မြန်မာနိင်ငံ အလုပ်သမားလယ်သမား သွေးစည်းညီညွတ်ရေး အဖွဲ့ချုပ် ကြေငြာချက်။
ပေးပို့လာသူ MS TIDA အားကျေးဇူးတင်ပါသည်။..။
၃ . ၁၀ . ၂၀၀၉ တွင် သံဃာတော်များရွတ်ဆိုကြရမည့် ပါဠိဘာသာဖြင့် ရွတ်ဆိုသောကမ္မ၀ါစာ။...။
မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၃လ၊(၇၅)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကျင်းပ။..။
ဓါတ်ပုံ။ဗွီဒီယို။ ။ကိုပွား သတင်း။ ။ NLD(LA)JB လူငယ်နှင့်ကျောင်းသားရေးရာဌာန
http://nldlajb.blogspot.com/ မှရယူပါသည်
NLD ဗဟိုလူငယ်အဖွဲ့မှ ကိုနိုင်ငံလင်း ပြန်လည်လွတ်မြောက်လာ။...။

စစ်အာဏာရှင်ခေတ် မြန်မာပြည်မှာ အင်တာနက်သုံးစွဲ၍ နိုင်ငံရေးသတင်းများ ကြည့်ရှုခွင့်ကို တင်းကြပ်စွာ ပိတ်ပင်ထားပြီး Bangan Cybernet မှတဆင့် နိုင်ငံရေးသတင်းဆိုဒ်များ ကြည့်ရှုသူများအား ထောက်လှမ်းဖမ်းဆီးခြင်း ၊အင်တာနက်ကဖီးဆိုင်များတွင် ဆိုင်ရှင်များမှ ကြည့်ရှုနေသူများ တွေ့ရှိရပါက အကြောင်းကြားစေခြင်း စသည့်တင်းကြပ်မှု များဖြင့်ထိန်းချုပ်ထားပြီး၊ ကမ္ဘာ့ပေါ်ရှိ အင်တာနက်သုံးစွဲမှု အတင်းကြပ်ဆုံးနိုင်ငံများ စာရင်းတွင်လည်း ထိပ်ဆုံးမှပါဝင်ပါသည်။
NLD လူငယ်အဖွဲ့ဝင်များဟာ မကြာခဏ ပုဒ်မမျိုးစုံတပ်ကာ အဖမ်းခံရပြီး မတရားဖမ်းဆီး ထောင်ချခြင်းကို ခံရပါတယ်။ ပြီခဲ့သည့် ဇွန်လ (၁၂) ရက်နေ့  ညက ဖမ်းဆီးခံရတဲ့ ဗဟန်းမြို့နယ်မှ NLD လူငယ် ၃ဦးအား ဖောက်ခွဲမှု ပုဒ်မတပ်ပြီး ယခုထက်တိုင် ဖမ်းဆီးထိန်းသိမ်း ခံနေရပါတယ်။
ဒီမိုဝေယံ
ဆန္ဒပြပွဲ ဖိတ်ကြားစာ။...။
ကိုးကန့်တပ်ဖွဲ့နှင့် နအဖ ထိုးစစ်ဆင်မှု နောက်ဆုံးသတင်းများ။
ဖတ်မရလျှင် ညာဘက် အပေါ်ထောင့်မှာ full screen မှာပုံကြီးချဲ့ ကြည့်နိုင်ပါတယ်။
ပေးပို့လာသူ ကိုဗိုက်ပူအား ကျေးဇူးတင်ပါသည်။
ကိုးကန့်တပ်ဖွဲ့ MNDAA ၏ သမိုင်းအကျဉ်း။
ဖတ်မရလျှင် ညာဘက် အပေါ်ထောင့်မှာ full screen လုပ်ကြည့်နိုင်ပါတယ်။
ပေးပို့လာသူ ကိုဗိုက်ပူ အားကျေးဇူးတင်ပါသည်။
NLD ရုံးချုပ်တွေဆုံပွဲ VOA သတင်း။...။
အမျိုးသားဒီမိုကရေစီအဖွဲံ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်လူကြီးများ နှင့်အမေရိကန် ကွန်ကရက်ရဲ့ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲ။...။
အကျဉ်းထောင်ထဲက နိုင်ငံရေးသမားတွေရဲ့ နေထိုင်ရတဲ့အခြေနေတွေ သိချင်ပါတယ်လို့ မေးပါတယ်။ အဲ့ဒီ့မေးခွန်းကိုတော့ ဦးခင်မောင်ဆွေနဲ့ ဦးအုန်းကြိုင်တို့က ထောင်တွင်း အစားအသောက်၊ ကျန်းမာရေး လွတ်လပ်ခွင့် စတဲ့အခြေအနေတွေကို ရှင်လင်းပြောပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အခုလိုနေအိမ် အကျယ်ချုပ်နေရတာ ဥပဒေအရ ထိန်းသိမ်းခံရတာ မဟုတ်ဘူး အမိန့်အာဏာအရ ထိန်းသိမ်းခံရတာ ဖြစ်ကြောင်း အန်ကယ် သေသေချာချာ ရှင်းပြတော့ သူတို့တော်တော် အံ့သြကြပါတယ်။
နောက်တချက်က လူသားချင်းစာနာ ထောက်ထားတဲ့ အကူအညီတွေပေးဖို့ အချက်အလက်တွေ စုဆောင်းနေတာဖြစ်ပါတယ်။ နောက် Sanction နဲ့ပတ်သတ်တဲ့ သဘောထားကို မေးပါတယ်။ အဲ့ဒါကို NLD ရဲ့ရှိပြီးသားပေါ်လစီ ဖြစ်တဲ့ ရိုးသားပွင့်လင်းရမယ်၊ တာဝန်ယူမှုရှိရမယ် စတာတွေကို ရှင်းပြပါတယ်။
အမေရိကန် အစိုးရရဲ့မူဝါဒ အပြောင်းအလဲရှိမရှိ အန်ကယ်တို့က မေးပါတယ်။ သူတို့က အမေရိကန် အစိုးရနဲ့မသက်ဆိုင်ဘူး ကွန်ကရက်နဲ့တာ သက်ဆိုင်တယ်လို့ပြောပါတယ်။ မြန်မာနိုင်ငံအတွက် အမေရိကန်နိုင်ငံခြာရေး မူဝါဒ ပြောင်းလဲရေးအတွက် OBAMA အစိုးရက အလေးအနက်ထားတဲ့ အကြောင်း ဒါပေမယ့် အချိန်တို အတွင်းမှာတော့ ခပ်မြန်မြန် ပြောင်းလဲတဲ့မူဝါဒချစရာ မရှိသေးဘူးလို့ ပြောပါတယ်။
အဓိကကတော့ လူသားချင်းစာနာ ထောက်ထားတဲ့ အကူအညီတွေပေးဖို့ မြန်မာနိုင်ငံရေး အချက်အလက်တွေ စုဆောင်းနေတာဖြစ်တယ်လို့ အန်ကယ်မြင်ပါတယ်။
မစ္စတာဂျင်မ်ဝက်ဘ် ကိစ္စနဲ့ပတ်သတ်ပြီး မစ္စတာဂျင်မ်ဝက်ဘ်ဟာ အိုဘားမားအစိုးရရဲ့ ကိုယ်စားလှယ် မဟုတ်ကြောင်း၊ အစိုးရရဲ့တာဝန်ခံ ပြောနေတာမဟုတ်ကြောင်း အဲ့ဒီလိုပုံစံမျိုးပြောပါတယ်။
ဒီကနေ့တွေ့ဆုံပွဲသို့ NLD CEC မှ ဦးသန်းထွန်း၊ ဦးညွန့်ဝေ၊ ဦးစိုးမြင့်၊ ဦးခင်မောင်ဆွေ၊ ပြန်ကြားရေးမှ ဦးဥာဏ်ဝင်း၊ ဦးအုန်းကြိုင် နဲ့ ရုံးအဖွဲ့မှ ဦးလှမင်းတို့ တက်ရောက်ခဲ့ပြီး အမေရိကန်ဘက်မှ ဒီမိုကရက်တစ် ကိုယ်စားလှယ် ၂ဦး၊ ရီပါပလေကန် ၁ဦးနဲ့ ဋ္ဌာနေကိုယ်စာလှယ် ၂ဦး တွေ့ဆုံဆွေးနွေးခဲ့ ကြပါတယ်။
ဒီမိုဝေယံ
U.S. C A M P A I G N F O R B U R M A
For Immediate Release, August 28th, 2009
Contact: Jeremy Woodrum, 202-246-7924
Massive Flight of Refugees from Burma
Activists Call for Immediate United States Action, End to Crimes Against Humanity
(Washington, DC) A leading U.S based human rights group today called on the United States to lead action at the UN Security Council to stop attacks on ethnic minorities in Burma that have led to the flight of 30,000 refugees from Burma to China in recent days.
"This is the largest refugee flow from Burma in years," said Aung Din, Executive Director of U.S. Campaign for Burma. "The United States should immediately press the United Nations Security Council to intervene to stop the fighting, and if they don't, it is going to get much worse. Burma's regime is going to crush all ethnic minorities who do not submit to their rule and civilians are going to pay a very heavy price. The UN must pressure the regime to stop the violence and start negotiating with democracy forces led by Aung San Suu Kyi, and ethnic representatives for a peaceful solution."
