ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဂျပန် ဆူနာမီရေဘေးဒဏ်ဟာ တခြားသောနိုင်ငံတွေမှာ ခံခဲ့ရတဲ့ သဘာဝဘေးဒဏ်တွေထက် ဘာကြောင့်ပိုပြီး လူတွေပိုပြီး စိတ်ဝင်စား အလေးထားကြသလဲဆိုတဲ့ (ရုရှားတူဒေး ရုပ်သံ)

 ဆန်းဒိုင်လေဆိပ်မှ ဆူနာမီနဲ့ မျောပါလာတဲ့ လေယာဉ်နဲ့ကားများ
ဆန်းဒိုင်မှ ကုန်သေတ္တာစခန်းတစ်ခု မြင်ကွင်း ဓာတ်ပုံ ASAHI
(ရုရှားတူဒေး ရုပ်သံ) နှိုင်းယှဉ်ချက်မှာ မြန်မာပြည် နာဂစ်အကြောင်းလည်း ပါပါတယ်..
Youtube ကြည့်မရတဲ့ ပြည်တွင်းမှ စာဖတ် ပရိသတ်များ ရုပ်သံဖိုင် ဒေါင်းလုပ်လုပ်ချင်ရင်. http://www.mediafire.com/?den7gbzc8w3d4dg

ရုရှားတူဒေးက ထုတ်ပြန်သွားတဲ့ ဂျပန်နိုင်ငံမှာ လုပ်ခဲ့တဲ့ ငလျင်နဲ့ ဆူနာမိဒဏ် ခံရတဲ့ မြင်ကွင်းတွေကို ကမ္ဘာပေါ်ရှိ လူသန်းထောင်ပေါင်းများစွာက ကြည့်ရှူသိမြင်ခွင့် ရရှိခဲ့ပါတယ်.. ဘာကြောင့်လဲ ဆိုတော့ ဂျပန်ဟာ Hi-Tech Country ဖြစ်တဲ့အပြင် ဂျပန်ပြည်သူ အများအပြားဟာ ကင်မရာနဲ့ တခြားအဆင့်မြင့်တဲ့ ဆက်သွယ်ရေး ပစ္စည်းတွေ လူတိုင်းနီးပါးမှာ ရှိကြတဲ့ အတွက် ဖြစ်ပေါ်ခဲ့တဲ့ အဖြစ်အပျက်များကို မှတ်တမ်းတင် ရိုက်ကူးထားချက်များ အများအပြားထွက်ပေါ်ခဲ့ပါတယ်..။ ၂၀၀၅ခုနှစ်က ပါကစ္စတန်မှာ ဖြစ်ပေါ်ခဲ့တဲ့ လူ ၇သောင်း၅ထောင် သေဆုံးခဲ့ရတဲ့ အဖြစ်အပျက်တွေဟာ ကင်မရာ၊ မီဒီယာနဲ့ မှတ်တမ်း အထောက်အထားတွေ တင်ပြနိုင်မှုအားနည်းတဲ့ အတွက် ကမ္ဘာ့တဝှမ်း သိရှိမှုနည်းပါးခဲ့ပါတယ်..။ ထို့အတူ ၂၀၀၈ခုနှစ် လူပေါင်း ၆ထောင် ၈ရာလောက် သေဆုံးခဲ့ရတဲ့ တရုတ်နိုင်လှုပ်ခဲ့တဲ့ ငလျင်မှာလည်း မီဒီယာတွေ အကန့်အသတ်ရှိခဲ့ပါတယ်..။ အဲ့ဒီ့အတွက်ကြောင့် ကမ္ဘာ့အတိုင်းအတာ အနေနဲ့ လူစိတ်ဝင်စားမှုတွေ ကွားခြားချက်တွေပေါ့..။ ဒါကတော့ တခြားနိုင်ငံတွေနဲ့ ဂျပန်ငလျင် နှိုင်းယှဉ်ချက်တွေပါ..
မီယာဂိခရိုင်မှ မြင်ကွင်းတစ်ချို့ (ဓာတ်ပုံ Asahi)

