ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေးဌာန နဲ့ ပြင်ပဓါတ်ပုံအနုပညာရှင်များ ပူပေါင်းပြုလုပ်မယ့် “ အလင်းနှင့်ရေးတဲ့ပန်းချီ ” ဓာတ်ပုံပြပွဲ ဖိတ်ကြားလွှာ...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေးဌာနနှင့် ပြင်ပဓါတ်ပုံအနုပညာရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုအဖြစ် အလင်းနှင့်ရေးတဲ့ပန်းချီ (Sketching with Light) ဓါတ်ပုံပြပွဲကို ပထမဆုံးအကြိမ်အဖြစ် မေလ ၂၃ ရက်နေ့မှ မေလ ၂၅ ရက်နေ့ထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဌာနချုပ်ခန်းမတွင် ကျင်းပသွားမည်ဖြစ်သည်။ 

ယင်းပြပွဲတွင် လူငယ်အမျိုးသမီး ဓါတ်ပုံပညာရှင်(၄)ဦး အပါအ၀င် ဓါတ်ပုံအနုပညာရှင် စုစုပေါင်း(၃၇)ဦးမှ ၎င်းတို့၏ဓါတ်ပုံများကို ခင်းကျင်းပြသသွားမည်ဖြစ်ပြီး ပြပွဲတွင်ရောင်းချရရှိငွေ အားလုံးကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးစီးဆောင်ရွက်နေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လူမှုရေး လုပ်ငန်းများအတွက် လှုဒါန်းသွားကြမည်ဖြစ်သည်။