The cause of the conflict is linked directly to the Burmese military regime's new constitution, which aims to force all ethnic minorities in Burma to submit to military rule. "We have been saying for some time that the new constitution is a recipe for war and instability and since the international community has shamefully ignored the situation, now that is coming true," added Aung Din.
The office of the United Nations High Commission for Refugees has estimated that 30,000 people have fled from Burma this month. Yet, to date, Western governments have largely remained silent on the matter.
The attacks come after a new report commissioned by five of the world's leading judges and jurists and written by the International Human Rights Clinic at Harvard Law School, which compiled documentation from existing United Nations documents showing that Burma's military regime is likely committing war crimes and crimes against humanity. The military regime has destroyed or forced the abandonment of as many villages as in the Darfur region of Sudan -- yet, the international community has not yet pursued action on the crimes. The commissioners included judges who had earlier served at the International Criminal Tribunals on Rwanda and Yugoslavia and who now are calling for the UN Security Council to establish an official inquiry into crimes against humanity and war crimes in Burma.
At the same time, the governments of the United Kingdom and France have called for a global arms embargo on Burma's military regime.
The attacks by the military regime are just beginning. The regime seeks to stop all ethnic resistance in areas inhabited by millions of people before elections scheduled for 2010. "As long as the world sits on its hands, this is only going to grow much, much worse," added Aung Din. ##
U.S. Campaign for Burma
1444 N Street, NW Suite #A2
Washington, DC 20005
Tel: (202) 234 8022
Fax: (202) 234 8044
info@uscampaignforburma.org
www.uscampaignforburma.org
မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးနှင့်ပူးပေါင်း ဆောင်ရွက်လိုက်ပြီ။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသများအဖွဲ့ချုပ်)။...။
သံဃာ့တပ်ပေါင်းစုအဖွဲ့ခွဲများဖွဲ့စည်းပုံ အဖွဲ့ခွဲ (၄) တာချီလိတ်မြို့၊ ရှမ်းပြည်နယ်တောင်ပိုင်း။....။
တတိယ အကြိမ် သံဃာ့သပိတ်ဆင်နွဲရန်အတွက် တာဝန်ခွဲဝေဖွဲ့စည်းခြင်း။...။
သခင်စိတ်ဓါတ်သခင်အကျင့်။..။

သခင်လား ကျွန်လား
ရိုးရိုးကျင့် မြင့်မြင့်ကြံ
မှန်တာလုပ် ဟုတ်တာပြောတဲ့
ဒါ… သခင်တစ်ယောက်ရဲ့စိတ်ဓာတ်နဲ့
သခင်တစ်ယောက်ရဲ့အကျင့်မြတ်ပဲ၊
သခင်ဆိုတာ
မရသင့်တဲ့အခွင့်အရေး
ဘယ်သူပေးပေးမယူဘူး
“ထမင်းကြမ်းခဲ” ပြလို့
အမြီးနှံ့ပြရတာ
သခင်မဟုတ် ကျွန်ရဲ့အလုပ်ပဲ၊
သခင်ဆိုတာ
ဗဟုသုတနဲ့ ယုံကြည်မှုရှိ
စိန်ရွှေငွေ အာဏာ တွေသူမကြည့်
တိုင်းပြည်ရဲ့တာဝန်ကိုသိတယ်
တိုင်းပြည်နဲ့မိမိတာဝန်
ချိန်ခွင်လျှာတင်ကြည့်ရင်
တိုင်းပြည်ကအလေးသာတယ်၊
ကျွန်ဆိုတာ------
ခံမပြောရဲဘူး
ဟောက်ငေါက်သမျှဖိခံ
မှန်မမှန်သူမသိ
သူသိတာကသခင်အလိုကျအမြီးနှံ့ပြဖိ
သခင်ဆိုတာ
ခိုင်းလို့မဟုတ် တာဝန်သိလို့လုပ်တယ်
မဟောက်နဲ့မငေါက်နဲ့
ကြောက်တတ်တဲ့အလေ့မရှိ
မမှန်တာသူသိရင်
ဖွင့်ဟဖို့ဝန်မလေး
အသက်ပေးဆောင်ရွက်
ဒါ…သခင်စိတ်ဓာတ်နဲ့
သခင်တစ်ယောက်ရဲ့အကျင့်မြတ်ပဲ
သခင်နဲ့ကျွန်
ချိန်ခွင်လျှာတင်ကြည့်
သခင်လား? ကျွန်လား?
ခွဲခွဲခြားခြားသိချင်တယ်
ကွဲကွဲပြားပြားသိချင်တယ်
အဖြေ…………။
မင်းသုည
Mail ထဲပေးပို့လာတဲ့ ဆရာတော် အရှင်ဣဿရိယ အားကျေးဇူး အထူးတင်ပါသည်။...။
အမေရိကန် အထက်လွှတ်တော် အမတ်ဂျင်မ်ဝက်ရဲ့ ပြောဆိုချက်တွေဟာ အိုဘားမားအစိုးရရဲ့ ပေါ်လစီလို့ ဒေါ်စုမယူဆ။....

" အန်ကယ်တို့ ဒီနေ့ နေ့လည် ၁၂နာရီခွဲကနေ ၂နာရီခွဲအထိ ၂နာရီလောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေခွင့်ရတယ်။ အဓိကက ဒေါ်စုအမှုကို အယူခံဝင်ဖို့ ဖြစ်တယ်။ အားလုံးစာရိုက်ပြီးရင် နောက်တပတ် တနင်္လာ သို့မဟုတ် အင်္ဂါနေ့လောက် တင်ဖြစ်ပါမယ်။
ဒေါက်တာတင်မျိုးဝင်းနှင့် ပြန်လည်ဆေးစစ်ခွင့် ရဖို့အတွက် ဒေါ်စုက အာဏာပိုင်တွေကို ထပ်ခါထပ်ခါတောင်းဆို ထားပါတယ်။ အခုထိအကြောင်း မပြန်သေးပါဘူး။ ဒေါက်တာတင်မျိုးဝင်းက ဒေါ်စုရဲ့ကျန်းမာရေးရာဇ၀င်ကို သိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အမျိုးသမီးဆရာဝန်ကိုတော့ တစ်ခါ ခေါ်လာတယ်လို့ ပြောပါတယ်။
အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က NLD ကို ရွေးကောက်ပွဲဝင်ဖို့ ပြောတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး မစ္စတာဂျင်မ်ဝက်ဘ် ပြောနေတဲ့ဟာတွေဟာ အိုဘားမားအစိုးရရဲ့ ပေါ်လစီလို့ ဒေါ်စုက မယူဆဘူးလို့ ပြောဆိုပါတယ်။
ဒီမိုဝေယံ

