ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဒေါ်အောင်ဆန်းစုကြည်ဂျပန်သို့ ခရီးမထွက်မှီ နာရီပိုင်းအလို နှစ်သစ်ကြိုဆုတောင်း



 ဓာတ်ပုံများ The Voice Weeklyနှင့် ပေါ်ပြူလာ ဂျာနယ်..




ဒေါ်အောင်ဆန်းစုကြည်ဂျပန်သို့ ခရီးမထွက်မှီ


နာရီပိုင်းအလို နှစ်သစ်ကြိုဆုတောင်း




''လိုရာဆန္ဒအ၀၀ ကနေ့ ပြည့်စုံကြပါစေ။


ဆတက်တပိုး တိုးပြီးတော့ အများရဲ့ အကျိုး


ထမ်းဆောင်နိုင်ပါစေ။ သားတို့ သမီးတို့ရဲ့


ကြိုးပမ်းမှုကြောင့်မလို့ အမေတို့ရဲ့ နိုင်ငံကြီးလည်း


ဒီနေ့ကနေစပြီးတော့ ပိုပြီးတော့ တိုးတက်နိုင်ကြပါစေ။


ရွှင်လန်းနိုင်ပါစေ။ အေးချမ်းနိုင်ပါစေလို့


ဒီမှာ လာတဲ့ အတွက် ကျေးဇူးတင်ပါတယ်။


အမေဒီမှာ ကြာကြာဆက်မနေနိုင်တာကို ခွင့်ပြုနော်။


ဒီညနေ ခရီးသွားရမှာမို့ အထုပ်အပိုးလေးတွေ


ပြန်ပြင်လိုက်ပါဦးမယ်။ ကျေးဇူးတင်ပါတယ်။"လို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်ကဒီကနေ့ ညနေ၃နာရီခွဲမှ၎နာရီထိ
တက္ကသိုလ်ရိပ်သာလမ်းခြံ အမှတ်၅၄ရှေ့ မှာသင်္ကြန်တေးသံချပ်များနဲ့ ဖျော်ဖြေတင်ဆက်ကန်တော့ ပန်းဆင်တဲ့ပေးဆပ်သူများမြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပြည်သူ့  အကျိုးပြုဖျော်ဖြေရေးအဖွဲ့ (နာရေးကူညီမူအသင်း(ရန်ကုန်)သုခ မျိုးဆက်သစ် 
ကုသိုလ်တော်အနုပညာအဖွဲ့ )နဲ့ ပရိသတ်များကိုနှစ်သစ်ကြို ဆုတောင်းမင်္ဂလာစကားပြောကြားပေးခဲ့ပြီးမျိုးဆက်သစ်ကုသိုလ်တော်အနုပညာအဖွဲ့ ဦးစီးဦးဆောင်ဖြစ်သူဦးကျော်သူနဲ့ သံချပ်အဖွဲ့ ကိုလည်း ဆုတော်ငွေပေးအပ်ခဲ့ပါတယ်။ 
သတင်း-ထူးထူး၊ဓါတ်ပုံ-မင်းမင်းထွန်း