ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပစ်လိုက်သည့်ပန်း မြှားဖြစ်စေ သို့မဟုတ် စွပ်လိုက်သည့်ပန်း ကြိုးဖြစ်စေ...

Facebook မှာ ဒီမိုဖက်တီး တဂ်ပေးထားတဲ့ Hot News Journalက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သန်လျင်မြို့ကို ရောက်တဲ့ အချိန်မှာ ပြည်သူလူထုမှ ဝမ်းပန်းတသာနဲ့ ပန်းစည်းပန်းကုံးတွေနဲ့ ကြိုဆိုခဲ့ကြတဲ့ မြင်ကွင်းနဲ့ ဗိုလ်ခင်ညွန့် မွေးရပ်ဇာတိမြေ သန်လျင်သို့ အလည်တခေါက် ပြန်ရာမှာ.. ကျောက်တန်းမြို့မှ ဆွေမျိုးသားချင်းများနဲ့ မိတ်ဆွေ အပေါင်းအသင်းများမှ ကြိုဆိုတဲ့ မြင်ကွင်းနဲ့ ပါဒကြီးစေတီတော်ကို သွားဖူးမျှော်ရာမှာ ပန်းသည်လေးများမှ ကြိုဆိုနေပုံကို နှိုင်းယှဉ် ဖော်ပြထားပါတယ်..။ ရေးသားချက်ကတော့ သင်းပါတယ်.. မတူညီသော ကွဲလွဲမှုများနှင့် တူညီသော အပြုံးပန်းများတဲ့ ရေးသားသူကတော့ ယခင်ဗိုလ်ချုပ်ကြီးဟောင်း ခင်မောင်သန်းရဲ့သမီး Hot News ဂျာနယ် အယ်ဒီတာချုပ်  မမဖြစ်ပါတယ်..။ ပြည်သူအတွက် ပေးဆပ် အနစ်နာခံခဲ့သူ လူထုခေါင်းဆောင်နဲ့ သမိုင်းစွန်းထင်းခဲ့သူ တဦးကို မနှိုင်းကောင်း နှိုင်းကောင်း နှိုင်းယှဉ်ထားချက်ပါ။

ကိုယ့်မွေးရပ်ကိုယ့်မြေ အစွဲဆိုတာကတော့ လူမျိုးတိုင်းမှာ ရှိကြပါတယ်...။ ဆက်ဒမ်ဟူစိန်တို့၊ ကဒါဖီတို့တောင် နောက်ဆုံးအချိန်မှာ မွေးရပ်မြေကို အားကိုးပြီး ခြေကုပ်ယူကြတာကိုး။ ဒီလိုကိုယ့်မွေးရပ်မြေက လူတဦး အရေးပါ အရာရောက်တယ်ဆိုရင် ဇာတိမြေက ဂုဏ်ယူကြတာ ဓမ္မတာပါပဲ။  သို့ပေသည့် သန်လျင် ကျောက်တန်းသား အားလုံးကို မဆိုလိုပါ...။ အမှားအမှန် အကောင်းအဆိုးကို လူတိုင်းသိကြပါတယ်..။ မွေးဋ္ဌာနေရောက်လို့ ကြိုဆိုကြတဲ့ လူအနည်းအကျဉ်းကို ပြပြီး လူထုခေါင်းဆောင်နဲ့ နှိုင်းယှဉ်ထားတာ ဆိုးလှပါတယ်..။

ဒီသတင်းဂျာနယ် ဓာတ်ပုံနဲ့ ပတ်သက်ပြီး ဘာမှ မဝေဖန်လိုပေမယ့် ဒီဓာတ်ပုံကို မြင်မိတော့ သတိယမိတဲ့ ပုံရိပ်တခုကတော့ ဆရာမောင်စိန်ဝင်း ပုတီးကုန်းရဲ့ ဝတ္ထုခေါင်းစဉ် စာသားလေးပါ... ပစ်လိုက်တဲ့မြှား ပန်းဖြစ်စေတဲ့။ ဂျာနယ်အယ်ဒီတာချုပ်ရဲ့ ရေးသားချက်ကို အဟုတ်မှတ်ပြီး ဦးခင်ညွန့်အနေနဲ့ ယခင်တီဗီမင်းသား ဘဝကလို အတင်းအကြပ် ဆင့်ခေါ်ထားတဲ့ ပြည်သူလူထုတွေ၊ အသက်မပါတဲ့ ပြည်သူတွေရဲ့ လက်ခုပ်သံကို အဟုတ်မှတ်ပြီး လက်ဗလာနဲ့ သွားခဲ့မယ်ဆိုရင်တော့ ပြုသူအသစ် ဖြစ်သူအဟောင်းဆိုသလို ပစ်လိုက်သည့်ပန်း မြှားဖြစ်စေ သို့မဟုတ် စွပ်လိုက်သည့်ပန်း ကြိုးဖြစ်စေဆိုတာမျိုးနဲ့လည်း လောကကြီးမှာ မထင်မှတ်တာတွေ ကြုံတတ်ဆုံတတ် သမိုင်းတပတ်လည် တတ်ကြောင်း မေတ္တာရှေ့ထားပြီး ကြိုတင် သတိပေးပါရစေ ခင်ဗျာ..

ဒီမိုဝေယံ
(ဦးခင်ညွန့်အား သွားရောက်တွေ့ဆုံ အင်တာဗျူးခဲ့တဲ့ Hot News ဂျာနယ် အယ်ဒီတာချုပ်  မမ..။)