ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနဲ့ စာတတ်ပေတတ် ပုဂ္ဂိုလ်ကြီးများခင်ဗျား.. သာသနာကို ဖျက်စီးမယ့် အတုအယောင် ဓမ္မန္တရာယ်ကို အမြန်ဆုံး တားဆီးပေးပါရန် ရိုသေစွာ လျှောက်ထားအပ်ပါတယ်..

ဘားအံမြို့၊ ဇွဲကပင်ခန်းမှာ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့က စပြီး ကျင်းပခဲ့တဲ့ နံပါတ် (၁) စိတ်ဓါတ်မြှင့်တင်ရေးသင်တန်းမှာ သင်္ဃန်းခြုံပြထားတဲ့ အတုအယောင် သာသနာဖျက်တစ်ဦးက သီချင်းဖွင့်ပြပြီး မော်ဒယ်တွေကနေတာကို ပြကာ လိုက်ကခုံခိုင်းခဲ့တဲ့ပွဲမှာ အဲ့ဒီ သီချင်းက တရုတ်သီချင်းဖြစ်ပြီး Alex Du 杜德伟 သီဆိုထားတဲ့ "脫掉" "ချွတ်ပြစ်လိုက်” လို့အမည်ရတဲ့ သီချင်းဖြစ်ကြောင်း သိရှိရပါတယ်။  (ကိုနစ်နေမန်း) ဘလော့(ဂ်)မှ။

စကားချပ်( ဒီသီချင်းရဲ့ မူရင်းသီချင်းကတော့ ဂျပန်သီချင်း アゲアゲEvery ဆိုတဲ့ DJ OZMA အဖွဲ့ရဲ့သီချင်းဖြစ်ပြီး ၂၀၀၆မှာ အင်မတန် ရေပန်းစားခဲ့ပါတယ်..။  နှစ်စဉ် ဂျပန်နိုင်ငံရဲ့ နှစ်သစ်ကူးညတိုင်း မှာ ထုတ်လွှင့်ပြီး ဂျပန်တနိုင်ငံလုံးက ကြည့်ရှု့အားပေးကြတဲ့ NHK CHANNEL ရုပ်သံလိုင်းရဲ့ ၂၀၀၆ နှစ်သစ်ကူး  နယူးရီးယား အကြိုညမှာ တခြားနာမည်ကြီး အဆိုတော်အဖွဲ့များနဲ့အတူ NHK က Live Show ထုတ်လွှင့် ပြသခဲ့ပါတယ်။ DJ OZMAအဖွဲ့မှ အဆိုပါ アゲアゲEvery သီချင်းနဲ့ သီဆိုကပြရင်း နောက်ဆုံး သီချင်းအပိတ်မှာ ယင်းအဖွဲ့ရဲ့ အမျိုးသားရော အမျိုးသမီးတွေပါမကျန် အပေါ်အဝတ်အစားတွေ အကုန်ချွတ်လိုက်လို့ နောက်တစ်နေ့  ၂၀၀၇ခုနှစ် နှစ်သစ်ကူးမနက် ဂျပန် သတင်းစာတွေမှာ အဆိုပါနေ့က သတင်းဓာတ်ပုံများ အကြီးအကျယ် ဖော်ပြပါရှိခဲ့ပါတယ်။ သတင်းနဲ့ ဝတ်စားဆင်ယင်မှုမှာ တခြား Channel များနဲ့မတူ အင်မတန်မှ စည်းကမ်းကြီးတဲ့ ဂျပန်အစိုးရရဲ့ NHK ရုပ်သံဋ္ဌာနနဲ့ အဆိုပါနေ့က  DJ OZMAအဖွဲ့ အဆိုတော်များရဲ့ လုပ်ဆောင်ခဲ့မှုနဲ့ ပတ်သက်ပြီး တော်တော် ပြသနာတက်ခဲ့ရပါတယ်။ အဆိုပါ DJ OZMA အဖွဲ့မှလည်း ပြန်လည် ဖြေရှင်းမှုတွေ တော်တော် လုပ်လိုက်ရပါတယ်)

