ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဂျပန်နိုင်ငံမှ လှုပ်ရှားမှု သတင်းများ....

အညတရ သူရဲကောင်းဆု ချီးမြှင့်ရေး ကော်မတီတရပ်ဖွဲ့စည်း
၃၀.၁.၂၀၁၁

တိုင်းပြည်နှင့်လူမျိုးအကျိုးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံ တိုက်ပွဲဝင်နေကြသူများထဲမှ ထင်ပေါ် ကျော်ကြားခြင်းလည်းမရှိ၊ ဂုဏ်ဓနလည်းမရှိသော သူများအား ရွေးချယ်ပြီး အညတရ သူရဲကောင်းဆု ဂုဏ်ပြု ချီးမြှင့်သွားရန်အတွက် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ စုပေါင်းကာ ဆုချီးမြှင့်ရေးကော် မတီတရပ်ကို ဒီကနေ့ ဖွဲ့စည်းလိုက်ကြောင်း သိရှိရပါသည်။

ဂျပန်နိုင်ငံ၊တိုကျိုမြို့၊ အိုးစုက အရပ်မျာရှိတဲ့ မီနာမီအိုးစုကခန်းမမှာ ကျင်းပခဲ့သော ကော်မတီဖွဲ့စည်း ရေးဆိုင်ရာ ပထမအကြိမ်အစည်းအဝေးမှာ တိုကျိုက အဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် စိတ်ဝင်စား သူ တသီးပုဂ္ဂလ ကိုယ်စားလှယ်များ စုစုပေါင်း ( ၂၀) ဦးခန့် တက်ရောက်ခဲ့ပါတယ်။

ဆုချီးမြှင့်နိုင်ရေးအတွက် နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းးတို့ရဲ့မိသားစုများအား ကူညီနိုင်ဖို့ အဓိက ရည်ရွယ်ချက်နဲ့ဖွဲ့စည်းထားသော မြန်မာမျိုးချစ် ဒီမိုကရက်တစ်အင်အားစု (BPDF) အဖွဲ့က စတင်လှုံ့ဆော်ခဲ့တာ ဖြစ်ပြီး စတင်မတည်ငွေအဖြစ် ဂျပန်ငွေယန်း တစ်သိန်းရှစ်သောင်း (၁၈၀,၀၀၀)နဲ့ ညီမျှတဲ့ (ကျပ်ငွေ သိန်း (၂၀) ခန့်ကို ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရှိရပါတယ်) ၎င်းအဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးဖြစ်သော ကိုမင်းထက်ဇော်မှ ကျနော်တို့အနေနဲ့ ပြည်တွင်းက တကယ့်ကို စွန့်လွှတ်အနစ်နာခံပြီးတော့ ထင်ပေါ်ကျော်ကြားမှုလည်း မရှိ။ ဂုဏ်ဓနလည်း ဘာမှမရှိတဲ့ သူတွေအပေါ်မှာ ပြည်သူတရပ်လုံးက အမျိုးသားရေးစိတ်ဓါတ်နဲ့ အာရုံစိုက်လာပြီး သူတို့အပေါ်မှာရော သူ့တို့မိသားစုတွေအပေါ်မှာပါ အားပေးကူညီမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာအောင် ရည်ရွယ်ပြီး လုပ်ရတာပါ ဟု ပြောကြားခဲ့ပါတယ်။

အဲဒီကော်မတီက ထုတ်ပြန်တဲ့ ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ရည်မှန်းချက် ဆိုသောအချက်မှာတော့ အောက်ပါအတိုင်းတွေ့ရှိရပြီး ကော်မတီတွင် ပါဝင်သူတဦးမှ  သူ့သဘောထားနဲ့ ပတ်သက်ပြီး ဒီဟာက ကျမတို့အနေနဲ့ လုပ်သင့်တာကြာပါပြီ။ တနိုင်ငံလုံး အမျိုးသားရေးအဆင့်နဲ့ကို လုပ်သင့်တာ။ ခုလိုပါဝင်ဆောင်ရွက်ခွင့်ရတာကိုလည်း အရမ်းဝမ်း သာဂုဏ်ယူတယ်လို့ ပြောကြားခဲ့ပါတယ်။

