ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဘယ်သူဘဲ လုပ်လုပ် လက်မခံပါဘူး (ဒါငါတို.ရဲ.မြန်မာသင်္ကြန်ပါ) ၀မ်းနည်းပါတယ်။ မေးလ်ထဲကပါ...

ဓာတ်ပုံ ကိုရွှေနန္ဒ
သုံးနာရီလောက်ဖြစ်တာ သူငယ်ချင်းရေ၊ ယုန်တို့က ပုဂံလုံးကျွန်းနားက face to face မှာ ပက်တာ ဖြစ်တုန်းက အသံကြားလိုက်တယ်။ ပုံမှန်ဆိုရင် ကိုယ့်မဏ္ဍပ်မှာ ဒီဂျေဖွင့်ထားရင် ဘေးကမဏ္ဍပ်က သီချင်းသံတောင် မကြားရဘူး။ အခုက ဒီဂျေဖွင့်ထားတာတောင် အဲဒီ့အသံကိုကြားရတယ်။ ရှော့ဖြစ်တာလို့ ထင်နေတာအစက။ လူတွေကလည်း ပြေးကြတာ တအားပဲ တချို့ဆို ကန်တော်ကြီးကို ကာထားတဲ့ သံပန်းစည်းရိုးကြီးကို ကျော်တက်ပြီး ကန်တော်ကြီးထဲ ၀င်ပြေးကြတာ။ ယုန်တို့မဏ္ဍပ်က ကြတော့ဘယ်သူကိုမှ မဆင်းခိုင်းဘူးစင်ပေါ်မှာပဲ နေခိုင်းတာ ၄နာရီထိုးလောက် ထင်တယ်အဲ့ခါကြမှ ဆင်းချင်တဲ့ လူဆင်းလို့ရပြီဆိုပြီး ပြောတာ။ စိတ်ပူကြတဲ့ မိဘများကို စာနာမိတယ် ။ သားသမီးက ဘယ်မှာပက်လဲ မသိတော့ ဖြစ်ပြီဆိုတော့ လိုက်လာပြီးရှာကြ။ taxi ကားတွေကလည်း ရှားလိုက်တာ ငှားတဲ့လူကလည်း ပေါလိုက်တာ 2500တန်ခရီးလောက် ကို5000ထောင်၊ 7000ထောင် ပေးစီးရတယ်။

တစ်ချို့သင်္ကြန်လည်တဲ့ ကားတွေဆိုရင် ဖြစ်ဖြစ်ချင်းတုန်းက ကားကိုထားပြီး ထွက်ပြေးကြတာ။ အဲဒီလောက်ဖြစ်နေတာတောင် ပုဂံလုံးကျွန်း ၀င်ပေါက်မီးပွိုင့် ဟိုဘက်အချမ်းဘက်က ရေပက်မပျက်ဘူးရှင်။ အဲဒီ့ဘက် အချမ်းဘက်ကတော့ ပက်နေကြတုန်းပဲ။ အိမ်ကတော့ မနက်ြဖန်မလွတ်တော့ဘူးတဲ့။ သူငယ်ချင်းတစ်ယောက်ရဲ့ အမေကလည်း သူ့သားနဲ့ရပ်ကွက်ထဲက သူငယ်ချင်းရယ် ခုထိပြန်မလာသေးလို့ ကြောင်ချင်သလို ဖြစ်နေပြီတဲ့။ ဘယ်မှာ သွားရှာရမယ် မှန်းလည်းမသိဘူးတဲ့ အဲလိုမျိုးဖြစ်နေကြတဲ့ မိဘတွေလည်းများမှာပဲ MRTVသတင်းမှာ ပါတာကတော့ 8ဦးသေ၊ 94ဦးဒဏ်ရာရတယ်လို့ ပြောတာပဲ အဲဒီအထဲကနေ ဘယ်လောက် ဖြစ်အုံးမယ်ဆိုတာ တွေးကြည့်ပြီး စိတ်မကောင်း ဖြစ်မိတယ်။ တစ်လမ်းတည်းမှာ အတူပက်ကြတဲ့ သူငယ်ချင်းတွေအားလုံး ကိုယ့်မိသားစုနဲ့ ပြန်ဆုံတွေ့နိုင်ကြပါစေလို့ ဆုတောင်းမိပါတယ်။ တစ်ကယ်ကို ဖြစ်သွားကြတဲ့သူများ အားလုံးအတွက် တစ်ကယ်စိတ်မကောင်း ဖြစ်မိတယ်။ ဒီလိုမျိုးအဖြစ်ဆိုးတွေ နောက်ထပ်မကြုံရပါစေနဲ့လို့ ဆုတောင်းပါတယ်။ သေဆုံးသွားကြတဲ့သူတွေလည်း ကျွတ်ကြလွတ်ကြပါစေလို့ ဆုတောင်းပါတယ်။

Group Mail ထဲက ကိုရွှေနန္ဒပို့လာတာပါ။ မြန်မာပြည်ရဲ့ မင်္ဂလာရှိတဲ့ နှစ်ကူးအတာသင်္ကြန်မှာ အမင်္ဂလာ အဖြစ်ဆိုးကြီးပေါ်ပေါက်လာတဲ့ အထူးစိတ်မကောင်း ဖြစ်မိပါတယ်။ မြန်မာပြည်သူပြည်သားတွေ မင်းဆိုးမင်းညစ်ရန်နဲ့ အကြမ်းဖက်မှုရန်က ကင်းဝေးကြပါစေ။

