ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

(ဇန္နဝါရီ ၂၉)ရက်နေ့ နောက်ဆုံးရ ပြည်တွင်းသတင်းတိုများ....

လွှတ်တော် ..... မကောင်းဘူး

ကြပ်ပြေး လွှတ်တော်ရှေ့ လုခြုံရေး မြင်ကွင်း (ဓာတ်ပုံ AP)

ဒီနေ့နောက်ဆုံးရတဲ့ သတင်းကတော့ သတင်းနဲ့စာနယ်ဇင်းရုံးမှာ တံခါးပိတ် အစည်းအဝေးလုပ်ပါတယ်။ (လွှတ်တော်ကို ပြည်တွင်း၊ ပြည်ပ သတင်းဌာနများကို ဖိတ်ကြားခြင်း လုံးဝမပြုကြောင်း၊ ဗိုလ်ချုပ်မှုးကြီးသန်းရွှေမှ မီဒီယာများကို ခွင့်ပြုရတာလွယ်ပြီး၊ ထိန်းရတာ ခက်တဲ့အတွက်ကြောင့်၊ လွှတ်တော်ကျင်းပမည့် လွှတ်တော်ပါလီမန် အဆောက်အဦးများ အတွင်းသို့ သတင်းလာယူခွင့်အား တားမြစ် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်) ။ ဒီသတင်းကိုတော့ စာနယ်ဇင်း ထိန်းသိမ်းစောင့်ရှောက်ရေး (CPC)မှ တာဝန်ရှိသူ(ဗိုလ်မှုးတင့်ဆွေ)က ပြောကြားခဲ့ပါကြောင်း သိရှိရပါတယ်။ ဒါပေမဲ့ပြည်တွင်း၊ ပြည်ပသတင်းဌာနများမှ သတင်းထောက်များ ကတော့ သတင်း ရယူရန်အတွက် လွှတ်တော်အတွင်း ပေးဝင်လို ပေးဝင်ငြား၊ အခွင့်အရေးများရလို ရငြား သဘောဖြင့် ယနေ့ ဇန္န၀ါရီ၂၉ရက်နေ့မှ စတင်၍ နေပြည်တော်သို့ အသီးသီး ထွက်ခွါသွားနေကြောင်း သိရှိရပါတယ်။ သတင်းယူ သူများအနေဖြင့် ပါလီမန်အတွင်း ပေးမ၀င်ခဲ့သော်ငြားလည်း ပါလီမန် အဆောက်အဦး အပြင်ဘက်မှ နေ၍ သတင်းယူခဲ့ပါလျှင်.. နအဖစစ်အစိုးရဘက်မှ ဖမ်းဆီးထိန်းသိမ်းနိုင်သည်ဟု သတင်းလောကအတွင်း ပြောဆို နေကြကြောင်း ကြားသိရပါသည်။


သြော် ဒီမိုကရေစီ နိုင်ငံတော်တဲ့.. ကြားလို့မှ ကောင်းကြသေးရဲ့လား..။ နအဖဝန်ကြီး ဦးကျော်ဆန်းရဲ့ မီဒီယာကို ပလာယာဖြင့် ကိုက်မည်ဆိုတာ ဟုတ်လောက်ပါပေတယ်...။


ဓာတ်ပုံ ဖော် ပြ ပါရှိသောကြောင့် ပြည်တွင်း ဂျာနယ် (၃)စောင် အပိတ်ခံရ

ဦးမြတ်ခိုင်ရဲ့ မော်နီတာ ဂျာနယ်မှာ အထက်က ဖော် ပြ ပါ ဓာတ်ပုံအချို့ကြောင့် တစ်ပတ် အပိတ်ခံရတယ်လို့ ဆိုပါတယ်..။  (ဓာတ်ပုံ ဧရာဝတီ ဘလော့(ဂ်)...)

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့မင်္ဂလာညစာစားပွဲမှ ရိုက်ကူးခဲ့သော ပုံများကို ဖော်ပြခဲ့သော (မော်နီတာဂျာနယ်၊ Envoy ဂျာနယ်နှင့် မန္တလေးမှ နန်းမြင့်ဂျာနယ်) ၃စောင် အပိတ်ခံရကြောင်း သိရှိရပါတယ်။ မော်နီတာဂျာနယ်ကတော့ ၎င်းတို့ စာပေကင်ပေတိုင်များ.. နှင့် အလျဉ်းသင့်သော ဂျာနယ်ဖြစ်သည့် အတွက်ကြောင့် ရက်သတ္တပတ် တစ်ပတ်သာ အပိတ်ခံရပြီး၊ Envoyဂျာနယ်နှင့် မန္တလေးမှ နန်းမြင့်ဂျာနယ် ၂စောင်ကတော့ ရက်သတ္တပတ် နှစ်ပတ်အပိတ်ခံ ရကြောင်း သိရှိရပါတယ်။ အပိတ်ခံရသော ဂျာနယ်များအား စာပေစိစစ်ရေးရုံးမှ (မိမိတို့ဂျာနယ်တိုက်များမှာ အလုပ်များ များနေသောကြောင့် ရက်သတ္တပတ် နှစ်ပတ်ခန့် အနားယူမည် ဖြစ်ပါကြောင်း)ဟု ရေးသား၍ စာရေးတင် ခိုင်းပါကြောင်း သိရှိရပါတယ်။

သတင်း.. ဒီမိုဝေယံ