ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မနေ့က ဂျပန်NHK သတင်းဋ္ဌာနက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခန်းမှာ ပြောဆိုသွားတဲ့ အကြိုက်ဆုံး စကားတခုကတော့..

ဧပြီလ (၁၇)ရက်နေ့က ဂျပန်NHK သတင်းဋ္ဌာနက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခန်းမှာ ပြောဆိုသွားတဲ့ အကြိုက်ဆုံးနဲ့ အခံစားရဆုံး စကားတခုကတော့..
 NHK... အမေး
အကယ်၍ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖခင်ဖြစ်သူဟာ အခုအင်တာဗျူးနေတဲ့ ဒီအခန်းထဲကို လမ်းလျှောက်ဝင်လာတယ် ဆိုပါဆို့... ဖခင်ဖြစ်သူကို ဘာများ ပြောမိမှာပါလဲ..

အမေစု...အဖြေ
အဖေသမီးအကောင်းဆုံး ဖြစ်အောင်ကြိုးစား လုပ်ဆောင်နေတယ်.. သမီးကို အနောက်က ကာကွယ်စောင့်ရှောက် ပေးပါလို့ ပြောမိမှာပါပဲ... ဆိုပြီး ဖြေကြားသွားပါတယ်..။

နားထောင်ရင်းနဲ့ ကြက်သီးမွှေးညှင်းထမိပါတယ်ဗျာ...

မြန်မာသမိုင်းအတွက် ပေးဆပ်နေတဲ့ ဒီအဖေနဲ့ ဒီသမီးပါ..

တိုင်းပြည်အတွက် စတေးခံ၊ အနစ်နာခံ လုပ်ဆောင်နေတဲ့ ဗိုလ်ချုပ်သမီးကို မစော်ကားကြပါနဲ့ဗျာ…
ကျေးဇူးသိတတ်ကြပါလို့ ကျွန်တော်ဒီလောက်ပဲ ပြောလိုပါတယ်..


 ဒီမိုဝေယံ