ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

နောက်ဆုံးရ ပြည်တွင်းသတင်းတိုများ....

တရားသူကြီးချုပ် ဦးအောင်တိုး

လာဘ်များများစားသူမှ လာဘ်နည်းနည်းစားသူအား ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း
(အများလို အနည်းစားခြေပေါ့)

နေပြည်တော် အမိန့်အမှတ် ၆၉/၂၀၁၀ ဒီဇင်ဘာလ ၁၃ ရက်။...။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ မြို့နယ်တရားသူကြီး (ဦးပါအိပ်မန်း)သည်.. အမှုအမှတ် ၈၈/၂၀၁၀ တရားလို ဒုရဲအုပ်ခင်မောင်ဦးနှင့် တရားခံစောနေရှင်းပါ (၂) ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ(၃၆၅/၁၁၄) အရ စွဲဆိုထားခဲ့သော လူကုန်ကူးမှုဆိုင်ရာ ပြစ်မှုကို ကျူးလွန်ခဲ့ကြသော တရားခံများအား ထောင်ဒဏ်(၃)လနှင့် ငွေဒဏ်၅သောင်းကျပ်တို့ ချမှတ်ခဲ့သည့် အမှုတွင် ပြစ်မှုဆိုင်ရာ တရားဥပဒေအရ ညီညွတ်ခြင်း မရှိသောကြောင့်၊ တရားရုံးချုပ် တရားသူကြီးများ၏ ဆုံးဖြတ်ချက်အရ ၁၄.၁၂.၂၀၁၀နေ့ ညနေပိုင်းမှစ၍ ပြည်သူ့ဝန်ထမ်းအဖြစ်မှ (Dismiss) ထုတ်ပစ်လိုက်သည်။

ပုံ/တရားသူကြီးချုပ်

အောင်တိုး

အမိန့်စာအား ပြန်လည်ရေးသား ဖော်ပြပါသည်။

လက်မထုတ်ရ၊ ခေါင်းမပြူရ၊ ဆေးလိပ်မသောက်ရ..

မနက်ဖြန်မှာ နေပြည်တော်မှာ ကျင်းပမယ့် အကယ်ဒမီဆုပေးပွဲ သတင်းသွားယူမည့် ဂျာနယ်လစ်များအား အင်တာမဗျူးရ၊ ဘောပင်မယူရ၊ ဓါတ်ပုံမရိုက်ရဟု ကန့်သတ်ချက်များ ထုတ်ပြန်ထားကြောင်းနှင့် ၎င်းတို့ သတ်မှတ်ထားသော နေရာများမှသာ သတင်းရယူရမည် ဖြစ်ကြောင်း သတင်းရရှိပါသည်...။

ကပ်ပြေးနေပြည်တော် လွှတ်တော်ခန်းမအတွင်းမှ ဆွမ်းအုပ်ကြီး..
ကြည့်ရတာလွှတ်တော်အမတ်တွေ ပါလာတဲ့ ပစ္စည်းတွေ ဒီအထဲထည့်ထားရမယ်.. ထင်တယ်..။ ကိုယ်ပြောချင်တဲ့ စကားတွေကိုလည်း ဆွမ်းအုပ်အဖုံးဖွင့်ပြီး အော်ရမယ်ထင်ပါတယ်..။ (ဓာတ်ပုံ.. ကိုနစ်)

ထို့အပြင်လွှတ်တော် လာမည့်(၃၁)ရက်နေ့ ၈နာရီ ၅၅မိနစ် မှာ ကျင်းပမည့် ၉နဝင်းကိုက်  ပထမဦးဆုံး လွှတ်တော် အစည်းအဝေးအတွင်းသို့လည်း ဘောပင်၊ ကင်မရာ၊ အသံဖမ်းစက်၊ စာရွက်မယူရဟု အမိန့်ထုတ်ပြန်ထားပြီး နောက်လွှတ်တော်အမတ်များမှ  မေးချင်ရာများကို မေးမြန်းခြင်း မပြုရပါဟု အမိန့် ထုတ်ပြန်ထားကြောင်း သတင်းရရှိပါသည်။

ဒီသတင်းတွေ ဖတ်မိရင်း မြန်မာပြည်က ဘတ်စ်ကားတွေမှာ ရေးထားတဲ့ လက်မထုတ်ရ၊ ခေါင်းမပြူရ၊ ဆေးလိပ်မသောက်ရ.. ဆိုတဲ့စာသားလေးကို ပြန်လည် သတိရမိပါတယ်..။


နောက်ဆုံးရရှိတဲ့ သတင်းအရ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးကို ရန်ကုန်မြို့ အလုံလမ်း၊ သမ္မတအိမ်တော်ဝင်း အတွင်းမှာရှိတဲ့ ယခင် ပြည်သူ့လွှတ်တော်ခန်းမထဲမှာ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရှိရပါတယ်..။

သတင်း... ဒီမိုဝေယံ