ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အလုံမြို့နယ်က မဲရုံတွေမှာ မည်သူမျှပေးမဝင်ပဲ အလုံပိတ်ပြီး မဲရေတဲ့ အဖြစ်အပျက်အား တိုင်ကြားစာ...

သတိမဲလိမ်နေသည် လူမဝင်ရဆိုတဲ့ အလုံမြိုနယ်က မဲရုံတစ်ရုံ... လူမဝင်ရဆိုတော့ အထဲမှာ????
အလုံမှာ အလုံပိတ်ပြီး ကြိုတင်မဲတွေနဲ့ အလုပ်ရှုပ်နေတဲ့ မဲရုံတစ်ရုံ..ပြည်သူတွေ ပေးမဝင်ပဲ ထင်တိုင်းကြဲနေသည့် မဲရုံတစ်ရုံ..
အလုံပိတ်ပြီး မဲရေနေလို့ ချောင်းရိုက်ထားတာပါ.. အထဲမှာ လူရုပ်ပျောက်ပြီး ဖွတ်တွေ တရုံးရုံးနဲ့ ကြိုတင်မဲတွေဝါးပြီး သောင်းကျန်းနေတယ်ဆိုပဲ..

အလုံမြို့နယ်က မဲရုံတွေဖြစ်တဲ့

1 အလုံ စောရန်ပိုင်အနောက် သာသနာ့အလင်းရောင် ဓမ္မာရုံဝင်း
2 အလုံ စောရန်ပိုင်အနောက် အမက(၉)ကျောင်းဝင်း
3 အလုံ စောရန်ပိုင်အနောက် အမက(၁၁)ကျောင်းဝင်း
4 အလုံမြို့နယ်ခန်းမ
5 အလုံဌာနပိုင် ဓမ္မာရုံ တွေမှာ

ရွေးကောက်ပွဲနေ့က မဲတွေရေရာမှာ အများပြည်သူတွေကို ပေးမဝင်ပဲ မဲရုံတွေပိတ်ပြီး မဲရေပါတယ်.၊ ပြည်သူများ မကျေနပ်မနပ်ဖြစ်ကြပါတယ်...၊ တချို့နေရာတွေမှာ မဲရုံမှုးတွေက ပြည်သူတွေကို မောင်းထုတ်ပါတယ်။ အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ချုပ်လူကြီးများထံသို့ တရားစွဲဆိုနိုင်ရန် တင်ပြထားပြီး ။ အဖွဲ့ချုပ်လူကြီးများမှလည်း ဥပဒေအတိုင်း ဆောင်ရွက်မည်ဟု ပြောကြားပါတယ်။

ကိုလူမော်လတ် မှပေးပို့ပါသည်...။

ဆက်လက်ပြီး...

အလုံမဲရုံမှာ မီးပျက်သွားတာ မဲတစ်ရာကွာသွားတယ်...။ ကြိုတင်မဲတွေနဲ့ နိုင်လို့ မကျေနပ်ကြဘူး... ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်မှာ NDF ခမောက်နိုင်တယ်..။ တိုင်းဒေသကြီး၁နဲ့ ၂က ကြံ့ဖွတ်က.. ဒီမိုကရက်တစ်ကို ကြိုတင်မဲတွေကြောင့် ကပ်ပြီးနိုင်တာပါ...။

အခုနိုင်သွားတဲ့ တိုင်းဒေသလွှတ်တော်က ဦးမိုးဝင်းကျော်နဲ့ ဦးကျော်သူရဆိုတဲ့ သူတွေဟာ ၁၉၉၆တုန်းက ဒေါ်အောင်ဆန်းစုကြည် အစည်းဝေးသွားတုန်းက ယာဉ်တန်းကို တိုက်ခိုက်ရာမှာ (၁၉၉၆ နိုဝင်ဘာ ၉ ရက်နေ့က ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်တွင် တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ထားသည့် လူ ၂ဝဝ ခန့်က ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို ဝိုင်းဝန်း တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ ယာဉ်မောင်းသူများက တိုက်ခိုက်မှုကြားမှ မောင်းထွက်နိုင်သဖြင့် အသက်ဘေးမှ လွတ်မြောက်သွားခဲ့ပါတယ်။ အဆိုပါအကြမ်းဖက်ရာတွင် ခေါင်းဆောင်ပါဝင်ခဲ့သည့် မြို့နယ် ကြံ့ဖွတ်ခေါင်းဆောင်.) ဦးဆောင်ခဲ့သူတွေ.. ဖြစ်တယ် .. ဒီလူတွေ ကြိုတင်မဲတွေနဲ့ နိုင်တယ်ဆိုတော့ စဉ်းစားတာ ကြည့်တော့... အလုံမဲရုံအကြောင်း အသေးစိပ် သိချင်ရင် ဦးခိုင်မောင်ရည် NDF အလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖုံးနံပါတ် 095069340သို့ ဆက်သွယ် မေးမြန်းနိုင်ပါကြောင်း ရေးသား ပေးပို့လာပါတယ်...။