ယနေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ တိုကျိုတက္ကသိုလ် ဟောပြောပွဲ မြင်ကွင်း၊ သတင်း၊ ဓာတ်ပုံ
လာမည့်ရွေးကောက်ပွဲ ဆိုင်ရာနှင့် ပတ်သက်ပြီးလည်းကောင်း အခြေခံဥပဒေဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်ပြီးလည်းကောင်း အခြားမြန်မာပြည်ဆိုင်ရာ အခြေအနေများအား ဟောပြော သွားခဲ့သည်..။
အခမ်းအနားသို့ တိုကျိုတက္ကသိုလ်၌ ပညာသင်ကြားနေသော မြန်မာနိုင်ငံသားများ အပါအဝင် ဂျပန်ကျောင်းသား ၄၀၀ခန့်တက်ရောက်ခဲ့သည်..။
ယနေ့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာရာ ခန်းမအပြင်ဘက်၌ ဂျပန်နိုင်ငံသားများ၊ ကျောင်းသားကျောင်းသူများမှ လာရောက်ကြိုဆို နှုတ်ဆက်ကြသည်..။ ဟောပြောပွဲ ပြီးပြန်လည် ထွက်ခွာချိန်၌ ဂျပန်ပြည်သူများအား အမှတ်တရ လက်မှတ်ရေးထိုးပေးခဲ့သည်. ထူခြားသည်မှာ ယနေ့ တိုကျိုတ္ကသိုလ် ဟောပြောပွဲ ကျင်းပရာ ခန်းမဝန်းကျင်သို့ အနီးနားမှ အလယ်တန်း ကျောင်သား ကျောင်းသူများ လာရောက် ကြိုဆိုခဲ့ကြသည်..။
သတင်း၊ ဓာတ်ပုံ ဒီမိုဝေယံ
ဓာတ်ပုံ အိုင်ဖုန်းကာဗာ၌ လက်မှတ်ရေးထိုး ပေးရန် တောင်းဆိုသော တက္ကသိုလ် ကျောင်းသားတဦးအား ဒေါ်အောင်ဆန်းစုကြည်မှ လက်မှတ်ရေးထိုးပေးနေစဉ်..