ဝါရင့်နိုင်ငံရေးသမားကြီးများ၏ မေတ္တာရပ်ခံချက်။....။
မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေလေးဦး အယူခံကိစ္စ တွေ့ခွင့်ရမည်။.....။

" မနက်ဖြန် အန်ကယ်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေ့လည်လောက်မှာ အန်ကယ်တို့ ရှေ့နေလေးဦးနဲ့ အယူခံမှာ ပါဝင်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးဖို့အတွက် တွေ့ခွင့်ရပါမယ်။ မနက်ဖြန်တွေ့ပြီးရင် အယူခံပေါ်မှာ ပါဝင်တဲ့ ဆွေးနွေးချက်တွေ အပေါ်မူတည်ပြီး သောကြာနေ့ ဒါမှမဟုတ် နောက်အပတ်လောက်မှာ အယူခံကိုတင်ဖြစ်ပါမယ် " ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ဖြင့် ပြန်လည်ရောက်ရှိချိန်မှ စပြီး ယခုအကြိမ်ဟာ ရှေ့နေများ နဲ့ ဒုတိယမြောက် တွေခွင့်ရခြင်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပေါ်ချမှတ်ထားတဲ့ နေအိမ်အကျယ်ချုပ် စည်းကမ်းချက် ၈ချက်ထဲမှလည်း မရှင်းလင်းတဲ့ အချက်အလက်များပါဝင်နေပြီး ယခင် ဒေါ်အောင်ဆန်းစုကြည်အား နှစ်ရှည်လများ ပုံမှန်ကျန်းမာရေးကို ကြည့်ရှုစစ်ဆေးပေးခဲ့တဲ့ ဒေါက်တာတင်မျိုးဝင်းနဲ့လည်း ဆေးစစ်ဆေးခွင့်မရရှိပဲ တခြားဆရာဝန်နှင့် သာကြည့်ရှုစစ်ဆေးခွင့် ပေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အပေါ်ချမှတ်ထားတဲ့ နေအိမ်အကျယ်ချုပ် စည်းကမ်းချက် ၈ချက် ကတော့။
၁..။ ဒေါ်စုနေအိမ်၌ နေထိုင်ရမည်။
၂..။ခြံဥပစာအတွင်းသွားလာ လွတ်လပ်စွာ သွားလာနေထိုင်ခွင့်ရှိသည်။
၃..။ကျန်းမာရေးအတွက် ခွင့်ပြုထားတဲ့ ဆရာဝန် သူနာပြုတွေနဲ့ စစ်ဆေးကုသခွင့်ပြုတယ်။
၎..။ဧည့်သည်နဲ့ တွေ့ခွင့်ရှိတယ်။သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်နဲ့ တွေ့ခွင့်ရှိတယ်။
၅..။မြဝတီ ၊မြန်မာ့အသံ၊ ရုပ်မြင်သံကြား ကြည့်ခွင့်ရှိတယ်။
၆..။ပြည်တွင်းထုတ် သတင်းစာ၊ဂျာနယ် ဖတ်ခွင့်ရှိတယ်။
၇..။မိမိလိုအပ်ချက်ကို စာဖြင့်ရေးသား ပြောဆိုခွင့်ရှိတယ်။
၈..။အဲ့ဒီခွင့်ပြုချက်အပြင် အခြားဆောင်ရွက်လိုတဲ့ ကိစ္စရှိရင် သက်ဆိုင်ရာ ခွင့်ပြုချက်ရှိမှ ဆောင်ရွက်ခွင့်ပြုမယ်လို့ ဖော်ပြပါရှိပါတယ်။
နအဖက ၂၀၁၀ ရွေးကောက်ပွဲအတွက် မီးကုန်ယမ်းကုန် ပြင်ဆင်နေပြီ။....။
ရွှေဝါရောင်တော်လှန်ရေး (၂)နှစ်ပြည့် ။...။
သံဃာ့တပ်ပေါင်းစုနဲ့ အကောင်းဆုံး မြေသြဇာ တွဲကြပြီ။
Generation Wave(မျိုးဆက်သစ်လူငယ်များအစည်းအရုံး) ရဲ့လှုပ်ရှားမှုတွေပါ။.။
ကျနော်တို့ Generation Wave(မျိုးဆက်သစ်လူငယ်များအစည်းအရုံး)မှ သြဂုတ်၂၅ ရက်၂၀၀၉ ခုနှစ်တွင် ရန်ကုန်မြို့ ဖဆပလ၊ စံပြ၊ ကန်တော်ကလေး၊ ဒဂုံ၊ မြောက်ဥက္ကလာပ နှင့်ဗဟန်းမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းလွှတ်ပေးရန် ဆေးမှုတ်၍ တောင်းဆိုသည့် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ပါသည်။ ပြည်သူများနှင့်လူငယ်ထုမှလည်း နအဖစစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်အား မတရားထောင်ချရန် လုပ်ကြံဇာတ်ခင်း၍ကြိုးစားနေခြင်းကို တတ်နိုင်သည့် နည်းလမ်းများဖြင့် ကန့်ကွက်ရှုတ်ချ သွားကြပါရန် တိုက်တွန်း နှိုးဆော်လိုက်ပါသည်။
Generation Wave(မျိုးဆက်သစ်လူငယ်များအစည်းအရုံး)
သံဃာတပ်ပေါင်းစု ဧရာဝတီတိုင်း (ဖွဲ့စည်းပုံ)။..။
သံဃာတပ်ပေါင်းစု ပဲခူတိုင်း (ဝေါမြို့နယ်) ဖွဲ့စည်းပုံ။
ကြံ့ဖွတ် အတွင်းရေးမှုးဋ္ဌေးဦး တည်းခိုရာ Hotel ရှေ့နှင့် ဂျပန်နိုင်ငံခြားရေးရုံးရှေ့ ဆန္ဒပြပွဲဓာတ်ပုံ၊မှတ်တမ်း။...။
ဓာတ်ပုံ စိုးအောင်ဝင်း။
ကြံ့ဖွတ် အတွင်းရေးမှုးဋ္ဌေးဦး တည်းခိုရာ Hotel ရှေ့ ကန့်ကွက်ဆန္ဒပြပွဲ ဓာတ်ပုံမှတ်တမ်း။....။
သာသနာ့ဥသျှောင် ရွှေဝါရောင် နှစ်ပတ်လည် ပြုလုပ်မည် ။..။
လတ်တလောပြည်တွင်းမှ အသံများ။ (အပိုင်း ၁)
ဂျပန်နိုင်ငံခြားရေးရုံးရှေ့ကြံ့ဖွတ် အတွင်းရေးမှုးဋ္ဌေးဦးအားဖိတ်ခေါ်မှု ကန့်ကွက်ဆန္ဒပြပွဲ ဓာတ်ပုံမှတ်တမ်း။..
ဓာတ်ပုံ ဦးသန်းဝင်း။
ဂျပန်နိုင်ငံခြားရေးရုံးရှေ့ ကြံ့ဖွတ်အတွင်းရေးမှုးဋ္ဌေးဦးအား ဖိတ်ခေါ်မှု ကန့်ကွက် ဆန္ဒပြပွဲ။....။
ဗီဒီယို ကိုပွား။
ကြံ့ဖွတ် အတွင်းရေးမှုးဋ္ဌေးဦး တည်းခိုရာ Hotel ရှေ့က အလံတိုင်မှာ ခွပ်ဒေါင်းအလံကို သွားရောက် လွှင့်ထူ။...။
ဒီပဲယင်း တရားခံ ကြံ့ဖွတ်အတွင်းရေးမှုးအား ဆန္ဒပြမည့် နေရာနှင့် အချိန်။...။
လက်တွေ့ကျတဲ့ အချစ်အဓိပ္ပာယ်။...။

Thoughts of loving-kindness. One must put that love into action”
ပြည်ပတွင် ရောက်နေသော လူတော်တော်များများမှ ဤကဲ့သို့သော အသံများကို အများဆုံးကြားရပါသည်။ ‘ငါတို့လည်း ကိုယ့်မြန်မာနိုင်ငံကို အရမ်းချစ်ပါတယ်….ဘာမှ မှမတတ်နိုင်တာပဲ…ဒဲ့’ကိုယ့်မြန်မာနိုင်ငံကို ချစ်သော အဝေးရောက် ပြည်သူများ၊ အမျိုးကိုချစ်သောမြန်မာများ ကျွန်ုပ်တို့၏ ခေါင်းဆောင် အမေစု၏ အချစ်၏ အဓိပ္ပါယ် ဖွင့်ဆိုချက်ကို သေချာ နားလည်ပြီးအက်ရှင်ပါသော အချစ်ဖြင့်…….တကယ်ချစ်နိုင်ကြပါစေ။
တိမ်တိုက်
၂၃-၈-၂၀၀၉
mail ထဲပေးပို့လာတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီး အကောင်အထည် ဖော်ဆောင်ရေးကော်မတီ။...။
ဒကာတို့အနေဖြင့် ယခုပေးပို့သော သတင်းအား ပြည်တွင်း/ပြည်ပရှိ တိုင်းရင်းသား ပြည်သူ အများ သိရှိရန်
တွဲဖက်အထွေထွေအတွင်းရေးမှူး
သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ
