ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ယနေ့တိုကျိုမြို့ ဟီဘီယပန်းခြံမှာ ကျင်းပပြုလုပ်တဲ့ (၂၀)ကြိမ်မြောက် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်...

တိုကျိုမြို့ ဟီဘိယ ပန်းခြံမှာ ကျင်းပါတဲ့ (၂၀)ကြိမ်မြောက် မြန်မာ့ရိုးရာ သင်္ကြန်ပွဲ.. ပြီးခဲ့တဲ့ ဧပြီလ (၁၇)ရက်နေ့က ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် မတ်လက လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ရဲ့ သောကတွေကြောင့် မကျင်းပနိုင်ပဲ ဒီနေ့မှ ကျင်းပဖြစ်တာပါ...
မြန်မာနိုင်ငံအတွင်း မိမိတို့ ယုံကြည်ချက်ကြောင့် စစ်အစိုးရအကျဉ်းထောင် အသီးသီးမှာ မတရား အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် မြန်မာနိုင်ငံသားများ၊ ဂျပန်နိုင်ငံသားများနှင့် အခြားသောနိုင်ငံတကာမှ ပွဲတော်လာ ပရိသတ်များမှ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြပါတယ်..။
ABSDF မှဦးဆန်နီနဲ့ ဆရာဦးရွှေဘ...
မြန်မာအစားအစာ ရောင်းချတဲ့ ဆိုင်တွေပါ...။ တစ်ချို့ဆိုင်တွေ ရောင်းကောင်းပုံက နေ့လည် (၁)နာရီလောက် ကတည်းက အစားအစာတွေ ရောင်းစရာမရှိအောင် ရောင်းကောင်းခဲ့ကြပါတယ်..။
ကြည်လင်တဲ့ ရေပန်းနံဘေးမှ ပရိသတ်များ..



 ရခိုင်တိုင်းရင်းသားတွေရဲ့ ရခိုင်မုန့်တီဆိုင်
ရာသီဥတု သာယာတဲ့နေ့ဖြစ်တဲ့ အတွက် သင်္ကြန်ပွဲ ကျင်းပရာ နေရာအနီးက တိုကျိုမြို့ရဲ့ နွေဦးရာသီ ရှုခင်းပါ..

ရုံးပိတ်ရက်ဖြစ်တဲ့ အတွက် တိတ်ဆိတ်ငြိမ်သက်နေတဲ့ တိုကျိုရဲ့ စီးပွားရေးအချက်အချာ နေရာရှုခင်းတွေပါ...။



ဓာတ်ပုံ ဒီမိုဝေယံ...