၏ ရင်ဖွင့်ချက်"

"အင်တာနက် ဆိုင်ပိုင်ရှင် တစ်ဦး ၏ရင်ဖွင့်ချက်"
(facebook Myanmar Thinkerမှ)

ကျွန်တော့်ဆိုင်ကို MPT မှ စာနှင့် Myanmar Info Tech မှ စာနှစ်စောင်ရရှိပါတယ်။ Myanmar Info Tech ကတော့ MPT စာကို ရည်ညွှန်း ပေးပို့ထားတာဖြစ်ပြီး၊ MPT မှ စာကတော့ အတော့ကို ဖတ်လို့အစဉ်မပြေ စာထုတ်ရသူက မရေးချင်ရေးချင် ရေးရတာလား ၊ စာမရေးတက်လို့လား ၊ တမင်ကွန့် ရေးလိုက်သည်လား ဆိုတာကတော့ ကံယကံရှင်ဘဲ သိမယ်။

MPT စာမှာက အများပြည်သူများကို ဈေးနှုန်း ချိုသာစွာဖြင့် သုံးစွဲရန် ဆွဲဆောင်ခြင်း ပိုမို များပြားလာခြင်းကြောင့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၏ တရားဝင် နိုင်ငံခြား ခေါ်ဆိုမှု့များ ကျဆင်းလာပြီး နိုင်ငံတော်၏ ၀င်ငွေထိခိုက်မှုများ ဖြစ်ပေါ်လာပါသည် လို့ရည်ညွှန်း ဖေါ်ပြထားတာကို တွေ့ရပါတယ်။

ဒီနေရာမှာ ကျွန်တော် မေတ္တာရပ်ခံလိုတာက MPT ဟာ စီးပွားဖြစ်ဝင်ငွေရှာတဲ့ စိတ်မထားဘဲ ပြည်သူ၊ ပြည်သားများ ဆက်သွယ်မှု့အစဉ်ပြေစေရေးကို အရှုံးခံသင့် အရှုံးခံပြီး ပြည်သူတွေအတွက် လုပ်ပေးသင့်ပါတယ်။ ပြည်သူတွေ ဈေးနှုံးသက်သာစွာ အသုံးပြုနေနိုင်အောင် MPT မှ မလုပ်ဆောင်နိုင်ရင်တောင် ပြည်သူတွေ ဈေးနှုံးသက်သာစွာ အသုံးပြုနိုင်ခွင့်ကို မျက်နှာလွှဲသင့် လွှဲထားသင့် တယ်လို့ ယူဆမိတယ်။

Information Technology ခေတ်ကြီးမှာ IT ရဲ့ အသီးအပွင့်တွေကို မစားရလို့ သက်မှတ်သည်မှာ သဘာဝကျလှသည်မဟုတ်။ MPT ကိုယ်တိုင်ကလည်း ဒီလို အခွင့်အလမ်းမျိုးလုပ်ပြီး အစားထိုးသည် ဆိုလည်း သိပ်ပြောရန် အကြောင်းပေါ်မည်မထင်။

အဲ့ဒီ MPT က စာကို ဖတ်တော့ Gtalk , VZO , Pfingo , Skype , Callback တို့ကို တားလိုက် မယ်လို့ ဖေါ်ပြထားသော်လည်း VOIP Gateway များကြောင့် MPT စီးပွားပျက်ရပါတယ် ဆိုသည်ကို မတွေ့ရ၊ ပြည်ပ နိုင်ငံများကို သွားရောက်သူတိုင်း မြန်မာနိုင်ငံကို ဈေးနှုံးချိုသာစွာ အသုံးပြုနိုင်တဲ့ Calling Card တွေဟာ VIOP စနစ်နဲ့ အင်တာနက်မှ တဆင့် မြန်မာနိုင်ငံ အတွင်းသို့ ၀င်ရောက်လာတာ ဖြစ်ပြီး ပြည်တွင်းမှာ VOIP Gateway တပ်ဆင်ပြီး local Phone line မှ တဆင့် ၀င်ရောက်လာတာပါဘဲ။ VOIP Gateway ဆိုလို့ အကြီးကြီး မထင်လိုက်ပါနဲ့ ဒီနေ့ ကျွန်တော်တို့ အသုံးပြုနေတဲ့ Switch လောက်သာသာ ရှိတဲ့ Gateway လေးနဲ့ RJ 11 8 Port, 16 port 24 port စသည်မှ E1 Line တို့ နဲ့ ချိတ်ဆက် အသုံး ပြုနိုင်တဲ့ စနစ်လေးပါ၊ အဲ့ဒါတွေ ဘယ်တာကထွက်ပါသလဲ အဲ့ဒါတွေ အခုလည်း ရှိနေတော့ MPT မမြတ်ရင်တော့ တာဝန်ရှိသူများ အမြတ်ရလို့ အသံမထွက်တာလား ဒါမှ မဟုတ် ထည့်သွင်းဖေါ်ပြရန် မေ့သွားတာလား ဆိုတာကို တွေးတော ရမလိုပါဘဲ။