ဂျပန်နိုင်ငံ တိုကျိုမြို့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး” ချီတက်ဆန္ဒပြပွဲ အခမ်းအနား ဓာတ်ပုံ မှတ်တမ်း (၂)။..။
ချီတက်ဆန္ဒပြပွဲကို နေ့လည် ၂း၃၀ ၌် Ebisu ပန်းခြံမှ စတင်ကျင်းပပါသည်။ နိုင်ငံတော်အလံအား အလေးပြုချင်း၊ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ ခေတ်အဆက်ဆက် ဒီမိုကရေစီ တိုက်ပွဲ အတွင်းကျဆုံးသွားကျသော အာဇာနည် သူရဲကောင်းများအား မိမိတို့ကိုးကွယ်ရာ ဘာသာအလိုက် ဆုတောင်းမေတ္တာပို့သခြင်းများ ပြုလုပ်ခြင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများမှ အမှာစကားပြောကြားခြင်းများ ပြုလုပ်ပြီး နေ့လည် ၃နာရီ၌ ချီတက်ဆန္ဒပြခဲ့ကြပါသည်။ ချီတက်ဆန္ဒပြရာ လမ်းတလျှောက်ရှိ ဂျပန်ပြည်သူများနှင့် နိုင်ငံခြားသားများအား ဒေါ်အောင်ဆန်းစုကြည် နှင့် ပတ်သတ်သည့် လက်ကမ်းကြော်ငြာများအား ဝေငှခဲ့ပြီး ညနေ၅နာရီခန့်၌ ချီတက်ဆန္ဒပြပွဲ ဂိတ်ဆုံး Sendagaya ပန်းခြံတွင် ကြွေးကြော်သံများတိုင်ကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။...။
သတင်း၊ ဓာတ်ပုံ။...။ဒီမိုဝေယံ
ဂျပန်နိုင်ငံ တိုကျိုမြို့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး” ချီတက်ဆန္ဒပြပွဲ အခမ်းအနား ဓာတ်ပုံ မှတ်တမ်း(၁)။..။
ဓာတ်ပုံပေးပို့လာသူ ဦးသန်းဝင်းအား ကျေးဇူးတင်ပါသည်။။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆရာဝန်ဒေါက်တာတင်မျိုးဝင်းအစား တခြားဆရာဝန်အစားထိုး။

" ဒေါ်စုရဲ့ကျန်းမာရေး စစ်ဆေးတဲ့ ကိစ္စကတော့ ၁၁ရက်နေ့ ဒေါ်စုအိမ်ကိုပြန်ရောက်တဲ့ နေ့ကစပြီးတော့ သက်ဆိုင်ရာ အာဏာပိုင်တွေက နေပြီးဒေါ်စုရဲ့ ကျန်းမာရေးပုံမှန် စစ်ဆေးဖို့ဆိုပြီး အမျိုးသမီး ဆရာဝန်တယောက်ကို ခေါ်လာပါတယ်။ ဒေါ်စုအနေနဲ့ မိမိရဲ့ကျန်းမာရေးကို ပုံမှန်နှစ်ရှည်လများ ကြည့်ရှုပေးလာတဲ့ ဒေါက်တာတင်မျိုးဝင်း ကိုပဲကျန်းမာရေး စစ်ဆေးခွင့်ပြုဖို့ သက်ဆိုင်ရာကို တောင်းဆိုထားပါတယ်။ မိမိကိုကြည့်ရှု့မယ့် ဆရာဝန်ကို မိမိအနေနဲ့ ရွေးချယ်ပိုင်ခွင့် ရှိရပါမယ်။ အခုထိတော့ ဒေါက်တာတင်မျိုးဝင်း သွားကြည့်ခွင့် ရတယ်လို့မကြားမိသေးပါဘူး။ မနေ့က ဒေါက်တာတင်မျိုးဝင်းနဲ့ တွေ့တဲ့အထိတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာမှမပြောတဲ့ အတွက် သွားကြည့်ခွင့် မရသေးပါဘူး။ အန်ကယ်တို့ ရှေ့နေတွေနဲ့ နောက်တကြိမ်တွေ့ဖို့ ဒေါ်စုက တောင်းဆိုထားတယ် ပြောပါတယ်။ အခုထိတော့ တွေ့ခွင့်မရသေးပါဘူး။" ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
ဒေါက်တာတင်မျိုးဝင်းဟာ ဒေါ်အောင်ဆန်းစုကြည် ယခင် နေအိမ်အကျယ်ချုပ် ကျခံရစဉ် တလတကြိမ် ပုံမှန်ကျန်းမာရေး စစ်ဆေးခွင့်ရခဲ့ပြီး အမေရိကန်နိုင်ငံသား မစ္စတာယက်တော ဒေါ်စုနေအိမ်သို့ ဝင်ရာက်ပြီး ဖမ်းဆီးခံရချိန်မှာ အာဏာပိုင်များရဲ့ ခေတ္တခေါ်ယူ ထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။ ၂၀၀၈ခုနှစ် ပထမအကြိမ်မစ္စတာယက်တော ဒေါ်စုအိမ်သို့ ဝင်ရောက်လာစဉ်က ဒေါက်တာတင်မျိုးဝင်းမှ တဆင့် အသိပေး အကြောင်းကြားခဲ့သော်လည်း အာဏာပိုင်များမှ အရေးယူဆောင်ရွက်ပေးချင်း မရှိခဲ့ပါဘူး။..။
ဒီမိုဝေယံ
မြတ်သော ယုံကြည်ချက်အတွက် (အရှင်ဂမ္ဘီရသို့ အမှတ်တရ)
ဆောင်းပါးရေးသားသူ။ ဦးလင်း
သောကြာနေ့၊ သြဂုတ်လ 21 ရက် 2009 ခုနှစ် 17 နာရီ 49 မိနစ်
"ကျုပ်ဘက်ကတော့ အားလုံးကို အနစ်နာခံ စွန့်လွှတ်ခဲ့ပြီးပါပြီ။ အပြင်မှာရှိနေကြတဲ့ ဒကာတော်ကြီးတွေအနေနဲ့ ကိုယ့်တာဝန်ကို ကိုယ်ကျေပွန်ဘို့ လိုတယ်"
အမတော်နှင့် တဆင့်ပါးလိုက်သည့် အကျဉ်းထောင်ထဲမှ ဆရာတော်အရှင်ဂမ္ဘီရ၏ အမှာစကား ဖြစ်သည်။ တချို့လူတွေ ကြား၏။ တချို့လူတွေ မကြား။ တချို့လူတွေ မကြားချင်။ တချို့ မကြားသယောင် ဟန်ဆောင်နေကြလေ၏။ ရိုးသားစွာ ဝန်ခံရလျှင် ထိုကဲ့သို့ ဟန်ဆောင်နေကြသူများထဲတွင် ကျနော် ထိပ်ဆုံးက ဖြစ်မည်ထင်သည်။

ဆရာတော်၏ အမှာစကားသည် ကျနော့်တသက် အနေရခက်၊ အသေရခက်စေတော့မည်မှာ အမှန်ပင်ဖြစ်သည်။ ကိုယ့်ကိုယ်ကို လိမ်လည်ရန် တကယ်မဖြစ်နိုင်။ ကိုယ်စောင့်နတ်တို့က ခဏခဏ ထုခြေလွှာ တက်နေကြသည်။ သစ္စာရှိမှ မိတ်ဆွေကောင်းဟေ့၊ တာဝန်သိမှ ပြည့်သားကောင်းဟေ့ ဟု တခါတခါ နားဝမှာ ဆန္ဒပြနေကြသည့် အသံများက ပြည့်လျှံနေပြန်၏။
ခက်ပလေကော။ လတ်တလော အခြေအနေတွင် ကျနော့်ဘဝသည် ပစ်ပြီးသည့် ကျည်ဆံခွံတတောင့်လို ဘာမှအသုံးမကျ။ ခြုံကြိုခြုံကြားထဲ မနေချင်သော်လည်း ပျော်စံနေရတာပဲ မဟုတ်ပါလား။ ဇရာကအို ပိုက်ကဆွေး၊ ခွေးကျိုးနဲ့ ယုံလိုက်၊ အမိုက်တရားတွေနဲ့ နိဗ္ဗာန်သွားချင်တဲ့ ကိုယ့်ဘဝကို တွေးရင်းငေးရင်း နှောင်းဖြစ်တွေကို စဉ်းစားနေမိသည်။
ကမ္ဘာကျော်သမိုင်းထဲက ရွှေဝါရောင် ပတ္တနိကုဇ္ဇနကံဆောင်သည့်ပွဲတွင် ကျနော့်ဘဝတသက် မမေ့ရက်နိုင်စရာ နေ့များထဲမှ အားနည်းချက်၊ အားသာချက်များကို ခြုံငုံသုံးသပ်ရင်း အတိတ်မှ မြင်ကွင်းများက အစီအရီ ပေါ်ထွက်ခဲ့ကြပြန်ပါပြီ။
အချိန်ကား ၂ဝဝ၇ ခု စက်တင်ဘာ ရွှေဝါရောင် သံဃလှုပ်ရှားမှုကြီးအပြီး အောက်တိုဘာလ။ မှတ်မှတ်ရရ သီတင်းကျွတ်လပြည့်နေ့ ဖြစ်ပါသည်။
ဆိုင်ကယ်ပေါ်မှ ဆင်းလိုက်သည်နှင့် ဆရာတော်က တောတန်းလေးထဲမှ ထွက်လာပါသည်။ တက်ကြွလန်းဆန်းနေသည့် ဆရာတော်၏ အပြုံးများကို ဒကာတော်၏ အောင်မြင်မှုအပြုံးများဖြင့် ဆရာနှင့် ဒကာ မျက်စများ ခင်းလိုက်ကြရင်း နှုတ်ဆက်လိုက်ကြသည်။
