ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဓါတ်ခဲကို ထုတ်လုပ်ဖော်ဆောင်ပြီး ပန်းတွေနဲ့ ဝေနေခဲ့သူ စာရေးဆရာ၊ သရုပ်ဆောင်၊ အကယ်ဒမီဒါရိုက်တာမောင်ဝဏ္ဏ ဤမြေကမ္ဘာမှပြန်လည်ထွက်ခွါ..

စာရေးဆရာ၊ သရုပ်ဆောင်၊ အကယ်ဒမီဒါရိုက်တာမောင်ဝဏ္ဏ ငယ်စဉ်ကပုံ
ဓာတ်ခဲရုပ်ရှင်ကားဖြင့် ( သူ၏မျိုးဆက် သားငယ်(ဥက္ကာ)ကို အနုပညာလောကထဲသို့ လက်တွဲခေါ်ဆောင်) နာမည်ကြီးစေခဲ့ပြီး တစ်ခေတ်တစ်ခါက ရုပ်ရှင်ကြည့် ပရိသတ် ရင်ထဲမှာ စွဲငြိကျန်ရစ်ခဲ့အောင် နာမည်ကြီးခဲ့တဲ့   ပန်းတွေနဲ့ဝေ ဇာတ်ကားဖန်တီးခဲ့သူ  အနုပညာရှင် စာရေးဆရာ၊ သရုပ်ဆောင်၊ အကယ်ဒမီ ဒါရိုက်တာမောင်ဝဏ္ဏဟာ ယနေ့မနက် ၄း၂၀ မှာ ဤကမ္ဘာမြေကြီးကနေ ပြန်လည် ထွက်ခွာသွားခဲ့ပါပြီ။ ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်မှာအသက်(၆၅)နှစ်ရှိပြီ ဖြစ်ပါတယ်..။ ထူးထူးခြားခြား ဒီနေ့ဟာဖြင့် ၁၁.၁.၁၁ တစ်၅လုံးပြည့်နေ့မှာ တကယ့်ပညာ ပြည့်ဝ နှလုံးရည်လှတဲ့ အနုပညာကြယ် တစ်ပွင့် ကြွေလွင့်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၁၀ ခုနှစ်မေလ(၁၆) ရက်နေ့ကလည်း ဆရာမောင်ဝဏ္ဏ၏ ညီဖြစ်သူ စွယ်စုံရ အနုပညာရှင် ရှပ်ရှင်သရုပ်ဆောင် စာရေးဆရာ နဲ့ တေးသံရှင်ဦးသုမောင် ကွယ်လွန် အနိစ္စရောက်ခဲ့ပါတယ်...။

 စာရေးဆရာ၊ သရုပ်ဆောင်၊ အကယ်ဒမီဒါရိုက်တာ ဆရာမောင်ဝဏ္ဏ ကောင်းရာ သုဂတိလားပါစေ...

စာရေးဆရာ၊ ဒါရိုက်တာဆရာ မောင်ဝဏ္ဏ အသက် (၆၅) နှစ်၏ ဈာပနအခမ်းအနားအား ၁၃.၁.၂၀၁၁ (ကြာသပတေး) နေ့ နေ့လည် (၃း၀၀) နာရီ အချိန်တွင် ရေဝေးသုဿန်၌ မီးသဂြိုလ်ခြင်း အခမ်းအနား ကျင်းပမည် ဖြစ်ပါသည်။

ဆရာမောင်ဝဏ္ဏရဲ့ ငယ်စဉ်က ဓာတ်ပုံပေးပို့လာသူ မိတ်ဆွေအား အထူးကျေးဇူးတင်ပါသည်...။