ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

၁၉၆၇ခုနှစ်က ရိုက်တာ သတင်းဋ္ဌာနက ရိုက်ကူးထားတဲ့ မြန်မာ့ဂုဏ်ဆောင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဦးသန့် (ရုပ်သံဖိုင်)

ဥပဓိရုပ်၊ အရည်အချင်း၊ နိုင်ငံတကာရဲ့လေးစားမှုဂုဏ်ပါရရှိတဲ့ မြန်မာ့ဂုဏ်ဆောင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဦးသန့် 
ပြည်တွင်းပရိသတ်များ ဒေါင်းလုပ်လုပ်ချင်ရင် http://www.mediafire.com/?vcovldaaj9ky8tv

ရိုက်တာ သတင်းဋ္ဌာနက ရိုက်ကူးထားတဲ့ ကျွန်တော်တို့ နိုင်ငံ့ဂုဏ်ဆောင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဦးသန့် .... ရဲ့ ရုပ်သံမြင်ကွင်းတွေပါ...။ ပထမပိုင်းမှာတော့ ၁၉၆၇ခုနှစ်က ဖေဖော်ဝါရီလက ရန်ကုန်မြိုသို့ ခေတ္တအားလပ်ရက်အတွင်း ပြန်လည်ရောက်ရှိလာပြီး မိခင်ကြီး ဒေါ်နန်းသောင်အပါအဝင် မိသားစုဝင်များနဲ့ ပြန်လည်တွေ့ဆုံခဲ့တဲ့ ရုပ်သံပါ...။ ဒုတိယပိုင်းမှာတော့ ၁၉၆၇ခုနှစ် ဇွန်လက အီဂျစ်၊ အစ္စရေး ကိစ္စကိုဝင်ရောက် ဖြေရှင်းပေးခဲ့ရစဉ်က ရုပ်သံပါ...။ ကျွန်တော်တို့ နိုင်ငံမှာ ကမ္ဘာကလေးစားရတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဦးသန့် ဟာ ၁၉၆၁ခုနှစ်မှာ နိုဝင်ဘာလမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ်ခန့်အပ်ခံရပြီး ၁၉၇၁ခုနှစ် ဒီဇင်ဘာလအ ထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်...။

ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တခေတ်တခါက ဦးသန့်ကဲ့သို့ ကမ္ဘာသိ ကမ္ဘာကလေးစားရတဲ့ ပုဂ္ဂိုလ်ကြီးတွေ ရှိခဲ့သလို... ယနေ့အချိန်မှာတော့ နှစ်စဉ်ကမ္ဘာ့ လူဆိုးစာရင်း အာဏာရှင်စာရင်းမှာ အမြဲ ပထမ၊ ဒုတိယ၊ တတိယ လူဆိုး စာရင်းဝင်တွေလည်း ထိပ်ကနေရှိပါတယ်...။ ယနေ့အချိန်ခါမှာ ကျွန်တော်တို့ လူမျိုးတွေ မျက်နှာငယ်ရ၊ အနှိမ်ခံနေရတာတွေဟာ ဘာကြောင့်ဆိုတာ အားလုံးသိပြီးတဲ့ အတိုင်း အထွေအထူး ပြောနေစရာ မလိုတော့ပါဘူး။ ယနေ့ခေတ် လူငယ်လူရွယ်တွေ သိရှိနိုင်ဖို့ မြန်မာ့ဂုဏ်ဆောင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဦးသန့်ရဲ့ ရှားပါး ဗီဒီယိုဖိုင်ကို ရှာဖွေတင်ပြလိုက်ပါတယ်...။

ဒီမိုဝေယံ