ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ယနေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံရောက် မြန်မာမိသားစုများ တွေ့ဆုံပွဲ(ဓာတ်ပုံ ရုပ်သံ)နဲ့ ဂျပန်နိုင်ငံခရီးစဉ်..

ဂျပန်အစိုးရ၏ ဖတ်ကြားချက်အရ ဂျပန်နိုင်ငံသို့ (၆)ရက်ကြာ အလည်အပတ်ရောက်ရှိနေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံရောက် မြန်မာမိသားစုများတွေ့ဆုံပွဲအား တိုကျိုမြို့ ရှိဘူယအရပ်ရှိ ရှိဘူယဂါးဒါန်းစင်တာ၌ ယနေ့ ဂျပန်စံတော်ချိန် ညနေ (၄)နာရီမှ (၅)နာရီ ၁၅မိနစ်အထိ ပြလုပ်ခဲ့သည်..။

ယခုခရီးစဉ်ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၁၉၈၅မှ ၁၉၈၆ခုနှစ်ထိ ကိုးလကြာ မြန်မာ့နိုင်ငံရေး သမိုင်းအား စာတမ်းပြုစုခဲ့သည့် နောက်ပိုင်း ၂၇နှစ်ကြာမှ ပြန်လည်ရောက်ရှိခဲ့သည့် ခရီးစဉ်လည်းဖြစ်သည်..။

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် ဂျပန်နိုင်ငံသားများအပါအဝင် လူပေါင်း ၁၈၀၀ကျော် တက်ရောက်ခဲ့သည်.. ယနေ့တွေ့ဆုံပွဲ အခမ်းအနား၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာနိုင်ငံသားများ၏ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ပတ်သက်သော မေးမြန်းချက်များအား ၁နာရီကြာ ဖြေကြားခဲ့သည်..။
 

ယနေ့ တွေ့ဆုံပွဲမှ ဒေါက်တာတင်မျိုးဝင်း
ယနေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ဆုံပွဲ အခမ်းအနားသို့ ဂျပန် ပြည်တွင်းမီဒီယာများနှင့် ပြည်ပမီဒီယာများ အထူးများပြားစွာ သတင်းရယူခဲ့ကြသည်..။ ယနေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံရောက် မြန်မာမိသားစုများတွေ့ဆုံပွဲ အမေးအဖြေ နောက်ဆုံးမှာတော့ မြန်မာမိသားစုများမှ လက်အုပ်ချီ ကန်တော့ခဲ့ကြပြီး လူထုခေါင်းဆောင်မှ မြန်မာပြည်သားများအတွက် ပြန်လည် ဆုမွန်ကောင်း တောင်းပေးခဲ့သည်။

မနက်ဖြန် ဧပြီလ ၁၄ရက်နေ့မှာတော့ ဂျပန်နိုင်ငံ ကျိုတိုမြို့သို့ သွားရောက်မှာ ဖြစ်ပြီး..အသေးစား ရေအားလျှပ်စစ်စီမံကိန်း တခုအား သွားရောက်လေ့လာမှ ဖြစ်ပါတယ်။ ယခင် အောက်စဖို့ တက္ကသိုလ် ဂျပန်လူမျိုး ကျောင်းနေဘက် မိတ်ဆွေတဦးအိမ်မှာ တရက်တာ တည်းခိုမှာဖြစ်ပါတယ်..။

ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့ရာ အဆောင်.. 
ဓာတ်ပုံ ဒီမိုဝေယံ
၁၅ရက်နေ့မှာတော့ ဂျပန်နိုင်ငံ အနောက်ပိုင်း ဒေသမှ မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံမှာ ဖြစ်ပြီး ကျိုတိုတက္ကသိုလ် (Kyoto University) တွင် မိန့်ခွန်းပြောကြားမည် ဖြစ်သည်.။
ထို့နောက် ယခင် ၁၉၈၆ခုနှစ်က The History of the Burmese Independence Movement စာတမ်း နေထိုင် ရေးသား ပြုစုခဲ့ရာ The Center for Southeast Asia အဆောင်  ယခု Aung San Suu Kyi အခန်းအဖြစ်ထားရှိရာ အခန်းနံပါတ် E306သို့ သွားရောက်မှာဖြစ်ပါတယ်..။

နေ့လည်ပိုင်းမှာတော့ ရုကိုးကုတက္ကသိုလ် (Ryukoku University) ၌ မိန့်ခွန်းပြောကြားမည် ဖြစ်သည်။

 ၁၆.၄.၂၀၁၃ မှာတော့ ဂျပန် အထက်လွှတ်တော် (House of Councillors) ဥက္ကဋ္ဌနှင့်တွေ့ဆုံမှာ ဖြစ်ပါတယ်..။

ထို့နောက် အထက်လွှတ်တော်သို့  သို့သွားရောက် လေ့လာလည်ပတ်၍ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံမှာဖြစ်ပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင်လည်းတွေ့ဆုံ ဆွေးနွေးမည်။

၁၇.၄.၂၀၁၃ မှာတော့ ဂျပန်နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ် ဖြစ်တဲ့ တိုကျိုတက္ကသိုလ် (Tokyo University) မှာ မိန့်ခွန်းပြောကြားမည် ဖြစ်သည်။

၁၈.၄.၂၀၁၃ - အောက်လွှတ်တော် (House of Representatives) သို့ သွားရောက်လည်ပတ်၍ အောက်လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံမှာ ဖြစ်ပါတယ်..။
ထို့နောက် ဂျပန်နိုင်ငံဝန်ကြီးချုပ်ရှင်ဆို အာဘေးနှင့် တွေ့ဆုံမှာဖြစ်ပါတယ်..။

 ၁၉.၄.၂၀၁၃မှာတော့ ချယ်ရီပန်းပွင့်ရာ ဂျပန်နိုင်ငံ တိုကျိုမြို့ နာရီတာလေဆိပ်မှ ပိတောက်မြေ မြန်မာပြည်သို့ ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်..။

သတင်း ဒီမိုဝေယံ
ဓာတ်ပုံ ဦးသန်းဝင်း

ရုပ်သံ ဇေယျာ..