ကျွန်တော်တို့ ဂျပန်က ပရိသတ်အတွက် ဂျပန်သီချင်း မူရင်းကို ဖော်ပြလိုက်ပါတယ်..။ အဓိပ္ပါယ်ကလည်း アゲアゲEvery ဆိုတော့ အကုန်လုံးကို ပေးလိုက်ဆိုတော့ စဉ်းစားသာကြည့်တော့.. ကိုနစ်နေမန်းတင်ထားတဲ့ ပိုစ့်ကို ဆက်လက် ဖတ်ချင်ရင်.  http://www.niknayman-niknayman.co.cc/2011/01/blog-post_5936.html
ကိုနစ်အားကျေးဇူးတင်ပါသည်.။

အဆိုပါ ချွတ်ပစ်လိုက်လို့ အဓိပ္ပါယ်ရတဲ့ ဂျပန်/တရုတ်သီချင်းအား ထေရဝါဒ ဗုဒ္ဓဘာသာထွန်းကားတဲ့  မြန်မာပြည်မှာ  နအဖက လူကြီးဆိုတဲ့သူတွေ တက်ရောက်ပြီး ကြီးကြပ်ဖွင့်လှစ်ပေးတဲ့ နေရာက အရေခြုံ ရဟန်းတစ်ပါးရဲ့ စိတ်ဓါတ်မြှင့်တင်ရေးသင်တန်း မှာ  သက်ကြီးရွယ်အိုတွေပါမကျန် မရှက်မကြောက် ကခုန်နေတာ မြင်တွေ့ကြရမှာပါ။

စဉ်းစားသာကြည့်ကြပါတော့... ထေရဝါဒ ထွန်းကားတဲ့ နိုင်ငံတွေထဲမှာ စံပြဆိုတဲ့ မြန်မာနိုင်ငံတဲ့ဗျာ.. ခေါင်ကမလုံတော့လည်း ကိုယ့်တိုင်းပြည်မှာ သာသနာ အစစ်အမှန် ထွန်းကားနေလျှက်နဲ့ တိုင်းပြည်မှာ အတုအယောင် သာသနာအရေခြုံတွေ ထွင်ထားတဲ့ စိတ်ဓါတ်မြှင့်တင်ရေး သင်တန်းတဲ့ဗျာ..။  ကမ္ဘာမှာ ဝိပဿနာထွန်းကားတဲ့ တိုင်းပြည်လို့ အများကလက်ခံတဲ့ တိုင်းပြည်ပါ။.. အစစ်နဲ့ အတုဗျာ.. စဉ်းစားကြည့်ကြပါ..။ နအဖ ဗိုလ်ချုပ်တွေ မရှက်မကြောက်ပေမယ့် ကျွန်တော်တို့ ပြည်သူပြည်သားတွေ အနေနဲ့ အထူး အယုတ်ဆိုးအကျည်းတန်တဲ့ တခြားဘာသာဝင်တွေမြင်ရင် အထင်သေးစေမယ့် အရှက်ရစေတဲ့ လုပ်ရပ်ကြီး ဖြစ်တဲ့အတွက် အင်မတန်မှ ရှက်ကြောက်မိပါတယ်။ လူကြီးလူငယ်တွေ သရုပ်ပျက်သီချင်းနဲ့ မရှက်မကြောက် ခုန်ပေါက်ကခုန်နေကြလေရဲ့.. ဘာသာရေး မှိုင်းသွင်းခံနေရပါပြီ။  ဒီထဲမှာ နအဖစစ်တပ်အရာရှိများ၊ ပြည်နယ် နအဖ ခရိုင် မြို့ နယ် ကျေးရွာက မယက ရယကတွေလည်း ပါပါတယ်တဲ့ .။ စဉ်းစားသာ ကြည့်ကြပါတော့..။ နအဖလက်ထက် တိုင်းပြည်ရဲ့ သာသနာတော်ကတော့ အားလုံးသိပြီးတဲ့ အတိုင်း အင်မတန်မှ ကြောက်မက်ဖွယ်ရာ ဓမ္မန္တရာယ်နဲ့ ကြုံတွေ့နေရပါပြီ။ ၂၀၀၇ခုနှစ်မှာ သာသနာ့ အာဇာနည် သံဃာတော်တွေ အကြမ်းဖက် ရိုက်နှက်သတ်ဖြတ် ထောင်ချခံရ. မသိနားမလည်တဲ့ ပြည်သူတွေကို ဆင်ဖြူတော်ဆိုပြီး ဦးထိပ်ထား ကိုးကွယ်လို ကိုးကွယ်ပြ ... ခုနောက်ဆုံး နိုင်ငံတကာနဲ့ ကမ္ဘာ့အလယ်မှာ ဗုဒ္ဓဘာသာတိုင်းပြည်ဆိုတာ ဒါလားလို့ မေးငေါ့ ဝေဖန်ပြောဆို ရလောက်အောင်.. သာသနာ့ အရေခြုံ အတုအယောင် စိတ်ဓာတ်မြှင့်တင်ရေးဆိုပြီး သာသနာတော်ကို ဖျက်ဆီးနေပြန်ပါပြီ။

