ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အကြမ်းမဖက် အမျိုးသားလှုပ်ရှားသူများမှ ဦးဆောင်၍ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံရေးအကျဉ်းသား ၂၂၀၀ကျော် လွတ်မြောက်ရေးအတွက် ရွှေတိဂုံရင်ပြင်တော်ပေါ်၌ ငြိမ်းချမ်းစွာ ဆီမီး ပူဇော်ပွဲ အခမ်းအနားကျင်းပ (ဓာတ်ပုံ၊ ရုပ်သံ၊ သတင်း)


ဒီကနေ့ ကျရောက်တဲ့ (၆၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကြမ်းမဖက် အမျိုးသားလှုပ်ရှားသူများမှ ဦးဆောင်ပြီး နိုင်ငံရေးအကျဉ်းသား မိသားစုများ၊ အဖွဲ့ချုပ်အဖွဲ့ဝင်များ ၊ ဒီမိုကရေစီအင်အားစုများ စုပေါင်း၍ မြန်မာပြည်တွင်း ယုံကြည်ချက်ကြောင် အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသား ၂၂၀၀ကျော်.. လွတ်မြောက်ရေးအတွက် ဖယာင်းတိုင်(၂၂၀၃)တိုင်အား ငြိမ်းချမ်းစွာ ဆီးမီးပူဇော်ပွဲ အခမ်းအနား ပြုလုပ်၍ ဆုတောင်းမေတ္တာ ပို့သခဲ့ကြပါသည်..။ ထိုနောက် ရွှေတိဂုံ အောင်မြေတွင် မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်ရှိ အကျဉ်းထောင်များ၌ အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသမားများ လွတ်မြောက်ရေးအတွက် ဆုတောင်းခဲ့ကြပါသည်။

အဆိုပါ ငြိမ်းချမ်းစွာ ဆုတောင်းလှုပ်ရှားသည့် ဆီးမီးပူဇော်ပွဲအား အကြမ်းမဖက် အမျိုးသားလှုပ်ရှားသူများမှ ဦးဆောင်ပြီး NLD ပါတီဝင်များ၊ အကျဉ်းကျ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များနှင့် အင်္ဂါဝတ်ပြုဆုတောင်းအဖွဲ့ဝင်များ၊ ဒီမိုကရေစီအင်အားစုဝင်များ စုစုပေါင်း ၆၀ဦးခန့်မှ တက်ရောက် ဆုတောင်း ဆီးမီးပူဇော်မှုများ ပြုလုပ်ခဲ့ကြပါတယ်။ အာဏာပိုင်များမှ တစုံတရာ တားဆီး နှောက်ယှက်မှု မပြုလုပ်ခဲ့သော်လည်း မှတ်တမ်းဓါတ်ပုံများ အဝေးမှ ငြိမ်သက်စွာဖြင့်  လိုက်လံ မှတ်တမ်းယူခြင်းများ ပြုလုပ်ခဲ့ပါတယ်။ မိမိတို့ဘက်မှလဲ ဆုတောင်းပွဲပြီးသည့်နောက် ငြိမ်းချမ်းစွာ စုဝေးပြီး အဖွဲ့ချုပ်မှ ကျင်းပပြုလုပ်သည့် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း အကြမ်းမဖက် အမျိုးသားလှုပ်ရှားသူ ကိုလူမော်လတ်မှ ပြောဆိုသွားပါတယ်..။