ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မက်ဟန်တန်နှလုံးသားရဲ့ နေရာအနှံ့မှာ အမှိုက်ထုပ်တွေ ရှိနေတယ် .. CNN သတင်းနဲ့ ဘားမားတူးဒေးဦးမြင့်လှိုင်



Hello everyone,

I would like to share one of the success stories of our editor U Myint Hlaing in CNN iReport, the user-generated section of CNN.com. He joined iReport on December 27, 2010 and sent his first iReport (Blizzard in New York) http://ireport.cnn.com/docs/DOC-533544 . CNN vetted that news report, it’s mean, that news report have been selected and approved by a CNN producer to use on CNN, on air, or on any of CNN's platforms.

4 days after he joined CNN iReport, CNN awarded as superstar iReporter to U Myint Hlaing. On January 4, 2010, he has another success. His iReport (Garbage Bags sit everywhere in the Heart of Manhattan) is the most viewed, commented, and shared iReport between 10:00 PM January 3, 2010 to 10:00 PM January 4, 2010. His iReport got over 27,000 viewers, 48 comments, and 87 times shared within 24 hours. You can see his iReport on No. 10 in the last week most viewed, No. 9 in last week most comments, and No. 14 in last week most shared iReport list.

Here is the link of his CNN iReport. http://ireport.cnn.com/docs/DOC-536414 . Please, take a look, write down the comment, and share to your friends.

Here is another success story of U Myint Hlaing. CNN producers used one of his iReports in their special report of New York Blizzard – The ugly side of winter on December 29, 2010. http://us.cnn.com/video/?/video/ireports/2010/12/29/natpkg.irpt.ugly.winter.cnn

Here is U Myint Hlaing’s CNN iReport Profile http://ireport.cnn.com/people/myinthlaing

မင်္ဂလာပါ ခင်ဗျာ

ကျွန်တော်တို့ ယနေ့မြန်မာအယ်ဒီတာ ဦးမြင့်လှိုင်ရဲ့ အောင်မြင်မှုလေးတခုကို မိတ်ဆွေများကို ဝေမျှလိုပါတယ်။ ဦးမြင့်လှိုင်ဟာ ဒီဇင်ဘာ ၂၇ ရက်နေ့က ပရိသတ်များရဲ့သတင်းများကို ဖော်ပြပေးတဲ့ စီအန်အန်ရဲ့ အိုင် ရီပို့ကို (Blizzard in New York) http://ireport.cnn.com/docs/DOC-533544 နယူးယောက်က နှင်းမုန်တိုင်းအမည်နဲ့ ဓါတ်ပုံတပုံ ပို့လိုက်ပါတယ်။ အဲဒီဓါတ်ပုံသတင်းကို စီအန်အန်ထုတ်လုပ်သူများက အတည်ပြုပြီး စီအန်အန်မှာ အသုံးပြုလိုက်ပါတယ်။

