တန်ဆောင်မုန်းလပြည့်နေ့ ဓမ္မလက်ဆောင်..
ဒီနေ့ ကျနော်တို့ မြန်မာနိုင်ငံကြီးဟာ အဆိုးရွားဆုံး အခြေအနေကို ရောက်နေပါပြီ ။ ဒီပုံအတိုင်းသာ ဆက်သွားရင် သာသနာ လည်းကွယ်တော့မယ်။ လူမျိုးလည်းပျောက်တော့မယ်။ ဒါဟာ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ လူတွေရဲ့ ယုတ်မာပက်စက်တဲ့ အကြံဥာဏ်နဲ့ ပုံသွင်းတာကို ခံနေကြရတာကြောင့်လည်း ပါသလို ၊ သူများသောက်တဲ့ မိုးခါးရေကို လိုက်သောက်နေကြတဲ့ ကျနော်တို့တွေရဲ့ ကိုယ်ကျင့်သီလ မလုံခြုံတဲ့ အကြောင်းတရားကြောင့် လည်း အများကြီးပါတယ်ဆိုတာ သတိရစေချင်ပါတယ် ။ သီလ မလုံတော့ သမာဓိ မတည်တော့ဘူး ၊ သမာဓိမတည်တော့ စိတ်မှာ ခွန်အားမရှိကြတော့ဘူးပေါ့ ။ စိတ်ဓါတ်ခွန်အားတွေ နည်းပါးနေ ကြလို့ အကောင်းအဆိုး အမှား အမှန်ကိုတောင် မခွဲခြားနိုင်ကြတော့ဘူး။ ပညာမရှိတော့ လွတ်မြောက်ခြင်း ဆိုတဲ့လမ်းစဉ်ကို ရှာမတွေ့နိုင်တော့ဘူးပေါ့ တို့တွေမှာ အင်မတန်မှ တန်ဖိုးရှိတဲ့ မြတ်ဗုဒ္ဓရဲ့ လမ်းညွှန်ချက် အဆုံးအမတွေ ရှိနေပါလျှက်နဲ့ လွတ်မြောက်ရာ လမ်းစဉ်ကို ရှာမတွေ့နိုင်တာဟာ သစ္စာဆိုတဲ့ ဓမ္မအမှန်တရားကို မေ့ထားကြလို့ပါဘဲ ။ ဒါကြောင့် ဒီနေ့လို နေ့ထူးနေ့မြတ်လေးမှာ တတ်နိုင်သလောက် အချိန်လေးကို သီလ ၊ သမာဓိ ၊ ပညာ သိက္ခာသုံးရပ်နဲ့ပြည့်စုံအောင် နေထိုင်နိုင်ရန် ဓမ္မလက်ဆောင် များ ပေးလှူလိုက်ပါတယ်ခင်ဗျာ ။
" အူမတောင့်အောင် သီလစောင့်ကြရအောင် "
အခွေ(၂) ဓမ္မသဘင်များတွင် ဟောကြားတော်မူသော တရားတော်များ
၁။ သရဏဂုံတည်သူ
၂။ ငြိမ်းအေးရာ
၃။ အမျိုးမှန်ကြစေဖို့
၎။ အရှိအမှန်သိအောင်လုပ်ပါ
၅။ အချိန်တန်မှီ
၆။ ဘာလမ်းရွေးမလဲ
၇။ အထိုင်တရားတော်
၈။ မလှည့်စားနဲ့
၉။ အလေးဂရုပြုစရာ
၁၀။ မမေ့ကြနဲ့
ဒါလေးတွေကို အရင် နားထောင် .
ပြီးသွားရင် သစ္စာ အကြောင်းကို နားထောင် သင့်တယ်။
၆။ သစ္စာအနက်(၁၆)ချက်(၁) ၈-၅-၂၀၀၄ မန္တလေး
၇။ သစ္စာအနက်(၁၆)ချက်(၂) ၉-၅-၂၀၀၄ မန္တလေး
၈။ သစ္စာအနက်(၁၆)ချက်(၃) ၁၀-၅-၂၀၀၄ မန္တလေး
၉။ သစ္စာအနက်(၁၆)ချက်(၄) ၁၁-၅-၂၀၀၄ မန္တလေး
၁၀။ သစ္စာအနက်(၁၆)ချက်(၅) ၁၂-၅-၂၀၀၄ မန္တလေး
၁၁။ သစ္စာအနက်(၁၆)ချက်(၆) ၁၃-၅-၂၀၀၄ မန္တလေး
၁၂။ သစ္စာအနက်(၁၆)ချက်(၇) ၁၄-၅-၂၀၀၄ မန္တလေး
၁၃။ သစ္စာအနက်(၁၆)ချက်(၈) ၁၅-၅-၂၀၀၄ မန္တလေး
၁၄။ သစ္စာအနက်(၁၆)ချက်(၉) ၁၆-၅-၂၀၀၄ မန္တလေး
၁၅။ သစ္စာအနက်(၁၆)ချက်(၁၀) ၁၇-၅-၂၀၀၄ မန္တလေး
၁၆။ သစ္စာအနက်(၁၆)ချက်(၁၁) ၁၈-၅-၂၀၀၄ မန္တလေး
၁၇။ သစ္စာအနက်(၁၆)ချက်(၁၂) ၁၉-၅-၂၀၀၄ မန္တလေး
၁၈။ သစ္စာအနက်(၁၆)ချက်(၁၃) ၂၀-၅-၂၀၀၄ မန္တလေး
၁၉။ သစ္စာအနက်(၁၆)ချက်(၁၄) ၂၁-၅-၂၀၀၄ မန္တလေး
၂၀။ သစ္စာအနက်(၁၆)ချက်(၁၅) ၂၂-၅-၂၀၀၄ မန္တလေး
၂၁။ သစ္စာအနက်(၁၆)ချက်(၁၆) ၂၃-၅-၂၀၀၄ မန္တလေး
တကယ်သာ သစ္စာ အကြောင်းကို နားထောင် ပြီး ကြိုးစား အားထုတ်မယ်ဆိုရင် ဘ၀ဆိုတာ အေးချမ်းမှု နဲ့ပြီးပြည့်စုံလာတာကို လက်တွေ့သိမြင်နိုင်ဖို့ လူပီသတဲ့ ခဏတာ အချိန်လေးမှာ လူပီသအောင် လောကသစ္စာတရားကို ပွားများ အားထုတ်ကြပါလို့ နိဗ္ဗာန်အကျိုးမျှော်၍ နိုးဆော်လိုက်ရပါသည် ။
ခင်မင်လေးစားလျှက်
ဗမာ့သွေး