ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ယနေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သတင်း၊ ဓာတ်ပုံများ..(၂၂ရက် နိုဝင်ဘာ)

Photobucket
လူငယ်ရေးရာတာဝန်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်နယ်/တိုင်းလူငယ်များတွေဆုံပွဲ ဓာတ်ပုံ khunone69
ယနေ့ ပြည်နယ်နှင့်တိုင်းအသီးသီးရှိ အဖွဲ့ချုပ်လူငယ်များနှင့် တွေ့ဆုံရန် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အဖွဲ့ချုပ်ရုံးသို့ရောက်ရှိလာစဉ် ဓာတ်ပုံ AP
ဓာတ်ပုံများ khunone69နှင့်AP
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်နယ်နှင့်တိုင်းအသီးသီးမှ အဖွဲ့ချုပ် လူငယ်များ တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့နေ့လည် ၁၀နာရီခွဲမှ ၁နာရီခန့်အထိ ရွှေဂုံတိုင်ရှိ အဖွဲ့ချုပ်ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဖိလစ်ပိုင် သမ္မတBenigno S. Aquino
တောင်အာဖရိကမှ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဘုန်းတော်ကြီးdesmond mpilo tutu
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Andrew Heyn

နေ့လည်ပိုင်းမှာတော့ ဖိလစ်ပိုင်သမ္မတဘင်နီနိုအကွီနို၊ တောင်အာဖရိကမှ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဘုန်းတော်ကြီး ဒတ်စ်မွန်တူးတူး တို့မှ တိုက်ရိုက် တယ်လီဖုန်းလိုင်းဖြင့် နှုတ်ခွန်းဆက် စကားပြောဆိုတာကို လက်ခံပြောဆိုခဲ့ပါတယ်..။ ညနေပိုင်းမှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး အင်ဒရူးဟိန်းအား တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်မှာ လက်ခံတွေ့ဆုံခဲ့ကြောင်း အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

၂၃ရက်နေ့ မနက်(၈)နာရီမှာတော့ ရန်ကုန်မြို့ကို ရောက်ရှိလာမယ့် ၁၁နှစ်ကြာ ကွဲကွာနေတဲ့ သားငယ် ကိုထိန်လင်း ခေါ် Kim Arisအား ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရန်ကုန်လေဆိပ်မှာ သွားရောက် ကြိုဆိုမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

သတင်း.... ဒီမိုဝေယံ