မီယာဂိခရိုင် ဂျိုရှိခဝမြို့အား ရဟတ်ယာဉ်ပေါ်မှ မြင်ရသည့် အပျက်အစီးမြင်ကွင်းများ..(Asahi ရုပ်သံ) ရထားတွေမျောပါ ပျက်စီးခဲ့ရတဲ့ ဆူနာမီ ရေလှိုင်းဒဏ်ဟာ မည်မျှ ကြီးမားတယ် ဆိုတာ ခန့်မှန်းနိုင်ပါတယ်..။
Youtube ကြည့်မရတဲ့ ပြည်တွင်းမှ စာဖတ် ပရိသတ်များ ရုပ်သံဖိုင်  ဒေါင်းလုပ်လုပ်ချင်ရင် http://www.mediafire.com/file/uzx4595wlon4enw/Tsunmi%20Hit%20Miyagi.flv

ထို့အတူ အရာရာကို သံသယမျက်လုံးတွေနဲ့ ကြည့်တတ်တဲ့ အာဏာရှင် စစ်ဗိုလ်ချုပ်တွေရဲ့ လူမဆန်မှုကြောင့် လူပေါင်း ၁သိန်း၎သောင်းခန့် သေဆုံး ပျောက်ဆုံးခဲ့ရတဲ့ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းမှာလည်း မီဒီယာတွေ ကန့်သတ်ချုပ်ခြယ်ခံရတဲ့ အတွက် ကမ္ဘာ့ပြည်သူတွေ သိရှိခွင့်မရပဲ စာနာထောက်ထားမှု အပြည့်အဝ မရရှိခဲ့ရပါဘူး..။ (သီတဂူဆရာတော်ကြီးရဲ့ တရားပွဲတစ်ခုမှာ နာဂစ်မုန်တိုင်းအတွင်း လူတွေဟာ ပရမ်းပတာနဲ့ သေဆုံးခဲ့ရတယ်လို့ ဟောပြောခဲ့ပါတယ်)။ မုန်တိုင်းပြီးလို့ ကယ်ဆယ်မယ့်သူတွေ ရောက်မလာလို့ မသေသင့်ပဲ သေဆုံးခဲ့ရတဲ့သူတွေ အများအပြားပါ...။ လူသားချင်း စာနာထောက်ထားပြီး ကူညီချင်လွန်းလို့ပါ ဆိုပြီးရောက်လာတဲ့ အမေရိကန်၊ ပြင်သစ်စတဲ့ တိုင်းပြည်တွေက စစ်သဘောင်္တွေကိုလည်း အာဏာရှူးတွေ အကြောက်ထူးလို့ အပြစ်မဲ့ ပြည်သူတွေ အသက်ပေးခဲ့ရ၊ မသေသင့်ပဲ သေခဲ့ရတာပါ..။ ဒါတွေဟာ မေ့ဖျောက်လို့ မရနိုင်တဲ့ အာဏာရှင်တွေရဲ့လူသတ်မှုတွေပါပဲ..။ ဒီနိုင်ငံမှာ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်တာ မြင်ရလေလေ နာဂစ်မှာ သီတဂူဆရာတော် ပြောခဲ့သလို ပရမ်းပတာနဲ့ သေဆုံးခဲ့ရတဲ့ ပြည်သူတွေအတွက် အထူးခံစားရလေလေ ဖြစ်ရပါတယ်..။ လူကိုလူလို တန်ဘိုးထား စာနာတတ်တဲ့ အစိုးရနဲ့ စစ်အာဏာရှင် တွေရဲ့ ကွာခြားချက်တွေပါပဲ..။ ဂျပန်ငလျင် ဖြစ်တဲ့နေ့က ကိုယ်တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးတွေကို ဆက်လက်ရေးသား ဖော်ပြပေးပါ့မယ်..။ အမိမြန်မာပြည်၌ စစ်အာဏာရှင်စံနစ် ဖယ်ရှားရေးသည် မြန်မာနိုင်ငံသားအားလုံး၏ တာဝန်ဖြစ်သည်..။