ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

နအဖ ဝါဒဖြန့် သတင်းစာပါ... လေကြောင်းလိုင်း မှားယွင်းဖော်ပြချက်

သြစတြေးလျ လေကြောင်းလိုင်းတစ်ခု ဖြစ်တဲ့ Qantas လေကြောင်းလိုင်းမှ Airbus A380 လေယာဉ် ဟာ နိုဝင်ဘာလ ၄ ရက်နေ့က အင်ဂျင်မီးလောင်မှု ဖြစ်တဲ့ အတွက် စင်ကာပူ နိုင်ငံ ချန်ဂီလေဆိပ်မှာ အရေးပေါ် ဆင်းသက်လိုက်ရပါတယ်။

ဓာတ်ပုံ...AP (လေယာဉ်အင်ဂျင်အား မီးငြိမ်းသတ်နေပုံ ပေါက်တူး၊ ဂေါ်ပြားတွေတော့ မပါပါဘူး)

Lair Myanmar

ထူးခြားတာကတော့ နိုဝင်ဘာလ၅ရက် နေ့ထုတ် ကြေးမုံနဲ့ မြန်မာ့အလင်းသတင်းစာမှာ ကာတာလေကြောင်းခရီးသည်တင် လေယာဉ်ကြီး စက်ချွတ်ယွင်း၍ အရေးပေါ် ဆင်းသက်ခဲ့ရဆိုပြီး ခပ်တည်တည်နဲ့ လုပ်ချထားပါတယ်.. Qantas ကို ကာတာဆိုပြီး လုပ်ချလိုက်တာပါ..။ ကာတာလေကြောင်းလိုင်း အနေနဲ့ နာမည်ဖျက်မှုနဲ့ မြန်မာသတင်းစာ ၂စောင်ကို တရားစွဲသင့်ပါတယ်..။

(Qantas) ကို ကာတာလို့ ဘာသာပြန်တယ်ဆိုတော့ ..ဒါဆို.. ကြေးမုံ အင်္ဂလိပ်လို The (Mirror) ကိုလည်း မိလ္လာလို့များ ဘာသာပြန်မလားတော့ မပြောတတ်ပါဘူး.. မိလ္လာသတင်းစာပေါ့...

အောက်မှာ ၃ရက်နေ့ထုတ် မိလ္လာသတင်းစာပါ .. သတင်းလေးတစ်ပုဒ်ပါ.... အသွင်သဏ္ဍာန်က စုတ်ပျက်ပြီး အနှစ်သာရသံုံးမရတဲ့ နအဖခေတ် အတင်းစာပါ..
The Mirror