အဲဒီနောက် သူဟာ သတင်းတွေ ဆက်လက် ပေးပို့နေခဲ့ရာ သူ အိုင်ရီပို့မှာ မှတ်ပုံတင်အပြီး ၄ ရက်အကြာမှာတော့ စီအန်အန်က သူ့ကို စူပါစတား အိုင် ရီပို့တာအဖြစ် ချီးမြှင့်လိုက်ပါတယ်။ တကမ္ဘာလုံးမှာ ဒီကနေ့အထိ ဦးမြင့်လှိုင် အပါအ၀င် (Superstar iReporter) စူပါစတား အိုင်ရီပို့တာ အယောက် ၁၃၀ ပဲ ရှိပါတယ်။ ဒါနဲ့ သူဟာ သတင်းတွေ ဆက်လက် ပေးပို့နေရာ ဇန်န၀ါရီ ၃ ရက်နေ့ ည ၁၀ နာရီက ပေးပို့တဲ့ (Garbage Bags sit everywhere in the Heart of Manhattan) မက်ဟန်တန်နှလုံးသားရဲ့ နေရာအနှံ့မှာ အမှိုက်ထုပ်တွေ ရှိနေတယ် ဆိုတဲ့ သတင်းကတော့ ဇန်န၀ါရီ ၃ ရက်နေ့ ည ၁၀ နာရီမှ ဇန်န၀ါရီ ၄ ရက်နေ့ ည ၁၀ နာရီအတွင်း ကြည့်ရှုသူ နှစ်သောင်း ခုနှစ်ထောင်ကျော်၊ မှတ်ချက်ပေါင်း ၄၈ ခုနဲ့ ဝေမျှမှု ၈၇ ကြိမ် ရရှိခဲ့ပြီး အဲဒီ ၂၄ နာရီအတွင်းမှာ ကြည့်ရှုသူ အများဆုံး၊ မှတ်ချက်ပြုသူ အများဆုံးနဲ့ ဝေမျှသူအများဆုံးသတင်းတပုဒ် ဖြစ်သွားခဲ့ပါတယ်။ အခုအချိန်မှာတော့ အဲဒီသတင်းဟာ လွန်ခဲ့တဲ့တပတ်အတွင်း ကြည့်ရှုသူ အများဆုံး စာရင်းမှာ အမှတ် ၁၀၊ ဝေဖန်ချက်ပေးသူ အများဆုံး စာရင်းမှာ အမှတ် ၉ နဲ့ ဝေမျှသူအများဆုံးစာရင်းမှာ အမှတ် ၁၄ နေရာမှာ ရှိနေပါတယ်။

အဲဒီသတင်းကို http://ireport.cnn.com/docs/DOC-536414 မှာ ကြည့်ရှုနိုင်ပါတယ်၊ မှတ်ချက်ပေးနိုင်ပါတယ်၊ မိတ်ဆွေ သူငယ်ချင်းများကိုလည်း ဝေမျှနိုင်ပါတယ်။

တဆက်ထည်း စီအန်အန် အိုင်ရီပို့က ဦးမြင့်လှိုင်ရဲ့ အခြားအောင်မြင်မှုတခုကို ပြောပြချင်ပါသေးတယ်။ အဲဒါကတော့ စီအန်အန် ထုတ်လုပ်သူတွေ တင်ဆက်တဲ့ ဆောင်းတွင်းကာလရဲ့ အကျည်းတန်တဲ့ဘက် (The ugly side of winter) အမည်နဲ့ နယူးယောက်ရဲ့ နှင်းမုန်တိုင်းအကြောင်း မှတ်တမ်းတိုလေးမှာ အခြား ပေးပို့သူများရဲ့ ဗီဒီယိုများနဲ့အတူ ဦးမြင့်လှိုင်ရဲ့ ဓါတ်ပုံတွေကို အသုံးပြုထားခြင်း ဖြစ်ပါတယ်။ http://us.cnn.com/video/?/video/ireports/2010/12/29/natpkg.irpt.ugly.winter.cnn

ဦးမြင့်လှိုင်ရဲ့ စီအန်အန် သတင်းပေးပို့ချက်များကို http://ireport.cnn.com/people/myinthlaing မှာ ကြည့်ရှုနိုင်ပါတယ်။

အခုလို စီအန်အန်ကို ဓါတ်ပုံသတင်း ရိုက်ကူး၊ ရေးသား၊ ပေးပို့ဖြစ်တာနဲ့ ပတ်သက်လို့ ဆောင်းပါးရေးဖို့ ဦးမြင့်လှိုင်ကို မင်းကြီးညို၊ ဒီမိုဝေယံ အပါအ၀င် မိတ်ဆွေများက တိုက်တွန်းထားတာ လေး - ငါးရက်လောက် ရှိနေပါပြီ။ ရေးမယ် ရေးမယ်နဲ့ အခုအထိ မရေးသေးပါဘူး။ ရေးမယ်လို့တော့ ပြောနေတုန်းပဲ။ မိတ်ဆွေတို့လည်း ကြုံရင် သူ့ကို တိုက်တွန်းလိုက်ပါဦး။ ဖတ်ကြည့်ရတာ ပေါ့။ သူ ဘာတွေ ပြောမလဲ ဆိုတာကို။

ဘားမားတူးဒေး