ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဝဲသြဃမှာ တေးသံပြိုင်လို့ စာအုပ်စတင်ဖြန့်ချီ....

KJM

နိုင်တဲ့သူ တရားကြေးဆိုပြီး ကျည်ဆံနဲ့ သမိုင်းရေးချင်သလား?
ဟော့ဒီ ကျောင်းသားမျိုးဆက်ကုန်မှ အဲဒီတရားကို မင်းတို့ရမယ်။
နိုင်တဲ့သူ တရားကြေးဆိုပြီး အမြှောက်တွေနဲ့ သမိုင်းရေးချင်သလား?
ကောင်းကင်ပေါ်က မိုးဆက်တွေ ခြောက်ခန်းမှ အဲဒီသမိုင်းကို မင်းတို့ရမယ်။
တရားတဲ့သူ နိုင်ကြေးဟေ့......

ဂျင်မီ

ဂျပန်နိုင်ငံ တိုကျိုမြို့ အလင်းအိမ် မဂ္ဂဇင်းမှ ဖြန့်ချီထုတ်ဝေတဲ့ တောင်ကြီးထောင်မှာ ထောင်ဒဏ် ၆၅နှစ် မတရားဖမ်းဆီး ချုပ်နှောင်ခံနေရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီရဲ့ ဝဲသြဃမှာ တေးသံပြိုင်လို့ စာအုပ်ကို ကိုဂျင်မီ+ မနီလာသိန်း တိုရဲ့ သမီးလေး ဖြူနေခြည်မင်းယုရဲ့ ဧပြီလ ၁၂ရက်နေ့မှာ ကျရောက်တဲ့ (၃)နှစ်ပြည့် မွေးနေ့မှာ အမှတ်တရ ထုတ်ဝေလိုက်ပါတယ်။ နအဖအကျဉ်းထောင်တွေ ထဲက ဘဝတွေ.. နာကျည်းဖွယ်၊ ခံပြင်းဖွယ်၊ အံ့ကြိတ်ဖွယ်ရသမျိုးစုံပါဝင်တဲ့ အဆိုပါစာအုပ်၌ ဆရာမောင်စွမ်းရည်၊ ရဲဘော်ဖိုးသံချောင်း၊ ကိုဇွန်မှိုင်းတို့ အမှာစာရေးသားထားတဲ့ ကိုဂျင်မီရဲ့ စာအုပ်ကို အလင်းအိမ်စာပေမှ ထုတ်ဝေဖြန့်ချီပါတယ်။ အမှတ်တရ သိမ်းဆည်းထားသင့်တဲ့ ကိုဂျင်မီရဲ့ စာအုပ်ကို ဝယ်ယူ အားပေးလိုရင်တော့....

အလင်းအိမ်မဂ္ဂဇင်း
Alineain
Tokyo Shinjuku_ku ,
Takanadobaba 3_7_10
Higari Bld 303
Post Code 169_0075
Tel_(81)3_6313_4178
Fax _(81)3_3915_6443
E mail aalinneain@yahoo.com
http://www.alineain.com
http://www.alineain.net
http://www.luminarymagazine.wordpress.com

Tel... 080-5070-0080
080-3574-9700
090-9954-5070
090-6528-9292
090-7198-4763

ဂျပန်နိုင်ငံမှ စာဖတ်ပရိသတ်များအတွက် တစ်အုပ်လျှင် ယန်း ၅၀၀ နှုန်းဖြင့် ဝယ်ယူရရှိနိုင်ပါသည်... အသေးစိတ်သိလိုလျှင် အလင်းအိမ်မဂ္ဂဇင်းသို့ တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ပါသည်။