ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

တိုကျိုရှိ မြို့ပေါင်း ၄၀ အချိန်ပိုင်း နှင့်မီးဖြတ်မည်...


လူတစ်သောင်းကျော် အဆက်အသွယ် ပြတ်တောက်နေတဲ့ မီယာဂိခရိုင် ဆန်းရိုကုချောမြို့မှ ဆုနာမိ ရေလှိုင်းဒဏ် ခံရသည့်ရုပ်သံသတင်း..။ လောလောဆယ် သေဆုံး ပျောက်ဆုံးသူ ၂၈၀၀ကျော်ရှိနေပြီး ဆက်လက်၍ သေဆုံး ပျောက်ဆုံးသူစာရင်း တိုးတိုးလာနေကြောင်း ကြေငြာသွားပါတယ်..။ တစ်ချို့ဒေသများမှာ ရေမီးနဲ့ အစားအစာများ ပြတ်တောက်ခြင်းများ ကြုံတွေ့နေရပါတယ်...

ယခုနောက်ဆုံးရ သတင်းကြေငြာချက်အရ တိုကျိုမြို့နှင့် အခြားခရိုင်မြို့များတွင် တစ်နေ့ သုံးနာရီခန့် လျှပ်စစ်မီးဖြတ်မည် ဖြစ်ကြောင်း ကြေငြာသွားပါတယ်..။ တိုကျိုရှိ မြို့ပေါင်း (၄၀)တွင် မနက်ဖြန်မှ စ၍ဧပြီလကုန်အထိ လျှပ်စစ်မီး ခေတ္တဖြတ်တောက်မည် ဖြစ်ကြောင်း သိရှိရပါတယ်..။
Group (1) မနက် ၆-နာရီ ၂၀-မိနစ် မှ မနက် ၁၀-နာရီ ညနေ ၄-နာရီ ၅၀မိနစ် မှ ညနေ ၈-နာရီ ၃၀ မိနစ် (၈မြို့)
Group (2) မနက် ၉-နာရီ ၂၀-မိနစ် မှ နေ့လည် ၁-၀၀နာရီ ညနေ ၆-နာရီ၂၀-မိနစ် မှ ညနေ ၁၀-နာရီ (၂၂မြို့)
Group (3) နေ့လည် ၀၀-၂၀ မှ ညနေ ၄-၀၀နာရီ (၄မြို့)
Group 4 နေ့လည် ၁၃း၅၀ မှ ၁၇း၃၀မိနစ် (၅မြို့)
group 5 နေ့လည် ၁၅း၂၀ကနေ ၁၉နာရီမိနစ် (၁မြို့) (Tamachi မြို့)
ယိုကိုဟားမား မြို့လည်း မီးဖြတ်မယ့် မြို့တွေထဲမှာ ပါဝင်ပါတယ်..။

Group ၅ခုခွဲထားပြီး တစ်နေ့သုံးနာရီခန့်စီ ဖြတ်တောက်မှာ ဖြစ်ပါတယ်...။ ဖြတ်တောက်မည့် မြို့များနှင့် အချိန်စာရင်း ကြည့်ချင်ရင် http://www.asahi.com/national/update/0313/TKY201103130277.html ဂျပန်ဘာသာမှ အင်္ဂလိပ်ဘာသာသို့ Translate ကိုနှိပ်ပြီး ပြောင်းကြည့်နိုင်ပါတယ်..။ Group 5အထိ ကြေငြာထားပြီး မိမိတို့ မြို့ပါမပါ ကြည့်ရှူနိုင်ပါတယ်...။ လောလောဆယ်မှာ မိမိတို့ နေထိုင်ရာမြို့ မပါဝင်ပေမယ့်လည်း နောက်ပိုင်းမှာ ပါဝင်နိုင်တဲ့ အတွက် အဆင်သင့် လိုအပ်တာ ပြင်ဆင်ထားရန် ကြေငြာသွားပြီး အထူးသဖြင့် မီးဖြတ်ချိန် ဓာတ်လှေကားများအတွင်း ပိတ်မမိစေရန် ကြေငြာသွားပါတယ်..။ အဆိုပါမီးဖြတ်ချိန်၌ ပြေးဆွဲနေသော ရထားများ အစီးရေ လျှော့နည်းနိုင်ကြောင်းလည်း ကြေငြာသွားပါတယ်..။
နျူးကလီးယား ဓာတ်ရောင်ခြည် သင့်မသင့် စစ်ဆေးနေစဉ်
ဓာတ်ပုံ Asahi

နျူးကလီးယား ဓာတ်အားပေး စက်ရုံ ဓာတ်ရောင်ခြည် ယိုစိမ့်မှုကြောင့် ၁၆၀ဦး ဓာတ်ရောင်ခြည်သင့်မှုအား စစ်ဆေးတွေ့ရှိရပြီး ထိုအထဲမှ ၆၀ဦးဟာ စက်ရုံအနီးအနားရှိ ကယ်တင်မည့် ရဟတ်ယာဉ်အား စောင့်ဆိုင်းစဉ် ဓာတ်ရောင်ခြည် သင့်တာခံရခြင်း ဖြစ်ပါတယ်။ အစိုးရမှ စိုးရိမ်ရတဲ့ အခြေအနေထိ မရှိသေးကြောင်းနဲ့ ရေဖြင့် ဆေးကြောလျှင် ပျောက်နိုင်ကြောင်း ကြေငြာခဲ့ပေမယ့်လည်း အဆိုပါ ဓာတ်ရောင်ခြည်သင့်ကြောင်း စမ်းသပ်စဉ် သိရှိရတဲ့ အဖိုးအို တစ်ဦးကတော့ ထိုသို့ ဓာတ်ရောင်ခြည် သင့်ကြောင်း သိရှိရသည့် အချိန်၌ လှုပ်ရှားချင်စိတ်ပင် မရှိတော့ကြောင်း ငိုယို ပြောဆိုခဲ့ပါတယ်...။ မျက်နှာဖုံး Mask များလည်း အသင့်ဆောင်ထားသင့်ကြောင်း ပြောဆိုသွားပါတယ်..။