ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

သြစတြေးလျနိုင်ငံ လွှတ်တော်အမတ်များတက်ရောက်တဲ့ ဆစ်ဒနီမြို့မှာ ကျင်းပတဲ့ (We stand with Daw Aung San Suu Kyi) အခမ်းအနား (သတင်း၊ဓာတ်ပုံ)


နိုဝင်ဘာလ(၂၇)ရက်နေ့ စနေနေ့က သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ Villawood Senior Citizen's Hall ၌ We stand with Daw Aung San Suu kyi (ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူရပ်တည်မယ်) အခမ်းအနားအား ညနေ(၆)နာရီမှ (၉)နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ပါတယ်..။
အခမ်းအနား၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့ အမှာစကား ဗီဒီယို အသံဖိုင်အား ဖွင့်လှစ်ပြသပြီး သြစတြေးလျနိုင်ငံရောက် မြန်မာဒီမိုကရေစီအရေး လှုပ်ရှားသူများ၊ သြစတြေးလျ လွှတ်တော်အမတ်များမှ အမှာစကားများ ပြောကြားကြပါတယ်..။
Laurie Ferguson (MPAustralian Labour Party),John Kaye MLC,(Australian Greens NSW MP), Dr.Myint Cho(Director of Burma Office), Message of Support (from Julie Bishop,Deputy Leader of Opposition and Shadow Foreign Minister and Senator Scott Ludlam,Greens) တို့မှ အမှာစကားပြောကြား၊ Message များပေးပို့ကြပါတယ်..။ အခမ်းအနားသို့ လူဦးရေ(၂၀၀)ခန့် တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသည့် ဧည့်ပရိသတ်များအား ဖျော်ဖြေရေးအစီအစဉ်များ ဒံပေါက် ထမင်းများဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်..။ အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်ပရိသတ်များမှ လှူဒါန်းသည့် အလှူငွေများအား မြန်မာနိုင်ငံရှိ HIV/AIDS ဝေဒနာရှင်များသို့ လှူဒါန်း ပေးအပ်မည်ဖြစ်ကြောင်း သိရှိရပါသည်...။

ဓာတ်ပုံ၊ သတင်းပေးပို့ပေးသော ကိုရဲမင်းဆွေအား ကျေးဇူးတင်ပါသည်...။