ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

RUSSIA ရုပ်သံ သတင်းဋ္ဌာနက လွှင့်ထုတ်သွားတဲ့ စနေနေ့မနက်ပိုင်းက ပျက်ကျသွားတဲ့ An-148 လေယာဉ်ပျက်ကျရာ နေရာမှ ထုတ်လွှင့်ချက် (ရုပ်သံ၊ သတင်း၊ ဓာတ်ပုံ)




An-148 လေယာဉ်ပျက်ကျရာ နေရာမှ ဓာတ်ပုံ မှတ်တမ်းများ (BBC Russia)
BBC Russia ရုပ်သံက ထုတ်လွှင့်သွားတဲ့ စနေနေ့မနက်ပိုင်းက မော်စကိုမြို့တောင်ဘက် မိုင် ၃၇၀ အကွာမှာ ပျက်ကျသွားတဲ့ မြန်မာလေယာဉ်မှုး(၂)ဦး သေဆုံးခဲ့ရတဲ့ ရုပ်သံမှတ်တမ်း.
ရုပ်သံသတင်း ပြည်တွင်းမှ ကြည့်လိုသူများ ဒေါင်းလုပ်လုပ်ချင်ရင်
ပြီးခဲ့တဲ့ စနေနေ့မနက်ပိုင်းက မော်စကိုမြို့ရဲ့ တောင်ဘက် မိုင် ၃၅၀အကွာ Belgorodဒေသမှာ ပျက်ကျခဲ့တဲ့ ရုရှားနိုင်ငံလုပ် An-148အမျိုးအစား လေယာဉ် ပျက်ကျရာမှာ မြန်မာလူမျိုး လေယာဉ်မှုး နှစ်ဦးဖြစ်တဲ့ ဒုဗိုလ်မှူးကြီး ထိန်လင်းအောင် လေ-၂၂၅၂ တေဇ-၂၂ အသက် (၃၇) နှစ်နဲ့ ဗိုလ်မှူး ဇော်ထွန်းအောင် လေ-၂၂၅၇ တေဇ-၂၂ အသက် (၃၇)နှစ် တို့အပါအဝင် ရုရှားလူမျိုး Test Pilot တစ်ဦး၊ Navigator တစ်ဦးနဲ့ လေယာဉ် အင်ဂျင်နီယာ ၂ဦး ပေါင်းခြောက်ဦး သေဆုံးခဲ့ရပါတယ်..။ အဆိုပါလေယာဉ်ဟာ မြန်မာပြည်မှ ဝယ်ယူထားတဲ့ လေယာဉ်(၂)စီးထဲမှ တစ်စီးဖြစ်ပြီး စမ်းသပ်မောင်းနှင်စဉ်မှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်...။ လေယာဉ်ပျက်ကျရာ နေရာရဲ့ အနီးအနားက မျက်မြင်သက်သေများ၏ အဆိုအရ အဆိုပါ လေယာဉ်ဟာ  မီးလောင်ပြီး ကြီးမားတဲ့ ပေါက်ကွဲသံနဲ့အတူ ပျက်ကျလာတယ်လို့ ဆိုပါတယ်။ ယခုအခါမှာ လေယာဉ် ပျံသန်းမှုဆိုင်ရာ သတင်းတွေကို အသေးစိတ် မှတ်တမ်းထားတဲ့ Black Box များကို ပျက်ကျရာနေရာရဲ့  ၃ကီလိုမီတာ အကွာအတွင်းမှာ ပြန်လည် တွေ့ရှိရတယ်လို့ ဆိုပါတယ်။ လေယာဉ်ပေါ်ပါ Black Box ၄ခုအနက် ၁ခုမှာ လုံးဝပျက်ဆီးသွားပြီး.. ၂ခုကတော့ အကောင်းပကတိ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

လေယာဉ်ပျက်ကျချိန်ကတော့ စနေ့နေ့မနက် ရုရှား စံတော်ချိန် မနက် ၁၀နာရီ ၅၆မိနစ်မှာ ပျက်ကျတာဖြစ်ကြောင်း သိရှိရပါတယ်.။ အဆိုပါ လေယာဉ်များဟာ မြန်မာလေတပ်အတွက် အသုံးပြုဖို့ ဝယ်ယူတဲ့ လေယာဉ်များ ဖြစ်တယ်လို့ ဆိုပါတယ်..။ ရုရှားအစိုးရမှာ အဆိုပါ လေယာဉ်ပျက်ကျမှုအား ကော်မတီဖွဲ့ စုံစမ်းစစ်ဆေးမည် ဖြစ်ကြောင်းသိရှိရပါတယ်..။ ဒီကနေ့ထုတ် မြန်မာစစ်အစိုးရ အာဘော် သတင်းစာများ၌ အဆိုပါ လေယာဉ်ပျက်ကျမှု သတင်းအား ရေးသားဖော်ပြထားခြင်း မရှိသလို တာဝန် ထမ်းဆောင်ရင် သေဆုံးသွားရတဲ့ မိမိနိုင်ငံသား လေယာဉ်မှုးနှစ်ဦး အကြောင်းလည်း တစ်စုံတစ်ရာ ထုတ်ပြန် ကြေငြာခြင်းများ မရှိပါဘူး...။

သတင်းများ.. Russia သတင်းဋ္ဌာနများပါ သတင်း အချက်အလက်များအား အကျဉ်းချုံး ရေးသား ဖော်ပြပါသည်.. (ဒီမိုဝေယံ)
လေယာဉ်ပျက်ကျရာ နေရာမှ ဓာတ်ပုံ ရုပ်သံ မှတ်တမ်းများ.. (BBC Russia)