ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းရုပ်သံဖိုင် ပေါက်ကြားမှု အတွက် မြန်မာ့ရုပ်မြင်သံကြားဋ္ဌာနသို့ ကန့်ကွက်စာပို့...



အဖွဲ့ချုပ်အား ပေးအပ်လိုက်ခြင်းမရှိတဲ့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းရုပ်သံဖိုင် ပေါက်ကြားမှု အတွက် မြန်မာ့ရုပ်မြင်သံကြားဋ္ဌာနသို့ ကန့်ကွက်စာပို့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ ရုပ်မြင်သံကြားမှ ပြည်သူလူထုထံ ဟောပြောချက် ရုပ်သံဖိုင် ကြိုတင်ပေါက်ကြားမှုနဲ့ ပတ်သက်ပြီး ရိုက်ကူးတင်ဆက်တဲ့ ရုပ်မြင်သံကြားဋ္ဌာနမှာ တာဝန်ရှိတဲ့အတွက် စာရေးသား ပေးပို့လိုက်ကြောင်း အဖွဲ့ချုပ် ရွေးကောက်ပွဲမာန်နေဂျာ ရှေ့နေကြီးဦးဥာဏ်ဝင်းမှ ပြောဆိုပါတယ်...။

အဆိုပါ ရုပ်သံဖိုင် မှတ်တမ်းတင် ရိုက်ကူးသည့်နေ့က ရုပ်မြင်သံကြားဋ္ဌာနမှ အသံဖိုင်နှင့် ရုပ်သံမှတ်တမ်းအား အဖွဲ့ချုပ်မှ တာဝန်ရှိသူများအား ကူးယူခွင့်မပြုသည့်အပြင် ပေးအပ်လိုက်ခြင်းလည်း မရှိဟုဆိုပါတယ်..။ အဆိုပါ ပေါက်ကြားမှုအတွက် ရိုက်ကူး ထုတ်လုပ်သူ မြန်မာ့ရုပ်မြင်သံကြားဋ္ဌာနမှာ တာဝန်ရှိတဲ့အတွက် ယနေ့ စာရေးသား ပေးပို့လိုက်တာ ဖြစ်ကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်း ပြောဆိုသွားပါတယ်။ 

၁၄ရက်နေ့ ညပိုင်းမှာမှ ထုတ်လွှင့်ဖော်ပြမယ့် အဆိုပါ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြည်လင်ပြတ်သားတဲ့ အဆိုအမိန့်များပါဝင်တဲ့ ၁၄မိနစ်ကြာ အဆိုရုပ်သံဖိုင်ဟာ Facebookနှင့် အင်တာနက် စာမျက်နှာများမှာ ၁၂ရက်နေ့ ညနေပိုင်းမှ စပြီး စတင် ပေါ်ထွက်လာပြီး ကြည့်ရှုသူ အင်မတန်များပြားခဲ့ပါတယ်..။


ဒီမိုဝေယံ

MRTV မှာထုတ်လွှင့်မယ့် အမေစုရုပ်သံ.. from Demo Waiyan on Vimeo.

ဟောပြောချက် ရုပ်သံဖိုင်..