ဆူးညောင့်ခလုတ်များသာမက သေနတ်ပြောင်းဝများကြားမှာ အောင်မြင်စွာ ရှောင်တိမ်းလှုပ်ရှားနေချိန်မို့ ဆရာနှင့် ဒကာ၏ အပြုံးများမှာ နူးညံ့သိမ်မွေ့သည်ထက်ပို၍ နက်ရှိင်းနေပါသည်။
နေရာက မန္တလေးမြို့မှအထွက် မေမြို့ကားလမ်းမကြီး၏ အရှေ့ဘက်။ ထုံးဘိုရွာအနီး။ အရှေ့ရိုးမကြီး၏ အစမှတ်တိုင်သဖွယ် တည်ရှိသည့် ထုံးကျောက်တောင်တန်းကြီး တလျှောက်အောက်က တောတန်းလေးတခုတွင် ဖြစ်ပါတယ်။ လူတထိုင်သာသာရှိသော စိုက်ခင်းတခု၏ အလယ်တွင် ဆရာနှင့် ဒကာ မျက်နှာချင်းဆိုင် ထိုင်လိုက်ကြပါသည်။
ပတ်ဝန်းကျင်အနေအထားကို ဒကာက အကဲခတ်လိုက်တော့ ဆရာတော်က ‘‘အိုကေ .. ဒကာလင်း‘’ ဟု မိန့်လိုက်သည်။ ဒကာ၏ ညာဘက်ပခုံးမှ နက်ပြာရောင် ကြိုးဆွဲဂျင်းအိပ်လေးကို လျှောချလိုက်ပြီး ဆရာတော်အား ကပ်လှူလိုက်ပါ၏။ အဲဒီနောက် ဒေါနရောင် ဂျာကင်အင်္ကျီ အတွင်းအိပ်ထဲမှ ပစ္စည်းများကို ထုတ်ယူလိုက်ပြီး ဆက်လက်လှူဒါန်းလိုက်သည်နှင့် တပြိုင်နက် ပြင်းပြသည့် အာသီသများ ပြည့်ဝပြီမို့ ဆရာတော်၏ နှုတ်ခမ်းတော်အစုံက ဖုံးမရဖိမရ။ အပြုံးများ ဗလဝ ကြားက ‘‘ကျုပ် မရယ်ရတာ ကြာပြီဗျ။ အခု ဒကာကြီး လာမှပဲ ရယ်ရတေ့တယ်'' ဟု ဆိုကာ ချီးမွမ်းခန်း ဖွင့်ပါတော့သည်။
ပထမတခေါက်တုန်းက ယခုပစ္စည်းလေးများ ပါမလာ၍ ဆရာတော်၏ မျက်နှာတော် ညှိုးသွားသည်ကို ဒကာက စိတ်မကောင်း။ အခု ဒုတိယအခေါက်တွင် စွန့်စားခန်းများ တသီတတန်းကြီးကို ဖြတ်ကျော်၍ အောင်မြင်ခဲ့ပြီမို့ ကျေနပ်ပီတိဖြစ်နေရသည်။
နယ်စပ်မှသည် လမ်းတလျှောက် ထူထပ်လှသည့် ရှာဖွေစစ်ဆေးရေးဂိတ်များကို တခုပြီးတခု ကျော်ဖြတ်နိုင်ရန် homework အိမ်စာတွေကို အပြန်ပြန်အလှန်လှန် လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ရပါသည်။ အိနြေ္ဒမပျက်အောင် ဆောက်တည်နေရသည့် သမာဓိအားကို ထိန်းသိမ်းနိုင်ရန် ထွက်လေဝင်လေများကို ဂရုတစိုက် မှတ်သားနေခဲ့ရသလို တခါတလေမှာ ထိုးသုတ်တော့မည့် စွန်ရဲငှက်တအုပ်၏ မျက်စိအောက်က ဖားတကောင်လိုမျိုး ရင်တဖိုဖိုနှင့် အားတင်းနေရသည့် အဖြစ်များကိုလည်း ကြုံခဲ့ရပါသည်။ သို့သော် သဲထိတ်ရင်ဖို စွန့်စားခန်းများကို နေ့စဉ်ရက်ဆက် ဖြတ်သန်းနေခဲ့ရတာနှင့်အမျှ ထုသားပေသား ကျနေတာမျိုးလည်း ရှိပါသည်။
မှောင်ရည်ပျိုးစပြုလာပြီမို့ ဆရာနှင့် ဒကာ စိုက်ခင်းလေးထဲမှ ထွက်လာကြပါသည်။ သီတင်းကျွတ် လပြည့်ည၏ ဗွေဆော်ဦး အလင်းတန်းများကို တောင်တန်းကြီးက ကာဆီးပေးထားတာမို့ ပီတိဖြစ်မိသည်။ ယခုတလော အမှောင်ညများကို ဘဝအဖော်မွန်ပြုနေရသည် မဟုတ်ပါလား။
စိုက်ခင်းလေး ဆုံးသွားပြီးနောက် လှည်းလမ်းလေးကို ကျော်ဖြတ်ရသည်။ မကြာမီမှာပဲ ဆရာနှင့် ဒကာ တောင်ခြေရင်းကို ချဉ်းကပ်မြိကပါပြီ။ ဆရာတော်က ရှေ့ကဦးဆောင်၍ တောင်တက်လမ်းကို စတင်တက်လိုက်သည်။ လူအတက်အဆင်းများသောလမ်း ဖြစ်ဟန်တူ၏။ လမ်းတလျှောက် ကျောက်သားများက အမှောင်ထဲမှာပင် ဖြူဖွေးနေသည်။
ကျောက်စွယ်ကျောက်ငုတ်လေးများကို ခြေကုတ်ယူပြီး တက်နေရသည်မို့ ဟန်ချက်မပျက်အောင် ထိန်းနေရ၏။ စကားလုံးဝမပြောဘဲ ခြေဟန်လက်ဟန်များဖြင့်သာ ဆရာတော်က လမ်းပြပေးပါသည်။ တချို့နေရာများက မတ်စောက်သဖြင့် လေးဘက်ထောက်၍ တက်နေရသည်။ အသက်အရွယ်ကကြီးတော့ ထင်သလောက် ခရီးမပေါက်။ အသက်ရှူသံက ပြင်းလာသည်နှင့်အတူ ဇောချွေးများ စို့ထွက်လာနေ၏။ အတော်လေး ခရီးပေါက်ပြီမို့ လူသုံးလေးယောက်ထိုင်နိုင်သည့် ကျောက်ငူစွန်းတခုကို တွေ့သည်နှင့် ဆရာနှင့် ဒကာ ထိုင်လိုက်ကြပါတော့သည်။
စိတ်မအေးရသည့်ကြားထဲ လက်ယာနံဘေး ခြုံပုတ်ထဲမှ ‘‘ဝူး’‘ ကနဲအသံက ကြက်သီးများ ဖျန်းကနဲ ထသွားစေသည်။ တောဝက်လား၊ မျောက်သံလား မခွဲခြားတတ်။ အသံလာရာဘက်သို့ ဆရာနှင့် ဒကာ အာရုံစိုက်နေစဉ်မှာပင် ပြေးထွက်သွားသော အသံများကို ကြားလိုက်ရသည်။
သက်ပြင်းတချက်စီ ချလိုက်ပြီးနောက် အရှင်ဂမ္ဘီရက စကားစလိုက်သည်။ ‘‘အခုအခြေအနေတွေက ဘယ်လိုလဲ`‘
ဒကာတော်က အသေးစိတ်ရှင်းပြလိုက်သည်။ အရှင်ဘုရား၏ မျက်နှာပုံပန်းသဏ္ဌာန်နှင့် အရပ်အမောင်းကို အသေးစိတ် ဖော်ပြထားသည့် ဖမ်းဝရမ်းစာများသည် နယ်စပ်များအထိ ပြန့်နှံ့ရောက်ရှိနေပြီဖြစ်ကြောင်း။ မန္တလေးမြို့က ဆရာတော် အရှင်ပညာသီရီမှာ မုံရွာမြို့ အင်တာနက်ဆိုင်မှအထွက် အဖမ်းခံရကြောင်း။ သဟာယများက မှာကြားလိုက်သည့် သတင်းစကားများ အကြောင်းနှင့် ဒကာတော်၏ အခက်အခဲများကို ဝေဝေဆာဆာနှင့် ပြောကြားနေလို့ ကောင်းနေစဉ်မှာပင်။
''ဟာ .. ဒကာ ဒကာ ၊ ဟိုမှာ ဘာတွေလဲ၊ ကြည့်စမ်းပါအုံး''
ပြောပြောဆိုဆိုပင် ဆရာတော်၏ လက်ညှိုးညွန်ရာသို့ ကြည့်လိုက်ပါသည်။ တဖြည်းဖြည်းချင်း ရွေ့လျားလာနေသော မီးရောင်များ တသီတတန်းကြီးကို မြင်နေရ၏။ ထုံးဘိုရွာနှင့် မြစ်သားမြို့ကို ဖြတ်ဖောက်ထားသည့် ကားလမ်းမကြီးပေါ်က ဖြစ်သည်။
အပေါ်စီးမှ ကြည့်နေရသည်မို့ မြင်ကွင်းက ထင်ရှားလှပါသည်။ သို့သော် အခြေအနေများကို ဒကာက နားမလည်နိုင်ဖြစ်နေသည်မို့ ဆရာတော်က အသေးစိတ် ရှင်းပြပါသည်။ ဒီအနီးနားတဝိုက်တွင် ဆရာနှင့် ဒကာ ရှိနေသည်ဆိုတာကို နအဖ ထောက်လှမ်းရေးများ သိနေကြသည့်သဘော ရှိပါသည်။
ညပိုင်းအချိန်မတော် သန်းခေါင်းယံမှာ မီးတုတ်များကိုယ်စီ ကိုင်ဆောင်ထားကြသော ရှာဖွေရေး လူ ၅ဝ-၆ဝ ခန့်က တောနင်းပြီး ပိုက်စိတ်တိုက် ရှာဖွေနေကြသည်ဆိုသော သတင်းက ရရှိထားပြီးဖြစ်သည့်အကြောင်း။ သဘောက ထိုမီးတန်းကြီးကို သံသယရှိနေခြင်း ဖြစ်ပါသည်။ ထို့ကြောင့်လည်း မဟာဗျူဟာအရ ဒီတောင်တန်းကြီးအား နေရာယူထားခြင်းဖြစ်ကြောင်း ဒကာက သဘောပေါက်နားလည်လိုက်ပါပြီ။
