ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

သုခမိန်ပြောတဲ့ နိုင်ငံတော်...


"တိုင်းပြည်အတွက် အရေးအကြီးဆုံးအရာ"

တခါက တရုတ်ပညာရှိကြီး ကွန်ဖြူးရှပ်ကို သူ၏ တပည့် ဆုခွန်း ( Tsze-Kung ) က နိုင်ငံတော် နှင့် အစိုးရကိစ္စ နှင့်ပတ်သတ်ပြီး မေးမြန်းခဲ့တယ်။ ကွန်ဖြုးရှပ်။ အစိုးရတရပ်အတွက် အရေးပါသောအရာ (၃) ခုရှိပါတယ်။ အဲ့ဒါတွေကတော့ စားနပ်ရိက္ခာဖူလုံမှု၊ စစ်လက်နက်ပြည့်စုံမှု နှင့် အစိုးရအပေါ် ပြည်သူ့ယုံကြည်မှုဘဲ ဖြစ်ပါတယ်။

တပည့်။..... အားလုံးကိုမဖြည့်ဆီးနိုင်လို့ တခုကို စွန့်ပယ်ရမယ်ဆိုရင် (၃) ခုထဲက မည်သည့်အရာကို ပထမဆုံးစွန့်ရ မလဲ ဆရာကြီး။

ကွန်ဖြူးရှပ်။..... စစ်လက်နက်ပစ္စည်းတွေကို စွန့်ရပါမယ်။

တပည့်။..... ဒုတိယအကြိမ်စွန့်ရမယ်ဆိုရင်ကော ဆရာကြီး။

ကွန်ဖြူးရှပ်။...... စားနပ်ရိက္ခာကို စွန့်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရအတွက် ပြည်သူတွေရဲ့လေးစားယုံ ကြည်မှုလောက် ဘယ်အရာမှ အရေးမကြီးလို့ပါဘဲ။

“ ကျားထက်ဆိုးတဲ့ အုပ်ချုပ်သူ ”

တခါက တရုတ်ပညာရှိကြီး ကွန်ဖြူးရှပ် နှင့် သူ၏တပည့်တစ်ဦးတို့ဟာ တောစပ်တစ်နေရာကို ဖြတ်လျှောက်ရင်း အုတ်ဂူတစ်ခုဘေးမှာ အမျိုးသမီးကြီးတစ်ဦး ငိုနေတာကိုတွေ့လို့ မေးမြန်းကြည့်တဲ့အခါ သူမခင်ပွန်းကော၊ ယောက္ခမကော၊ သားကော အားလုံး ကျားကိုက်လို့သေဆုံးခဲ့ရပါတယ်လို့ ဖြေခဲ့တယ်။ ဆရာကြီးက ဘာဖြစ်လို့များ ဒီလောက် ကျားသောင်းကျန်းတဲ့နေရာမျိုးကို ထွက်ခွာလာခဲ့သလဲလို့ထပ်မေးကြည့် တဲ့အခါ ထိုအမျိုးသမီးကြီးက ဒီဒေသမှာ ဖိနှိပ်တဲ့အုပ်ချုပ်သူတွေ မရှိဘူးလို့ ပြန်ဖြေခဲ့ပါတယ်။

အဲဒီနောက် ဆရာကြီးက သူ့တပည့်ကို ပြောရာမှာ “ တွေ့လား ဖိနှိပ်တဲ့အုပ်ချုပ်သူတွေဟာ ကျားထက်ပိုပြီး ကြောက်စရာကောင်းတယ် ” လို့ ဆုံးမခဲ့ပါတယ်။

"လူညံ့အချင်းချင်း အဝေးကမြင်ကြတယ်။ အမြင့်မှာထိုင်နေကြတာကိုး။"

အိုက်ကော်
၂ ဧပြီ ၂၀၁၀

ပေးပို့လာသူ... အလင်းဆက်