ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျိုတိုခရီးစဉ် ဓာတ်ပုံ၊ မှတ်တမ်းများ.. (ရုပ်သံ)

 
 
 
 
 

ဧပြီ ၁၄၇က်နေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ရှေးဟောင်းမြို့တော် ကျိုတိုခရီးစဉ် ဂျပန်သတင်းဋ္ဌာန ရုပ်သံဖိုင်များ..

NHK ရုပ်သံကတော့ ဒီလင့်ခ်မှာ ကြည့်ပါ..
http://www3.nhk.or.jp/news/html/20130414/k10013904121000.html
 

ကျိုတို Update

ယခုလောလောဆယ် အဆိုပါ ဂျပန်ဘုန်းတော်ကြီးကျောင်း အတွင်း ၁၉၈၅-၈၆ခုနှစ်က ကျိုတိုတက္ကသိုလ်၌ စာတမ်းပြုစုစဉ် ရင်းနီးခင်မင်ခဲ့သည့် ဂျပန်လူမျိုးမိတ်ဆွေများနဲ့ နံနက်စာ အတူတကွ မိတ်ဆုံစားပွဲ ပြုလုပ်ပါတယ်..။

ယခုလက်ရှိ အဆိုပါ ဘုန်းကြီးကျောင်းအတွင်းမှာပဲ ရှိနေပါသေးတယ်..။
ညနေပိုင်းမှာတော့ မိတ်ဆွေများနဲ့ ထပ်မံတွေ့ဆုံပြီး မနက်ဖြန်မှာတော့ အဆိုပါ ဂျပန်အနောက်ဘက်ခြမ်း မြန်မာမိသားစုများ၊ ဂျပန်တက္ကသိုလ် ကျောင်းသားများနဲ့ပါ တွေ့ဆုံပြီး တက္ကသိုလ်(၂)ခုမှာ ဟောပြောပွဲ ပြုလုပ်ပါမယ်..။

ထို့နောက် ယခင် အမေစု စာတမ်းပြုစုစဉ်က နေထိုင်ခဲ့တဲ့
The Center for Southeast Asia အဆောင် ယခု Aung San Suu Kyi အခန်းအဖြစ်ထားရှိရာ အခန်းနံပါတ် E306သို့ သွားရောက်မှာဖြစ်ပါတယ်..။
(၁၉၈၆က အမေစုပုံရိပ်နဲ့ အဆောင်မြင်ကွင်း ဓာတ်ပုံတွေ ပြန်ကြည့်ချင်ရင်) https://plus.google.com/photos/109255525006943086316/albums/5492978170045181873?banner=pwa

ယနေ့ညနေပိုင်းမှာတော့ အောက်စ်ဖို့ တက္ကသိုလ်က အမေစုရဲ့ မိတ်ဆွေ အိုးစုစန်ရဲ့ နေအိမ်မှ အမေစုနဲ့ ဒေါက်တာတင်မာအောင်တို့ တရက်တာ တည်းခိုနေထိုင်မှာ ဖြစ်ပါတယ်...။

ဒီမိုဝေယံ