ဆက်လက်ပြီး မကြာမီက ကြုံတွေ့ခဲ့ရသည့် စွန့်စားခန်းတခုကို ဆရာတော်က ပြောပြပါသည်။ ရှောင်ရင်းတိမ်းရင်း ညှပ်ပူးညှပ်ပိတ် အခြေအနေတခုမှ ဖောက်ထွက်ရင်း မတတ်သာသည့်အဆုံး ဆိုင်ကယ်ကို စွန့်ပစ်တားခဲ့ရသည့် အကြောင်း။
ဆူးခြုံများကိုပင် မရှောင်နိုင်တော့ဘဲ တိုးခွေ့ဖောက်ထွက်ပြီး ကိုယ်လွတ်ရုန်းခဲ့ရသည်မို့ တကိုယ်လုံးမှာ ဆူးငြောင့်ဒဏ်ရာများ ဗလပွ ရရှိခဲ့ကြောင်း။ အဲဒီအချိန်တုန်းက အဆက်မပြတ် ရွာသွန်းနေသည့် မိုးသီးမိုးပေါက်များ ကြားထဲက ယာတလင်းပြင်မှာပဲ တညအိပ်ပြီး နေခဲ့ရကြောင်း။ မငြီးမငြူ၊ မပူမပင် ရွှင်ရွှင်ပြပြ ပြောပြနေသည့် ဆရာတော်၏ အပြုံးပန်းများကို လရောင်အောက်တွင် အထင်အရှား မြင်နေရပါသည်။
ဆရာနှင့် ဒကာ စကားပြောကောင်းနေလိုက်ကြသည်မှာ လမင်းကြီးပင် မွန်းတည့်ပေတော့မည်။
သတိတချက်က နှိုးစက်ချထားသည့်နှယ် ပေါ်လာသည်မို့ ဆရာတော်ထံ ခွင့်ပန်လိုက်ပါသည်။ ‘‘တပည့်တော် ပဋ္ဌာန်းရွတ်ပါအုံးမယ်ဘုရား’’
ဒကာအကြောင်းကို ဆရာတော်က သိပြီးဖြစ်သည်။ ‘‘အိုကေ … အိုကေ။ ကျုပ် အပေါ်ဘက် ဆက်တက်လိုက်အုံးမယ်‘‘ ဟု ဆိုကာ ပြောပြောဆိုဆိုပင် ကြွသွားပါတော့သည်။
ဆောင်းဦးပေါက်စ မြောက်ပြန်လေအေးကို တဝကြီး ရှူရှိုက်လိုက်ပြီးနောက် ဘဝအမေများကို ဖြေလျှော့လိုက်ရင်း အဝေးက မြင်ကွင်းကြီးတခုလုံးကို သတိပြုမိလိုက်သည်။ သန်းကောင်ယံ လပြည့်ညက သဘာဝအလှကို အားဖြည့်ပေးထား၏။ စစ်ကိုင်းတောင်ရိုးကြီးပေါ်မှ လျှပ်စစ်ရောင်စုံမီးများက ပန်းဆိုင်ပန်းခက်များသဖွယ် ကောင်းကင်ယံမှ ကြယ်စင်များနှင့် အလှချင်း ပြိုင်နေကြသည်။ မှုန်ဝါးဝါး ဧရာဝတီမြစ်ရေပြင်ကြီးနှင့်အတူ မန္တလေးမြို့ တခွင်တပြင်မှ ပြည့်လျှံနေသည့် မီးရောင်စုံများက ဆတပိုးအလှတိုးနေသည်။
တိတ်ဆိတ်ငြိမ်သက်လှသည့် လောကဓာတ်ကြီးတခုလုံးအား မေတ္တာဖြင့် လွှမ်းခြုံနိုင်ရန် ကြိုးစားအားထုတ်လိုက်ပြီးနောက် ‘‘ဂုဏ်တော် ၉ ပါးအား အနုလုံ ပဋိလုံ ပွားများလိုက်ပြီး တဆက်တည်း သမန္တာစက္ကဝါဠေသုဖြင့် အစချီကာ စိတ်မှာညွတ်၍ နတ်ဗြဟ္မာအပေါင်းတို့အား ဖိတ်ကြားခြင်း ပြုပါသည်။ ၎င်းနောက် ၂၄ ပစ္စည်း ရွတ်ဆိုပြီး ပဋ္ဌာန်းလတ်ဒေသနာမြတ်အား မပြတ်ရွတ်ဖတ် ပူဇော်ခဲ့ရသည်မှာ ထူးမြတ်လှပါဘိ၏။
ထို့နောက် ပုဗ္ဗာဏှသုတ်တော်။ ၎င်းနောက် မေတ္တာသုတ်နှင့် ဗောဇ္ဈင်င်္ဂသုတ်တို့အား ဆက်တိုက် ရွတ်ဖတ်ပူဇော်ပြီးနောက် ကုသိုလ်အမျှ ပေးဝေငှလိုက်ပါတော့သည်။ မကြာခင်မှာပဲ တောင်ထိပ်ပေါ်ဆီမှ ဆရာတော် ဆင်းလာပြီး ဒကာတော်၏ နံဘေးမှာ ယှဉ်ထိုင်လိုက်သည်။ ၎င်းနောက် ဆက်တယ်လိုက် ဖုန်းပေါ်သို့ သူ၏ လက်ချောင်းများက လှုပ်ရှား၍ နေပါလေတော့၏။ သတင်းဌာနပေါင်းစုံ စုံနေတာပါပဲ။ ပြီးတော့ အမြို့မြို့ အနယ်နယ်က သဟာယတွေကိုလည်း မှာကြားနေလိုက်ပါသေးသည်။ ပြောရင်းပြောရင်း အသံရှိန်များ မြင့်မြင့်လာသည်မို့ လက်တို့ပြီး သတိပေးနေရသည်။ အပြန်အလှန် စကားသံများကို နားထောင်ရင်း အခြေအနေများကို သုံးသပ်လိုက်ပြီးသည့်နောက် ဆုံးဖြတ်ချက်တခု ချလိုက်ကြသည်။
မူလအစီအစဉ်တခုကို ဖျက်လိုက်ရမည်ဖြစ်ပြီး မနက်မလင်းခင် ဒကာတော်ကိုယ်တိုင်ပဲ မဟာရန်ကုန်ကို ချက်ချင်း ပြန်ဆင်းရတော့မည်ဖြစ်သည်။ ထုံးစံအတိုင်း နောက်တခါ ပြန်ဆုံရမည့်နေရာ။ ဆက်သွယ်ရမည့်အချိန်နှင့် သုံးစွဲရမည့် စကားဝှက်များကို ပြန်လည်ပြင်ဆင် သတ်မှတ်ကြပါသည်။ ပိုမိုသေချာစေရန် အပြန်အလှန် အမေးအဖြေ လေ့ကျင့်ခန်းများ လုပ်ရသည်။ ထို့နောက် ရန်ကုန်ရောက်လျှင် ဆက်သွယ်ရမည့် တယ်လီဖုန်းနံပါတ်တခုကို ဆရာတော်က ပေးလိုက်သည်နှင့် ဒကာက အဆင်သင့်ပါလာသည့် ‘မြတ်ဗုဒ္ဓ၏ ပါဝစနအဘိဓာန်’‘ စာအုပ်၏ စာမျက်နှာ ၉ဝ ၌ တောင်ပေါ်က ဆင်းကြဖို့ ပြင်ဆင်ကြသည်။ အတက်တုန်းက ခက်ခဲသလို အဆင်းကျတော့လည်း သိပ်မလွယ်ကူလှပေ။ တောင်ခြေသို့ ရောက်သည်နှင့် တပြိုင်နက် ဒကာက ဆိုင်ကယ်ပေါ်တက်လိုက်သည်။ တဦးနှင့် တဦး အပြန်အလှန် နှုတ်ဆက်လိုက်ကြပြီးနောက် လက်မနှစ်ချောင်းကို စင်ပြိုင်ထောင်ကာ တချောင်းနှင့် တချောင်း သစ္စာပြုလိုက်ကြပါတော့၏။
မြတ်သော ယုံကြည်ချက်ဖြင့် တိုင်းပြည်နှင့် လူမျိုးအတွက် စွန့်လွှတ်အနစ်နာခံနေရသည့် အကျဉ်းထောင်အတွင်းမှ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကြီး၏ ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရအား ဤဆောင်းပါးဖြင့် ဦးညွှတ်ပါ၏။
အဓမ္မကို အောင်နိုင်မယ်။
မိစ္ဆာတွေဘေးက ဝေးကြမယ်။
ဒီမိုကရေစီတိုက်ပွဲ။....။

နှစ်လုံးသားကိုတံတားခင်း
အသက်နဲ့ ရင်းရတဲ့ လွတ်လပ်ခြင်းဆိုတဲ့ဂုဏ်
ဒီမိုကရေစီအရေးတော်ပုံမှာ
ကိုယ်ရဲ့အသက်ကိုမငဲ့ နိုင်ပေမယ့်
မြန်မာပြည်သူတွေကိုရင်ခွင်ပိုက်ပြီး
ခေါင်းမငိုက်ဦးမညွတ်
ကိုယ်ကျိုးစွန့်လွတ် တဲ့ခွပ်ဒေါင်းဇာနည်
ဒီမိုကရေစီတိုက်ပွဲဝင်သူတွေရဲ့
တည်ကြည်ရဲရင့်မြင့်မြတ်တဲ့ဂုဏ်ပုဒ်ဟာ
ကမ္ဘာမြေတုန်လောက်ပါတယ်။
အာဇာနည်စိတ်ဓာတ်ကို
မှတ်ကျောက်တင်စမ်းသပ်လိုက်တဲ့
ယုတ်မာသူလူတစ်စုရဲ့ ၊ နှိပ်စက်ကာညှင်းပန်း။
သတ်ဖြတ်ကာရက်စက်ပေမဲ့
နောက်မဆုတ်ဇွဲမာန်ထောင်
တစ်ချိန်မှာ ဧကန်အောင်ရမယ်လို့ 
မြန်ပြည်သူချမ်းသာကြောင်းပေမို့ 
လှေခွက်ချည်းကျန်အလံမလဲပါဘူး
တိုက်ပွဲဝင်ပန်းတိုင်
ဒီမိုကရေစီမဏ္ဍိုင်ကို အနိုင်ရအောင်တိုက်မယ်လို့ 
ရင်ဆိုင်ကာချီတက်သူ မျိုးချစ်ဇာနည်ဖြူတွေကို
တို့ ပြည်သူတွေ နှလုံးသားမှာ
သမိုင်းမှတ်တမ်းဝင်
ကမ္မည်းထိုးတင်ထားပါရဲ့
ကမ္ဘာရှည်သရွေ့တည်နေမယ်။.
