ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရင်ထဲခံစားမိတဲ့ ၁၇ရက်နေ့က တောင်ဒဂုံက HIV/AIDS ဝေဒနာရှင်တွေကို သွားရောက်တွေ့ဆုံခဲ့တဲ့ အမေစုနဲ့ ပြည်သူလူထု ပုံရိပ်များ..

ဘဘဦးဝင်းတင်နဲ့ အမေစု ဒီဓာတ်ပုံကို တွေ့လိုက်ရတဲ့ အချိန်မှာ ကြီးမားတဲ့ စွမ်းအားတစ်ခုကို ရရှိခံစားမိပါတယ်..
အိမ်ရှင်မတွေရဲ့အားကလည်း မသေးဘူးနော်..ပြည်သူတွေရဲ့ မျက်နှာပေါ်က အပြုံးတွေဟာ လုပ်ယူထားတာတွေ မဟုတ်ပါဘူး.. စိတ်ထဲကခံစားချက် ချစ်ခင်မှုက မျက်နှာမှာ အတိုင်းသား ပေါ်နေတယ်လေ။
တောင်ဒဂုံက ပြည်သူလူထုရဲ့ ဓာတ်ပုံတွေထဲမှာ လူကြီး၊ လူငယ်၊ လူလတ်.. မျိုးဆက်ပေါင်းစုံဆုံတဲ့ပွဲလေ.. မျိုးဆက်ဟောင်း.. မျိုးဆက်သစ် လူကြီးလူငယ်တွေ ကျွန်တော်တို့ လူထုခေါင်းဆောင်နောက်မှာ တညီတညွတ်တည်း ပြုံးရွှင်တဲ့ မျက်နှာတွေနဲ့ပေါ့...
အမေရဲ့ HIV ဝေဒနာသည် တစ်ဦးပေါ်မှာ ထားတဲ့မေတ္တာဗျာ.. ဒီပုံကို သေချာကြည့်လေ.. ခံစားရလေပဲ...
ဟန်ဆောင်မှုကင်းတဲ့ တို့လူထုခေါင်းဆောင်..
အမေဆိုတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ကတော့ မိခင်တစ်ယောက်လို မေတ္တာထားနိုင်သူ လုံခြုံမှုပေးနိုင်သူ.. ရှေ့က မားမားမှတ်မှတ် ကာကွယ်မှုပေးနိုင်သူ အနာဂတ်အတွက် လမ်းမှန်ပြပေးနိုင်သူလို့ ထပ်ဆင့်ဆိုရမလားပဲ.. လူကြီး၊လူငယ်၊ကလေးတွေရဲ့ မိမိတို့ရဲ့ မိခင်တစ်ယောက်လို သဘောထားကြတဲ့ ပုံတွေဗျာ.. တစ်အိမ်တစ်ယောက် မတက်မနေရ ဆိုင်းဘုတ်ကိုင်ရင် ငွေပေးမယ်ဆိုပြီး ခေါ်လို့လာခဲ့ရသူတွေ တစ်ယောက်မှ မပါပါဘူး.. ။ Our mother is Daw Su. We love Daw Su ဆိုတဲ့ စာရွက်တွေကို ဖိနှိပ်ချုပ်ချယ်မှုတွေကြား ခြိမ်းခြောက်မှုတွေ ကြားက မကြောက်မရွံ့ ငြိမ်းချမ်းစွာနဲ့ ရင်ထဲက ခံစားချက်တွေကို ပြသနေကြတာပါ..။

ဓာတ်ပုံများ AP