ဆုပေးမယ့်အချိန်၊ ဆုငွေပမာဏ ၊ ဆုရွေးချယ်ရေး စတဲ့ အကြောင်းအရာတွေကို ဒီကော်မတီက ပြည်တွင်းပြည်ပက သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ချိတ်ဆက် ဆောင်ရွက်သွားမှာဖြစ်ပြီး ပါဝင်ကူညီ လှူဒါန်းသူများကိုလည်း ဆက်လက်ဖိတ်ခေါ်သွားမှာ ဖြစ်တဲ့အကြောင်းနဲ့ ဘဏ္ဍာငွေများကို အလှူ ရှင်စာရင်းနဲ့တကွ အများသိအောင် ထုတ်ပြန် ပေးသွားမှာဖြစ်တဲ့အ ကြောင်း စုံစမ်းသိရှိရပါတယ်ခင်ဗျာ။

ရည်ရွယ်ချက်

တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံ ဆောင်ရွက်နေသူများ၊ ဆောင် ရွက်ခဲ့သူများ၏ စိတ်ဓာတ်နှင့် စေတနာကို ပိုမိုလေးစား မြတ်နိုးတတ်စေရန်နှင့် ၎င်းတို့၏ ဘ၀များကို ပိုမိုစာနာ နားလည်နိုင်စေရန်။

တိုင်းပြည်နှင့်လူမျိုးအကျိုး မျှော်ကိုးပြီး ကိုယ်ကျိုးစွန့် အနစ်နာခံသူများ၊ စွန့်လွှတ်စွန့်စားသူများ ပိုမိုပေါ်ထွန်းလာစေရန်။

ပြည်ထောင်စုဖွား မြန်မာနိုင်ငံသားများအချင်းချင်း အပြန်အလှန် စာနာ နားလည်နိုင်စေရန်နှင့် ရိုင်းပင်း ကူညီလိုစိတ်များ ပိုမိုပေါ်ထွန်းလာစေရန်။

ပြည်တွင်းနှင့် ပြည်ပရှိ မြန်မာနိုင်ငံသားများအချင်းချင်း တိုင်းပြည်အကျိုးအတွက် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်စေရန်။ 

ရည်မှန်းချက်

စာနာ၊ ကူညီ၊ ဂုဏ်ပြုမှုမှသည် တမျိုးသားလုံး လွတ်မြောက်မှုဆီသို့။

အညတရသူရဲကောင်းဆု ချီးမျြင့်ရေးကော်မတီ

ယနေ့ ပြုလုပ်တဲ့ အဆိုပါ အခမ်းအနားသို့ တက်ရောက်သတင်း ရယူခဲ့ပါတယ်..။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ မြန်မာပြည်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ကျော်အတွက် မြန်မာပြည်သူ သန်း၅၅သန်းကျော်က မဖြေရှင်း မကူညီနိုင်ဘူးလား ဆိုတဲ့ မေးခွန်းပါပဲ..။ အထူးသဖြင့် ကျွန်တော်တို့ ပြည်ပမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ ပိုပြီး လုပ်ဆောင်သင့်ပါတယ်..။ ယခုနိုင်ငံတကာမှာလည်း တစ်ဒေါ်လာ ကန်ပိမ်းဆိုပြီး နိုင်ငံရေး အကျဉ်းသားတွေ အတွက် လုပ်ဆောင်နေကြပါပြီ။ ကျွန်တော်တို့ ဂျပန်နိုင်ငံရောက် မြန်မာပြည်သားမှလည်း အအေးတစ်ဘူးဘိုးမျှ မရှိတဲ့ ယန်း ၁၀၀လောက်ကနေ  စတင် ထည့်ဝင် လှူဒါန်းခြင်းဖြင့် မိမိတို့ မြန်မာနိုင်ငံက ယုံကြည်ချက်ကြောင့် အထိမ်းသိမ်းခံနေရပြီး မြန်မာပြည် လွတ်မြောက်ရေးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ လုပ်ဆောင်နေကြတဲ့ အညတရ သူရဲကောင်းများအား ဝိုင်းဝန်း ကူညီပံ့ပိုးပေးကြပါရန် လေးစားစွာ တိုက်တွန်း နှိုးဆော်အပ်ပါတယ်..။