ရိုက်တာသတင်းဋ္ဌာနမှ ထုတ်လွှင့်သွားတဲ့ ဗုံးပေါက်ကွဲမှုသတင်း ဒေါင်းမာန်ဟုန်မှ

“ ရက်စက်ပါပေ့ကွယ် ”
ကျနော် မနေ့က ရေကစားနေတာကြည့်ရင်း ကြည်နူးမိသည်။ ဒုက္ခအပေါင်းတို့ရဲ့ခဏတာအပန်းဖြေရာ..။ ဒီသင်္ကြန်ဆိုတဲ့ ကျနော်တို့လူမျိုးတို့ရဲ့စိတ်ထွက်ပေါက်ပျော်ပွဲ...။ သူတို့မှာ အင်တာနက်ကို မသိဘူး...။ သူတို့မှာ မနက်ထမင်းစားပြီးရင် ညနေဘယ်လိုစားရမယ် ဆိုတာစဉ်းစားနေရတယ်...။ သူတို့မှာ ကျောင်းတွေရှိပြီး ပညာမတတ်ဘူး...။ သူတို့မှာ ဘွဲ့ရပြီး အလုပ်မရှိဘူး..။ သူတို့မှာ မီးမလာတာလည်း ဒုက္ခ လို့ ...ရေမလာတာလည်း ဒုက္ခလို့တောင် မပြောနိုင်လောက်အောင် ဆွံ့အနေကြပြီ...။ သူတို့မှာ ဘယ်အရာဟာ လူ့အခွင့်အရေးဆိုတာ မသိကြနိုင်လောက်အောင် ပိတ်လှောင်ခံနေရတယ်......။ သူတို့မှာ.....သူတို့မှာ........သူတို့မှာ.............။

ဒါပေမယ့် သူတို့မှာ စေတနာရှိတယ်..။ သူတို့မှာ လူတွေကို ခွင့်လွှတ်တတ်အောင် သင်ကြားပေးတဲ့ ဘာသာတရားရှိတယ်...။ သူတို့မှာ အစေ့ချရင် အပင်ပေါက်တဲ့ မြေဆီလွှာကိုပိုင်ဆိုင်ထားတယ်...။ သူတို့မှာ မြင်သာမြင်ပြီး ခံစားခွင့်မရှိတဲ့ ဓာတ်ငွေ့သိုက်တွေ ပိုင်ဆိုင်ထားတယ်...။ သူတို့မှာ ဖုန်းဆိုတာကို ချမ်းသာသူတွေအတွက် သီးသန့်ထုတ်ထားတဲ့ ပစ္စည်းတစ်ခုလို့နားလည်ထားတဲ့စိတ်တွေရှိတယ်....။ သူတို့မှာ ကံ ၊ ကံ၏ အကျိုးဆိုတာ အကြွင်းမဲ့ယုံထားတယ်....။ သူတို့မှာ ပြောသလောက်သာ သိနေရတယ်..။ သူတို့မှာ ..........။ သူတို့မှာ...........။

ဘာပဲဖြစ်ဖြစ် ဒီပွဲတော်ဟာ သူတို့ရဲ့ ယဉ်ကျေးမှု ၊ သူတို့ရဲ့ စိတ်လွတ်ကိုယ်လွတ်ပျော်ရွှင်ရာ ၊ ဘ၀အမောတို့ ပြေပျောက်ရာ......။ ညနေ (၄) နာရီလောက် ရောက်တော့ ပျင်းတာနဲ့ အွန်လိုင်းတက်ဖြစ်တယ် ..။ ဘလော့ကိုဝင်ပြီး Gtalk ကို ဖွင့်လိုက်တယ်ဆိုရင်ဘဲ ဟိုကသည်က မိတ်ဆွေများ က ပြောကြတယ် ... ဗုံးပေါက်လို့တဲ့ ... သင်္ကြန်မဏ္ဍာပ်မှာ .... လူတွေသေတယ်တဲ့.... လူတွေ ဒဏ်ရာ ရတယ်တဲ့........။

ကျနော် အထက်တန်းက သင်ဖူးတဲ့ စကားပြေလေးထဲ က စာသားလေးကို သတိရမိတယ် ...။ “စပါးကြီးမြွေကိုက်၍ ပင်ပန်းသောသူ ကို ပုတ်ခတ်ဘိသကဲ့သို့ လည်းကောင်း ၊ သွေးပြည်ယိုစီးလျှက်ရှိသော အနာကို ထက်စွာသော ဆူးငြှောင့်ဖြင့် ထိုးဘိသကဲ့သို့လည်းကောင်း...” ဆိုတာလေးပါ....။ ကျနော်တို့ပြည်သူဟာ အရာရာမှာ နာလှပါပြီ...။ အရာရာမှာ အောက်တန်းကပါ....။ ဒီလို ပြည်သူကိုမှ မြေစာပင်လုပ်ရက်တဲ့ သူများကို ရင်နာနာနဲ့ ပြောလိုက်ချင်ပါတယ် “ ရက်စက်ပါပေ့ကွယ် ”......။

written by ခေတ်သစ်
ညီငယ် ခေတ်သစ် ပေးပို့လာတာပါ....