ပိုလို့ စိတ်မကောင်းရသည်မှာ မြန်မာနိုင်ငံ အင်တာနက် လိုင်းများကျ နေသည့်နေ့များ တွင်ပင် VOIP gateway တွေမှ ၀င်လာသည့် ပြည်ပမှာ ခေါ်ဆိုတဲ့ ဖုန်းတွေက လိုင်းကောင်းနေလေတော့၊ ဒီလို လိုင်းကောင်းအောင် လုပ်ပေးနိုင်သည့် မြန်မာပြည်မှ VOIP Gateway ကော်မရှင်ရ ပညာရှင်များကို ပြောလိုတာက....

ငါတို့က PAC ကို တစ်လ ၅၀၀၀၀ ပေးရတယ်၊ Bagan လိုင်းက ၅၁၂ ထက်ပိုမပေး၊ လိုင်းက စိတ်မချရ တော့ MPT နောက်တလိုင်း ကို ၁၄၀၀၀၀ သိန်းလောက် ပေးပြီး ထက်ဝယ်ရတယ် အဲ့ဒါတောင် ၅၁၂ ဘဲရတယ်။ ဒီထက် ပိုလိုချင်ရင် လိုင်းကြေးရှိတယ် အဲ့ဒီမှတောင် ပုံမှန် အိုင်ပီနဲ့ အလိုအလျှောက်အိုင်ပီ နှစ်ပိုင်းခွဲထားပြီး လိုင်းကြေးမရှိသူတွေကို အလိုအလျှောက်အိုင်ပီ ပေးထားပြီး လိုင်းနဲနဲ ကျတာနဲ့ လိုင်းမရဖြစ်၊ လိုင်းကြေးနဲ့ ဆို ပုံမှန် အမြဲရ အိုင်ပီတွေပေးတယ်။

ဒီလို ဒီလိုတွေကြောင့် ပုံမှန် အခန်းဌားခ၊ Bagan လစဉ်ကြေး၊ MPT လစဉ်ကြေး၊ PAC လစဉ်ကြေး ၊ ၀န်ထမ်းကြေး၊ မီတာခ ဒါတွေနဲ့တင်မက အင်တာနက်က မရတာက များများနေလို့ လည်ပင်းအစ်နေတုန်း ဟိုတလောက CCTV တွေ မတက်လို့ မရဘူးလို့ မြို့နယ်ရုံးက လက်မှတ်ထိုးခိုင်းလို့ မရှိရှိတာလေးနဲ့ ၀ယ်တပ် လိုက်ရပါသေးတယ်၊ ဒီလို အနိုင့်အထက်နဲ့ စားဘို့ လုပ်နေသူတွေကို ဥပဒေ ကို အကြောင်းပြ၊ အသံကောင်းဟစ် သည်ကို စိတ်မကောင်းရန်မှ အပ အခြားမရှိသည့် ဘ၀။

ဂျီတော့ ဦးတင့်လွင် ထုတ်ပြန်ချက် ပြန်ဖတ်ချင်ရင်..
http://www.demowaiyan.co.cc/2011/03/blog-post_18.html