ဂျပန်ပြည်မှ မိတ်ဆွေအပေါင်းတို့ ခင်ဗျား ယန်း၁၀၀ မှစပြီး ထည့်ဝင်လှူဒါန်းခြင်းဖြင့် မြန်မာ့ဒီမိုကရေစီအရေးအတွက် ကူညီကြရအောင်လားဗျာ...

အောက်ပါ တာဝန်ခံများထံ ဆက်သွယ် လှူဒါန်းနိုင်ပါတယ်....

ကိုမင်းထက်ဇော်.. ၀၉၀-၃၆၈၂-၂၀၂၈
မလေးလေး... ၀၉၀-၉၈၂၈-၂၂၄၀
ကိုအောင်ဇော်ဦး... ၀၈၀-၄၁၃၇-၇၁၃၈
မယဉ်မေသန်း... ၀၉၀- ၆၁၅၄-၉၆၆၀
မသန္တာ.. ၀၉၀-၉၉၁၇-၃၃၈၃
မဝင်းဝင်းထွေး.. ၀၈၀-၆၇၁၂-၂၈၁၂
မမိုးစန္ဒာ... ၀၈၀-၄၂၀၄-၉၂၉၂
အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံ ဆွေးနွေးမှု အမြန်ဆုံးပေါ်ပေါက်ရေး တောင်းဆို ဆန္ဒပြပွဲ (ဂျပန်) ဓါတ်ပုံနှင့် ရုပ်သံမှတ်တမ်း





ရုပ်သံမှတ်တမ်းများ ဆက်လက်ကြည့်ရှူ့လိုပါက ဒီမှာနှိပ်ပါ..
၂၀၁၁-ခုနှစ်၊ ဇန်န၀ါရီလ(၃၀)ရက်နေ့
အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့သည် နိုင်ငံအတွက် အရေးတကြီး လိုအပ်နေသော တွေ့ဆုံဆွေးနွေးမှု အမြန်ဆုံး ပေါ်ပေါက်စေရေးအတွက် စစ်အစိုးရအား အစဉ်တစိုက် တောင်းဆိုနေသည့် နည်းတူ ဂျပန်ရောက်မြန်မာဒီမိုကရေစီအင်အားစုများမှ အမျိုးသား ပြန်လည်သင့်မြတ်ရေး တောင်းဆိုသည့်ဆန္ဒပြပွဲ အခမ်းအနားကို တိုကျိုမြို့၊ ရှိနာဂါဝါ၊ မြန်မာစစ်အခွန်ရုံးရှေ့ တွင် ဒီကနေ့ ညနေ(၃-၀၀ မှ ၄-၀၀) အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီကနေ့ ဂျပန်နိုင်ငံ၏ အလွန်အေးချမ်းသည့် ရာသီဥတုကို အန်တု၍ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ ၁၀၀ကျော်မှ ပူးပေါင်း ဆန္ဒပြခဲ့ကြပါသည်။ 

သတင်းဓါတ်ပုံနှင့် ရုပ်သံမှတ်တမ်း။.... ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ
သတင်းနှင့် ပြန်ကြားရေးဌာန.. ကိုစိုးမိုးနိုင်အား ကျေးဇူးတင်ပါသည်..။