မြန်မာပြည်မှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနဲ့ စာတတ်ပေတတ် ပုဂ္ဂိုလ်ကြီးများခင်ဗျား.. သာသနာကို ဖျက်စီးဖို့ အစပြုနေတဲ့ အတုအယောင် ဓမ္မန္တရာယ်ကို အမြန်ဆုံး တားဆီးပေးပါရန် ရိုသေလေးစားစွာ လျှောက်ထားအပ်ပါတယ်..။

ဒီမိုဝေယံ

ဗီဒီယို အတွက် ကိုနစ်နေမန်းအား ကျေးဇူးတင်ပါသည်.../
စိတ်ဓာတ် မြှင့်တင်ရေးသင်တန်းကျောင်း လိပ်စာနှင့်ဖုန်းနံပါတ်.. ကိုဒေါင်းမာန်ဟုန် ရှာပေးထားတဲ့ အဆိုပါ သင်တန်းကျောင်း Home Pageကတော့
သင်တန်းသားများ လိုက်နာမည့်စည်းကမ်းချက်များ.. နံပါတ်(၁)မှာ သင်တန်းသူ၊ သင်တန်းသားအားလုံး  နိုင်ငံရေး လုံးဝ ကင်းရှင်းရမည်။ နိုင်ငံရေး ဘာသာရေး ပြောခြင်း မေးမြန်းခြင်း သီးခံပါဆိုတော့... နိုင်ငံရေး ပြောဆိုတာ ထားလိုက်ပါတော့ .. ဘာသာရေးပြောခြင်း မေးမြန်းခြင်း သည်းခံပါတဲ့....။ ဒါကတစ်ပိုင်းပေါ့..

နံပါတ် (၄)ကတော့ မာန်မာနထားခြင်း၊ ရှက်ခြင်း၊ ကြောက်ခြင်း လုံးဝမရှိစေရပါတဲ့.. ဒီအတိုင်းဆို မြန်မာပြည်မှာ အတိုင်းအတာ တစ်ခုအထိ ဒီအဖွဲ့အစည်း အားကောင်းနေပြီလား ဆိုတာ ကျွန်တော်တို့ သုံးသပ်ရပါတော့မယ်.. ဟီရိ၊ သြတ္တပဆိုတဲ့ ဟီရိ- မကောင်းမှုပြုရာသည်ကို ရှက်ခြင်း၊ သြတ္တပ- မကောင်းမှုပြုရသည်ကို ကြောက်ရွံ့ခြင်းဆိုတာတွေ မလိုအပ်တော့ဘူးလား ဗုဒ္ဓတရားတော်တွေနဲ့ ဖီလာ ဆန့်ကျင်နေ မနေဆိုတာကိုလည်း ပြည်ပမှာ ရှိတဲ့ တတ်သိနားလည်တဲ့ ဆရာတော်များမှလည်း ယခု အထက်ပါ ကိစ္စရပ်များနဲ့ ပတ်သက်ပြီး ပြန်လည် ဖြေကြားပေးစေလိုကြောင်း လျှောက်ထားအပ်ပါတယ်..။

ဒီမိုဝေယံ..