သင်္ကြန်အကျနေ့က ခမောက်လှုပ်ရှားမှု ဓာတ်ပုံ..

သင်္ကြန်အကျနေ့က မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့ကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံသာသနာတော်ကာကွယ်ရေးတပ်ဦး၊ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအဖွဲ့ တို့မှ ရန်ကုန်မြို့နှင့် နယ်မြို့များမှာ ဒေါ်အောင်ဆန်းစုကြည် ပိုစတာကပ်ခြင်း၊ ခမောက်ဝေခြင်း၊ စီဒီအခွေများ ဖြန့်ဝေခြင်းများကို ပူပေါင်း လုပ်ဆောင်ခဲ့ကြတုန်းက ဓာတ်ပုံအချို့ပါ။
အကြောင်းအမျိုးမျိုးကြောင့် ချက်ချင်းမတင်ပြနိုင်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဝေတဲ့သူတွေ လုံခြုံရေးနဲ့ လက်ခံရယူသူတွေ လုံခြုံရေးအတွက်ပါ။ နတ်မောက်မှာဝေတဲ့ သံဃာလေးပါးကို နောက်တနေ့မှာ မဝတက လာရောက်စုံစမ်းတဲ့ အတွက် တိမ်းရှောင်နေရပါတယ်။