မင်းသုည(ကွမ်းခြံကုန်း)
ဗုဒ္ဓတက္ကသိုလ်
Mail ထဲပေးပို့လာတဲ့ ဆရာတော် အရှင်ဣဿရိယ အားကျေးဇူး အထူးတင်ပါသည်။...။
ဒို့တာဝန် အရေးသုံးပါး။(အတို့အထိ)
>
> ဒို့တာဝန် အရေးသုံးပါး။
>
> တရုတ်ပြည်သူ့ သမ္မတ မြန်မာ နိုင်ငံတော် မပြိုကွဲရေး… ဒို့အရေး။
> တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး… ဒို့အရေး။
> ဗိုလ်ချုပ်မှုးကြီး အာဏာ တည်တံ့ခိုင်မြဲရေး… ဒို့အရေး။
>
> ပြည်သူ့သဘောထား။
>
> တရုတ်အားကိုး ပုဆိန်ရိုး အဆိုးမြင် ၀ါဒီများအား ဆန့်ကျင်ကြ။
> နိုင်ငံတော် တည်ငြိမ် မအေးချမ်းမှန်း သိသာစေရန် မေ့လောက်ရှိ။
> ကိုယ့်ဟာကိုယ် ဗုံးထထ ဖောက်သူများအား ဆန့်ကျင်ကြ။
> နိုင်ငံတော်၏ ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်သော (အနောက်) နိုင်ငံများအား ဆန့်ကျင်ကြ။
>
> နိုင်ငံရေး ဦးတည်ချက် (၄) ရပ်။
>
> နိုင်ငံတော် တည်ငြိမ်ရေး၊ ဧည့်စာရင်း မှန်မှန်တိုင်ရေးနှင့် တရား ဥပဒေ စိုးမိုးရေး။
> အမျိုးသား ပြန်လည် ငြိမ်ကုပ် ပိပြားရေး။
> နှစ်၅၀ အချိန်ယူ ရေးဆွဲသင့်သော ခိုင်မာသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ဖြစ်ပေါ်လာရေး။
> ဖြစ်ပေါ်လာမည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်နှင့် အညီ ခေတ်မီ ဖွံ့ထွား
> တုတ်ခိုင်သော နိုင်ငံတော် သစ်တစ်ရပ် တည်ဆောက်ရေး။
>
> စီးပွားရေး ဦးတည်ချက် (၄) ရပ်။
>
> ရှိတာအကုန် ရောင်းစားရေးကို အခြေခံ၍ တပ်မတော်ကို ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး။
> (ညဖက်မှ အလုပ်ဖြစ်သည့်) ဇီးကွက် စီးပွားရေးစံနစ် ပီပြင်စွာ ဖြစ်ပေါ်လာရေး။
> ပြည်တွင်း အာရှမှ အတတ်ပညာနှင့် အရင်းအနှီးများ ဖိတ်ခေါ်၍ ကုန်ဈေးနှုန်း ပြန်မကျ ထိုးတက်အောင် တည်ဆောက်ရေး။
> နိုင်ငံတော် စီးပွားရေး တစ်ရပ်လုံးကို ဖန်တီးနိုင်မှု စွမ်းအားသည် တပ်မတော်နှင့် စက်မှု လယ်ယာ ၀န်ကြီးဌာနတို့၏ လက်ဝယ်တွင် ရှိရေး။
>
> လူမှုရေး ဦးတည်ချက် (၄) ရပ်။
>
> တစ်မျိုးသားလုံး၏ စိတ်ဓါတ်နှင့် အကျင့်စာရိတ္တ မြင့်မားရေး။
> အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေး အတွက် နယ်ချဲ့ တော်လှန်ရေး ဗီဒီယို များများရိုက်၍ ယဉ်ကျေးမှု အမွေအနှစ်များ နောင် မပျောက်ပျက်ရန် အခုကတည်းက ထုံးသုတ်ပစ်ရေး။
> မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရန် လူငယ်တိုင်း တပ်မတော်သို့ ၀င်ရေး။
> တစ်မျိုးသားလုံး ပြည်တွင်းဖြစ်ကို အားပေးရင်း ကျန်းမာ ကြံ့ခိုင်ရေးနှင့်
နိုင်ငံခြား ထွက်နိုင်သူများ ပညာရည် မြင့်မားရေး။
>
> အဟီး ကျွန်တော်မပါဘူးနော်။ >
> အဟီး သမီးလည်းမပါဘူး :P
mial ထဲကပါ။ ရေးသူပိုင်ရှင်ရှိလျှင် အကြောင်းကြားပေးပါ။
ပံ့သကူမထေရ်မြတ် ( သို့ ) အဓမ္မမင်းကို တော်လှန်ဝံ့သူ။....။

ရဟန်းသံဃာတော်များသည် မြတ်စွာဘုရား၏ လမ်းစဉ်ဖြစ်သော လောကလူသားအပါအ၀င် သတ္တ၀ါအားလုံးငြိမ်းချမ်းပြီး ချစ်ကြည်စွာနေထိုင်ရန် အလို့ဌာ ၎င်းတို့၏ အသိညဏ်ပညာအပါအ၀င် လိုအပ်လျှင် အသက်၊ သွေးပါစတေးပြီး မြင့်မြတ်သော နှလုံးသားပိုင်ရှင်များပီပီ အဓမ္မမှုများ၊ မတရားမှုများကို အများအကျိုးအတွက် ရဲရဲဝင့်ဝင့်ရှေ့ဆောင်နိုင်သူမျ
မြန်မာ့သမိုင်းတွင် အမျိုးဘာသာ၊ သာသနာနှင့် ပြည်သူပြည်သားများအကျိုးအတွက် မင့်ကျင့်တရားနှင့်မညီသော ရှင်ဘုရင်ကို မိမိ၏အသက်ခန္ဓာ၊ ရာထူး လာဘ်လာဘကို စွန့်ရဲပြီး အမှန်တရားကို မြတ်ဗုဒ္ဓ၏တရားနှင့်အညီ ထုတ်ဖော်၊ ထောက်ပြခဲ့သော သာသနာ့ အာဇာနည်တစ်ပါးရှိခဲ့ဖူးသည်။ အလောင်းစည်သူမင်းလက်ထပ် ရှင်အရဟံမထေရ် ပျံလွန်တော်မူသောအခါ ပုဂံပြည်၏သာသနာ့ဦးဆောင်အဖြစ် ဆက်ခံရသူ ပံ့သကူမထေရ် (ခေါ်)ပံ့သကူငစွယ်ရှင်မထေရ်မြတ်ဖြစ်
ဆရာတော်သည် အကျင့်သိက္ခာနှင့်ပြည့်စုံပြီး သုသာန်တွင် စွန့်ပစ်ထားသော လူသေကောင်တို့အား ဖုံးလွှမ်းသောအ၀တ်ကိုသာ ကောက်ယူလျှက် သင်္ကန်းအဖြစ် ၀တ်ရုံသူဖြစ်သည်။ ထို့ကြောင့်လဲ ပံ့သကူမထေရ်အဖြစ် အမည်တွင်ခြင်းဖြစ်သည်။ သို့အကျင့်သိက္ခာနှင့်ပြည့်စုံ
မတရားမှု၊ ကောက်ကျင့်စဉ်းလဲမှု၊ ဖိနှိပ်ညှင်းပန်းမှုတို့ကို စိုးစဉ်းမျှ မလိုလား။ ထိုသို့ကြုံလာပါကလည်း တော်လှန်သည်သာဖြစ်သည်။ တစ်ခါသော် အလောင်းစည်သူမင်းသည် သားတော် ၃ ပါးအနက် ရက်စက်ကောက်ကျစ်ယုတ်မာသော သားတော် နရသူက ရွှေကူဘုရားသို့ပို့ကာ မျက်နှာကို အ၀တ်တို့ဖြင့် ဖိသတ်၍ ကံတော်ကုန်ခဲ့သည်။ ခမည်းတော် မရှိပြီကြသော် သားတော်ကြီး မင်းရှင်စောသည် ထီးနန်းကိုယူရန် ပုဂံသို့ အလုံးအရင်းဖြင့် ချီတတ်လာခဲ့သည်။ နောင်တော်၏ အင်အားကို မယှဉ်နိုင်သဖြင့် နရသူသည် အကောက်ကြံတော့သည်။ ပုဂံပြည်၏ သာသနာ့ ဥသျှောင် ဖြစ်သော ပံသကူမထေရ်ထံ ချဉ်းကပ်၍ နောင်တော်ကို နန်းတင်ပါမည်။ နောင်တော်တစ်ယောက်တည်း ကြွရောက်လာရန် မိန့်ခေါ်ပေးပါဟု လျှောက်ထားခဲ့သည်။
ငြိမ်းချမ်းရေးကို လိုလားပြီး စစ်မက်ရေးကြောင့်ဖြစ်လာမည့် အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှုကိုမလိုလားသော ပံ့သကူ အရှင်မြတ်က မင်းဆိုးမင်းယုတ်၏ သစ္စာကို ယုံကြည်လိုက်မိသည်။မင်းရှင်စောသည် ဆရာတော်၏ မိန့်ကြားချက်ကြောင့် ရောက်ရှိလာခဲ့သည်။နရသူကလည်း ကတိအတိုင်းနန်းတင်ခဲ့သည်။ သို့သော် ဘိတ်သိတ်သွန်းပြီးညမှာပင် နောင်တော်ကို အစိပ်ကျွေးသတ်ကာ နန်းကို ယူလိုက်သည်။
ပံ့သကူမထေရ်မြတ်သည် အဓမ္မမင်းနရသူထံကြွရောက်ပြီး ထိုမင်းကို မင်းဆိုးမင်းညစ်ဟူ၍ လည်းကောင်း၊ ဆိုးရွားသူ/ ညစ်ညမ်းသူဟူ၍လည်းကောင်း ခေါ်ခဲ့သည်။ မင်းပျက်တကာတို့တွင် အပျက်ဆုံးသော မင်းပျက်ဖြစ်သည်ဟု၍လည်း ပြစ်တင်ခိုင်းနှိင်းသည်။ ဆရာတော်သည် နှုတ်ရေးဖြင့်တော်လှန်ဆန့်ကျင်ရံ
( ဟဲ့.. မင်းဆိုးမင်းညစ်၊ နင်က သံသရာဝယ် ခံရတန့်သော မကောင်းမှုကို မကြောက်။ ဤစည်းစိမ်ကိုသင်ရလျှင် နင်၏ကိုယ်ခန္ဓာသည် မအိုမသေသည်ဟူ၍ မှတ်သည်လော။ လောကတွင် နင့်ထက်ပျက်သော မင်းမည်သည်ကာမရှိ ) …. ဟူ၍မိန့်တော်မူ၏။ အရှင်မြတ်လဲ ( လူ့ပြည်တွင် နင့်ထက်ဆိုးရွားညစ်ညမ်းသောသူမရှ
မကြာမီပင်နရသူသည် ကုလားတို့လုပ်ကြံသတ်ဖြတ်ခြင်းကိ
သာသနာတော်အတွက်ပြုသော ကုသိုလ်ကောင်းမှုဖြစ်သော်လည်း ဆရာတော်မြတ်ကပြည်သူတို့၏ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲ ဖြစ်စေလျှက် ပြုသောအလှူမျိုးသည် အနှစ်သာရ ကင်းမဲ့သည်ဟု ရဲဝင့်စွာမြင်ပြီး တော်လှန်ခဲ့သည်။ ဆရာတော်သည် မင်းကြီးထံ ကိုယ်တိုင်ကြွပြီး မင်းကြီး၏ အလှူသည် ကောင်းမှုမဟုတ်၊ မကောင်းမှုသာဖြစ်သည်ဟု ဆိုခဲ့လေသည်။ ထိုအနှစ်သာရမဲ့သော အလှူကို နှုတ်ရေးဖြင့် တော်လှန်ရုံမက မင်းကြီးလှူသော ဆွမ်းကို မခံယူပဲ သပိတ်မှောက်ဆန္ဒပြ၍ တော်လှန်ခဲ့သည်။ အာဏာရစ်မူးနေသော နရပတိစည်သူမင်းသည် ပံ့သကူမထေရ်မြတ်ကို ပုဂံပြည်မှ နှင်ထုတ်ခဲ့သည်။
ထိုအခါ ပြည်သူတို့ မခံမရပ်နိုင်ဖြစ်ကာ ဘုရင်ရဲ့မိုက်မဲရိုင်းဆိုင်းသော ပြုမူချက်အပေါ် ဆန္ဒပြမှုများပေါ်ပေါက်ခဲ့သည်။ တိုင်းပြည်ဆူပူမှာကိုကြောက်သော ဘုရင်လည်း အာဏာလက်လွှတ်ရမည်ကို စိုးရိမ်လာကာ အမတ်တို့အား မထေရ်မြတ်ကိုလိုက်၍ ပင့်ခေါ်စေရသည်။ သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံသော ပံ့သကူရဟန်းမြတ်သည် အမတ်တို့ အကြိမ်ကြိမ်လာ ပင့်သော်လည်း မလိုက်ခဲ့ပေ။ နောက်ဆုံး တုရင်္ဂဂပစ္စည်းအမတ်က လှေပေါ်တွင် ဘုရားရုပ်ထုတစ်ဆူ ပင့်ဆောင်ပြီး ညဏ်ဆောင်၍ ပင့်ပြီး ဘုရင်ကိုယ်တိုင် တောင်းပန်ဝင်ချခဲ့ရသည်။
ထိုသို့ အမျိုးဘာသာ သာသနာအတွက် ပြည်သူပြည်သားများအကျိုးအလို့ဌာ ရဲရဲဝင့်ဝင့်ဆောင်ရွက်ပြီး အဓမ္မကို တော်လှန်ရဲသော ဆရာတော်မထေရ်မြတ်များ ယခုအခါတွင်လည်း အများကြီးပေါ်ထွန်းရန် လိုအပ်ပေသည်။ သို့မှသာ ဘာသာ၊ သာသနာ အဆင်း တိုးပွား၍ ငြိမ်းချမ်းသော လူမှုအသိုင်းအ၀ိုင်းကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။
ဆရာကြီးမင်းယုဝေ အား ဤဆောင်းပါးဖြင့် ဦးညွတ်လိုက်ပါသည်။
၂၁ . ၈ . ၀၉ ၊ ည ၁၁း ၂၄
အလင်းဆက်
( ဆရာတော် ဦးဣဿရိယ မွေးနေ့မင်္ဂလာအတွက် ရည်ရွယ်ပူဇော်ပါသည်။ )
သံဃာတပ်ပေါင်းစု အဖွဲ့ခွဲများ ဖွဲ့စည်းခြင်း။....။
သွေးကြောင်ရင်ဘေးရှောင်နေလိုက်။...။

အာဇာနည်ပီသသည့်သင့်ရဲ့ သွေး
သတ္တိသွေးရဲရဲမွေးလော့
ဒီတခါနွှဲမဲ့သပိတ်
နောက်ဆုံးပိတ်မို့ 
သင့်ရဲ့ သွေး နီမနီ
အာဇာနည် ပီမပီ
ဒို့ သိချင်ပြီ။
သင့်သွေးမနီလို့ အာဇာနည်မပီသရင်
ဝါကျင့်ကျင့်သင့်သွေးရောင်
သွေးကြောင်ရင်
ဘေးရှောင်နေလိုက်
သင်လိုလူမိုက် ဒို့ နဲ့ မလိုက်လဲ
ဒို့ ကတော့
ဒို့ သံဃာတွေအတွက်
ဒို့ ကျောင်းသားတွေအတွက်
ဒို့ ပြည်သူတွေအတွက်
ဒို့ သွေးတွေပေးကာစပ်
ဒို့ အသက်တွေပါ ထွက်ပါစေ
ဒို့ ဘဝကိုပေးကာဝေမည်
အာဇာနည်ပီသသူတို့ ရဲ့ သွေး
ရဲရဲနီသည် ရဲရဲမွေးသည်
လိုက်ရဲတဲ့သူ လိုက်ကြလော့။……..။
မင်းသုည(ကွမ်းခြံကုန်း)
Mail ထဲပေးပို့လာတဲ့ ဆရာတော် အရှင်ဣဿရိယ အားကျေးဇူး အထူးတင်ပါသည်။...။
သူ့အမြင် ကိုယ့်အမြင်။
ကျွန်ဟာကျွန်ပါပဲ(သို့မဟုတ်)ဘယ်ဘက်ဖိနပ် ကြိုက်လား ညာဘက်ဖိနပ်ကြိုက်လား။...။

ရှေးခေတ် လွတ်လပ်ရေးမရခင်မှသည် ယ္ခ
ဒီနေရာမှာ မှတ်သားစရာ ကောင်းတာလေးတခု သတိရေ
ဒါပေမဲ့အခုကြည့်။န.အ.ဖ စစ်ကျွန်တွေရဲ့ လှည့်ကွက်အတွင်းထဲမှာ ကျွန်ဇာတ်သွင်း အညံ့ခဲတဲ့ လူတွေမနည်းဘူး ထွက်လာတယ်။ အခုထိလည်း အညံ့ခံကာ ကိုယ့်ကိုယ်ကို ကျွန်ဇာတ်သွင်း နေကြတယ်။ မိမိတင္အားမရေ
စစ်ကျွန်ဘဝမှ လွတ်မြောက်ရေးဆီသို့ 
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
Mail ထဲပေးပို့လာတဲ့ ဆရာတော် အရှင်ဣဿရိယ အားကျေးဇူး အထူးတင်ပါသည်။...။